ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်မှာ စစ်ကောင်စီ အထိုင်တပ်တွေကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်လို့ ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား၄ ယောက် သေဆုံးခဲ့ကြောင်း ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇွန်လ ၁၄ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့အခြေစိုက် အမှတ် ၃၀၇ ရွှေဝါတပ်ရင်းကနေ  လက်နက်ကြီး ၁၂၀ မမတွေ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

လက်နက်ကြီးကျည်တွေဟာ ပဲနွယ်ကုန်းမြို့၊ သတိပဌာန်ရပ်ကွက်က ရွှေချောင်းကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ကျေးရွာနေ  အသက် ၂၈ နှစ်အရွယ် မစုမွန်လှိုင်ဆိုသူနဲ့ အသက်၆နှစ်အရွယ် မောင်စစ်သွေးသူရပိုင်တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အသက် ၄၆ နှစ်အရွယ် ဦးကျော်သူရ ဆိုသူ အမျိုးသား ၁ယောက်လည်း လက်နက်ကြီး ထိမှန်ကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ပဲခူးခရိုင် ပကဖက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ညနေပိုင်းမှာပဲ စစ်ကောင်စီရဲ့ ပိန်းဇလုပ် ၂၆၄ တပ်ကနေပါ လက်နက်ကြီး ၁၂၀ မမတွေ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောက်တံခါးမြို့နယ်အတွင်းက တောင်ခင်အုပ်စု၊ နွားရေချောင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဒီတစ်ခါမှာလည်း လက်နက်ကြီးတွေ ထိမှန်ခဲ့လို့ နွားရေချောင်းကျေးရွာနေ အသက် ၆၅ နှစ်အရွယ် ဒေါ်မြခင်နဲ့ အသက် ၃၉ နှစ်အရွယ် ကိုစိုးသူတို့ နေရာတင် သေဆုံးခဲ့ကြောင်း သိရပါတယ်။

“မနေ့က တစ်ရက်တည်း ပစ်တာမှာ ၄ ဦး သေတဲ့အထဲ ကလေးတစ်ဦးပါပါတယ်” လို့ ပဲခူးခရိုင် ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်တပ် မတရားအာဏာသိမ်းပြီးချိန်ကစလို့ ကျောက်တံခါးမြို့နယ်အတွင်း ကျေးရွာတွေမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၂၀ ကျော်သေဆုံးထားပြီး အယောက် ၅၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးခရိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။

စစ်တပ်လက်နက်ကြီး ထိမှန်ခဲ့သူများ (ဓာတ်ပုံ ပဲခူးပကဖ)

0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ ဆိပ်ညံရေတင်ရုံး ခေါ် ရေကြောင်းစစ်ဆေးရေးဂိတ် ဒရုန်းဖြင့် ဗုံးကြဲခံရပြီး အကြမ်းဖက်စစ်သား ၃ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ ရေကြောင်းစစ်ဆေးရေးဂိတ်ကို ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂ ယောက် ရှိခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး အမှိုက်ပုံကျေးရွာ ဥက္ကဋ္ဌဟောင်းနှင့် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ယူမာကျေးရွာရှိ အဲဗားဝင်းနားကုမ္ပဏီ‌ ရွှေမျောခြံအတွင်း စခန်းချနေတဲ့ စစ်အုပ်စုဟာ ဇူလိုင်လ ၁၂ ရက် ညနေပိုင်းမှာ ကားနဲ့ လှည့်ပတ်လာစဥ် KIA/KPDF တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

မြန်မာနိုင်ငံတွင် လူ ၃ ဦးမှာ ၁ ဦး အစာရေစာ ဝဝလင် မစားနိုင်တော့ … ဆာလောင်မွတ်သိပ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရသည့် လူဦးရေ ပဉ္စမမြောက် အများဆုံးရှိနေတဲ့ နိုင်ငံဖြစ်လာ…

မြန်မာနိုင်ငံဟာ လူ ၃ ဦးမှာ ၁ ဦး အစာရေစာ ဝဝလင် မစားနိုင်တော့ဘူးလို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ အဆိုပါထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၆.၇ သန်းဟာ ဝမ်းရေး မဖူလုံမှုကို ရင်ဆိုင်နေရပြီဆိုတာကို ပြသနေပြီး ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ပမာဏ ၁၃.၃ သန်းနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ တိုးမြင့်လာတာဖြစ်တယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP က ဆိုပါတယ်။
Read More

၈ လနီးပါးအကြာမှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည့် အင်းတော်မြို့သိမ်းတိုက်ပွဲမှ လက်နက်ကြီး၊ လက်နက်ငယ်များ အများအပြား သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်က အင်းတော်မြို့သိမ်းတိုက်ပွဲဟာ စစ်ဆင်ရေးစတင်ပြီး ၈ လအကြာမှာတော့ တစ်မြို့လုံးကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

နိုင်ငံစီးပွားရေးကျဆင်းမှု၏ တရားခံ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က GDP တိုးတက်အောင်လုပ်ကြရန် ပြောကြား

အာဏာသိမ်းလိုက်လို့ ကျဆင်းသွားတဲ့ နိုင်ငံစီးပွားရေးကို မြှင့်တင်ဖို့အတွက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွေ့ဆုံပွဲမှာ ပြည်တွင်းထုတ်လုပ်မှု  (GDP) တိုးတက်အောင် လုပ်ကြဖို့ ပြောဆိုခဲ့ပါတယ်။
Read More

လှော်ကားနယ်မြေရဲစခန်းထဲ ဝိုင်းဖွဲ့အရက်သောက်နေချိန် လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းကို နိုဝင်ဘာ ၁၃ ရက် မနေ့က ညပိုင်းမှာ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တွေ လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။