ချင်းပြည်နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ် (ဗျူဟာကုန်း) အနီးတဝိုက်ကနေ စစ်ကောင်စီတပ်သား ၂၃ ယောက် ၅ ရက်တာအတွင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ 

CDF-Asho အနေနဲ့ နတ်ရေကန် ဗျူဟာကုန်းအနီး မီတာ (၁၅၀၀) ပတ်လည် နတ်ရေကန်လမ်းဟောင်း ဖြတ်တောက် တိုက်ခိုက်ရေး လုပ်နေချိန် ဇွန်လ ၈ ရက်ကနေ ဇွန်လ ၁၂ ရက်အထိ ၅ ရက်တာအတွင်း စစ်ကောင်စီတပ်သား ၂၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ 

“ဖမ်းမိတာ ၂၃ ယောက်လုံးက စစ်မှုထမ်း တပ်သားတွေပါ။ သူတို့တွေကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပါတယ်” လို့ ချင်းကာကွယ်ရေးတပ်(အရှို) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။ 

ဖမ်းဆီးရမိထားသူတွေဆီကလည်း MA-1 သေနတ် (၅) လက်၊ MA-3 သေနတ် (၃) လက်နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက် ဆက်သွယ်ပြီး အမြန်ဆုံးအလင်းဝင်ဖို့ကိုလည်း  ချင်းကာကွယ်ရေးတပ်(အရှို) က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့က တောင်ခမ်းအမြောက်တပ်စခန်း (၃၅၄) နဲ့ (၉၀၂) တပ်စခန်းမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းနှင့် စစ်တပ်တပ်စွဲထားသည့် ဆေးရုံတို့ကို ဒရုန်းဖြင့် ဗုံးကြဲ၊ ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ ကျောက်ရစ်ရဲစခန်းနဲ့ ဆေးရုံတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung က မနေ့က ထုတ်ပြန်ပါတယ်။
Read More

လားရှိုးမြို့ကို စစ်ကောင်စီက ဒီမနက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် - MNDAA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၂ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ်အပြီး စစ်ကောင်စီက စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းနှင့် မိုးကုတ်တို့ကို အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေ

မန္တလေးတိုင်းအတွင်း မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့ကို အကြမ်းဖက်စစ်ကောင်စီက ထိတွေ့တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေရာ အရပ်သားထိခိုက်မှုတွေ ရှိနေကြောင်း သိရပါတယ်။ 
Read More

BGF နဲ့ DKBA တပ်ဖွဲ့ဝင်များ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဝတ်စုံသာ ဝတ်ရတော့မယ်လို့ သတင်းထွက်ပေါ်

ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်ရဲ့ အစိမ်းရောင် စစ်ယူနီဖောင်းကိုသာ ဝတ်ရတော့မယ်လို့ အမိန့်ထုတ်ထားကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။ “သူတို့ စစ်တပ်ယူနီဖောင်း အစိမ်းဝတ်မှ စစ်တပ်က လက်ခံမှာလို့ ပြောတယ်။ BGF ပျောက်ကြားတွေ၊ ကွန်ပျူတာကွက်တွေ၊ အဝါကွက်တွေ ဝတ်လို့ မရတော့ဘူးတဲ့။ စစ်တပ်လို အစိမ်းဝတ်မှတဲ့။ ဒီနေ့ပဲ သတင်းထုတ်ပြန်တာ” လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

အမ်း-စစ်တွေ ကားလမ်းဘေးက ကျေးရွာ ၇ ရွာကို အကြမ်းဖက်စစ်တပ် ရွှေ့ပြောင်းခိုင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အမ်း-စစ်တွေ ကားလမ်းအနီးမှာရှိတဲ့ ကျေးရွာ ၇ခုကို အကြမ်းဖက်စစ်တပ်က ချက်ချင်းပြောင်းရွှေ့ခိုင်းတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွါ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။