မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ လိုင်စင်မဲ့ဆိုင်ကယ်မောင်းနှင်မှုကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ဦးဝင်းဇော်ဟာ စစ်သားနဲ့ရဲတွေ ဖမ်းဆီးပြီးနောက် ၅ ရက်အကြာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့မှာ ဦးဝင်းဇော်ဆိုသူဟာ လိုင်စင်မဲ့ယာဉ် မောင်းနှင်မှုကြောင့် ဖမ်းဆီးခံရကြောင်း၊ ဖမ်းဆီးစဉ်မှာ စကားများမှုတွေရှိခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

“သူက ဘေးတွဲမောင်းတာ လိုင်စင်မဲ့ဆိုတော့ ဖမ်းခံလိုက်ရတာ။ အဲ့မှာ ဖမ်းတဲ့အချိန်မှာ သူက ဘာကြောင့်ဖမ်းတာလဲ ဘာညာပြန်ပြော ပြန်မေးပြီး စကားများတာတွေ ရှိခဲ့တယ်” လို့ ဦးဝင်းဇော်ရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

အဲဒီနောက်မှာ ဦးဝင်းဇော်ကို ဇွန်လ ၆ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးခဲ့ကြောင်း၊ နောက်ထပ် ဇွန်လ ၉ ရက်နေ့ ရုံးထုတ် စစ်ဆေးချိန်မှာတော့ ဦးဝင်းဇော် ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားကြောင်း မိသားစုထံကို ရဲစခန်းကနေ ဖုန်းနဲ့ ဆက်သွယ်လာတယ်လို့ သိရပါတယ်။

“ပထမတစ်ခါ ရုံးထုတ်စစ်ဆေးတုန်းကလည်း မိသားစုဝင်တွေကို သူနှိပ်စက်ခံရကြောင်း ပြောသွားတယ် သိရတယ်။ ပြီးတော့ ၉ ရက်နေ့ ရုံးထုတ်ဖို့ ကားနဲ့ လာတဲ့လမ်းမှာ ဦးနှောက်သွေးကြောပြတ်တယ်ဆိုပြီး ဆက်သွယ်လာတာပဲ” လို့ ဆိုပါတယ်။

သေဆုံး ရုပ်အလောင်း သွားထုတ်ရာမှာတော့ ဦးဝင်းဇော်ရဲ့ ဦးခေါင်းခွံနဲ့ ကျောဘက်တွေမှာ ညိုမဲဒဏ်ရာ တွေ့ရတယ်လို့ သိရပါတယ်။

“သထုံမှာ လိုင်စင်မဲ့ယာဉ်မောင်းကို ဖမ်းပြီး သေတဲ့ အထိဖြစ်တာ ဒါ ပထမဆုံးပါပဲ၊ ဦးဝင်းဇော် မိသားစုတွေကိုလည်း ချိန်းခြောက်ထားတယ်။ ပြီးတော့ ရဲစခန်းကနေ လျော်ကြေးသဘောမျိုး ငွေ ၂သိန်းလည်း လာပေးသွားတယ်” လို့ ဦးဝင်းဇော်မိသားစုနဲ့ နီးစပ်သူက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-မန္တလေး လမ်းပိုင်းရှိ စစ်တပ်စခန်းမှ ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက်နှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာ- မန္တလေး လမ်းပိုင်းမှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းမှ ဒုတပ်ကြပ် ၁ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Urban Hunter Force - UHF က ထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးနဲ့ သိန္နီက စစ်ရှောင်တွေအတွက် ရိက္ခာ နဲ့ အသုံးအဆောင်တွေ ထောက်ပံ့ (ဓာတ်ပုံသတင်း)

လားရှိုးမြို့နယ်နဲ့ သိန္နီမြို့နယ်တို့က စစ်ရှောင်ပြည်သူတွေအတွက် Lashio F.Y.O ပရဟိတအဖွဲ့က စားနပ်ရိက္ခာနဲ့ အသုံးဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲခံထားရတဲ့ စစ်သား (၄) ဦး K.N.L.A တပ်ရင်း (၉) ထံ လက်နက်ချအလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ဆီကို အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်း စစ်သား (၄) ယောက် လက်နက်ချအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU ( ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဂုတ်ထိပ်တံတား ဖျက်ဆီးခံရမှု ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု တစ်နိုင်ငံလုံးကို ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်း ပြော

သက်တမ်း ၁၂၀ ကျော်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။
Read More

ဝက်လက်တွင် စစ်သင်္ဘောများကို ကာကွယ်နိုင်ရေး ဗုံးကြဲမှုကြောင့် ဒေသခံ ၁၅ ဦး သေဆုံး၊ ၂၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ Y12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြစ်ကမ်းနံဘေး ကျေးရွာ၃ရွာက အရပ်သား ၁၅ ယောက် ထိခိုက်သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

နမ္မတူမြို့ထဲ စစ်တပ်ဗုံးကြဲ၊ ပြည်သူ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ကို စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ယောက် သေဆုံးပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။