မွန်ပြည်နယ်၊ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ်မှာ လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ်ရှိ ရောင်ဒေါင်းရွာနဲ့ နှီးဗဒေါရွာကြားမှာ ဇွန်လ ၁၁ ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လမ်းလုံခြုံရေးအတွက် FAW ကားနဲ့ ကင်းလှည့်ချိန် မုဒုံမြို့နယ်အခြေချ ရာမညမွန်တပ်တော် (NMSP-AD/RMA) က အနီးကပ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်နာရီခန့် နှစ်ဖက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ရာမညမွန်တပ်တော်အနေနဲ့ လက်ဦးမှုရယူနိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်က အများအပြားသေကြေ၊ ဒဏ်ရာရရှိမှုရှိခဲ့တယ်လို့  ကနဦး သိရပြီး သေကြေဒဏ်ရာရတဲ့ အသေးစိတ်ကို စီစစ်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

သံဖြူဇရပ်မြို့နယ်နဲ့ မုံဒုံမြို့နယ်တစ်ဝိုက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လိုင်စင်မဲ့ယာဥ်တွေ ဖမ်းဆီးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်သူ့တွေရဲ့ မော်တော်ယာဥ်နဲ့ မော်တော်ဆိုင်ကယ်တွေကို အကြမ်းဖက်စစ်ဆေးငွေညှစ်ကာ စစ်ကောင်စီတပ်က လမ်းလုံခြုံရေးယူနေမှုတွေကြောင့် အခုလို တိုက်ပွဲဖေါ်ဆောင်ရတာဖြစ်တယ်လို့ ရာမညမွန်တပ်တော်က ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း ရာမညမွန်တပ်တော် (NMSP-AD/RMA) ကလည်း ဒုဗိုလ်တစ်ယောက် တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖမ်းဆီးမှုကို ပြန်လည်ခုခံသည့် ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်အပိုင်၊ ခွေးရဲချင်ရုပ်ကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင်ဟာ ဖမ်းဆီးခံရချိန် ပြန်လည်ခုခံခဲ့တဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

မြိုင်မြို့နယ် သန်းနုတောရွာကို စစ်အုပ်စု စက်တပ်လေထီးဖြင့် လာရောက်ပစ်ခတ်၊ ဒေသခံ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သန်းနုတောရွာကို စစ်အုပ်စုက စက်တပ်လေထီး နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိသလို နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ We Love Myaing က ထုတ်ပြန်ထားပါတယ်။
Read More

အမေရိကန်ရောက် မြန်မာများ ပြန်လာပြီး မဲပေးရန် ဇော်မင်းထွန်း ပြော

အမေရိကန်နိုင်ငံအစိုးရရဲ့ မြန်မာနိုင်ငံသားတွေ‌‌ကိုပေးထားတဲ့ ယာယီခိုလှုံခွင့် (TPS) ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုဘဲ မြန်မာနိုင်ငံပြန်လာပြီးတော့ မဲပေးနိုင်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ ပြောဆိုလိုက်ပါတယ်။
Read More

တပ်မှ ထွက်ပြေးကာ ရွာထဲ သေနတ်ဖောက် ခြိမ်းခြောက် အရက်တောင်းသောက်သည့် ဒုတပ်ကြပ် ၂ ဦးကို ဖမ်းဆီးရမိ

မကွေးတိုင်း၊ ကျောက်ထုမြို့အခြေစိုက် အမတ ၃၆၈ တပ်ကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ် ဒုတပ်ကြပ် ၂ ယောက်ကို ဒေသခံ ကာကွယ်ရေးတပ်တွေက ဖမ်းမိထားတယ်လို့ ယောအလင်းတန်းက ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ကို ပို့ထားတဲ့ စစ်သားတွေ အသေအပျောက်များမှု၊ ထွက်ပြေးနေမှုတွေကြောင့် စစ်မှုထမ်း အပတ်စဉ် (၇) အတွက် ဧရာဝတီတိုင်းမှာ ဖိအားပေးလုပ်ဆောင်နေ

ရခိုင်ပြည်နယ်စစ်မြေပြင်ကို ပို့ခံထားရတဲ့စစ်သားတွေဟာ အသေအပျောက်များနေကြသလို တချို့လည်း ထွက်ပြေးနေတာကြောင့် စစ်ကောင်စီကအတင်းအဓမ္မတပ်သားသစ် စုဆောင်းမှုကို ပိုမိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

ငလျင်ဒဏ်သင့် မန္တလေးရဲ့ နာမည်ကျော် စျေးချို တောင်/မြောက်တိုက်တန်းကြီးမှ အဆောက်အအုံများကို ဖျက်သိမ်းမည်

ငလျင်ဒဏ်သင့်ခဲ့တဲ့ မန္တလေးရဲ့ နာမည်ကျော် စျေးချိုတော်ရဲ့ နေရာအချို့မှာ ကြံ့ခိုင်မှု အားနည်းနေတာကြောင့် ဖျက်သိမ်းမှုတွေ ပြုလုပ်သွားမယ်လို့ စျေးအကျိုးတော်ဆောင်အဖွဲ့တွေထံက သိရပါတယ်။