ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြိုနယ်ရှိ ကျေးရွာအုပ်စု ၂ ခုမှ အရပ်သားပြည်သူ ၆ဝဝဝ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က  ဇွန်လ ၁၅ ရက်နောက်ဆုံးထားပြီး ကျေးရွာအတွင်းကနေ ထွက်သွားရမယ်လို့ မောင်းထုတ်ပြီး ဝင်ရောက်တပ်စွဲနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျေးရွာအတွင်းကနေ ထွက်ခွါဖို့ PNOပြည်သူ့စစ်က မောင်းထုတ်ခဲ့တဲ့ ကျေးရွာတွေဟာ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာနဲ့ တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော်၆ရွာ ၊ ကလားလမ်ရွာတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါကျေးရွာတွေမှ ဒေသခံအားလုံးဟာ ဇွန်လ ၁၅ ရက် နောက်ဆုံးထားပြီး ကျေးရွာအတွင်း ထွက်သွားရမှာဖြစ်ပြီး မထွက်သွားရင် တာဝန်မယူကြောင်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဇွန်လ ၇ ရက်မှာ ကျေးရွာတွေကို စာပို့လာတာဖြစ်တယ်လို့ PNLA က ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းကနေ ထွက်ခွါသူတွေအနေနဲ့လည်း တောင်ယာနဲ့ စစ်ဘေးရှောင်စခန်းမှာ သွားရောက်မနေထိုင်ဖို့နဲ့ ဆီဆိုင်မြို့နယ်၊ ဘုရားဖြူကျေးရွာ မွေတော်ဘုရားဝန်းဆီကိုသာ ထွက်ခွါသွားရမယ်လို့ PNO က ပို့လာတဲ့စာမှာ ဖော်ပြထားပါတယ်။

ကျေးရွာတွေကို ပေးပို့လာတဲ့ PNO ရဲ့ အကြောင်းကြားစာ

“သူတို့ PNO ကလည်း စစတုန်းက ပြည်သူလူထုကြားကနေ ပေါက်ဖွားလာခဲ့တာပါ ။ အခုလုပ်ရပ်က လူထုထောင်နဲ့ချီကို ဖမ်းလိုက်တဲ့သဘောပဲဗျ။ အခုတော့ စစ်တပ်ကို ကာကွယ်ရင်း ကိုယ်ကျိုးစီးပွါးအတွက်နဲ့ ပအိုဝ်းလူထုကို ပြန်မောင်းထုတ်တဲ့အဖွဲ့ဖြစ်နေပြီ။ လူထုကို ကျေးဇူးကန်းနေပြီ” လို့ ဒေသခံပြည်သူ ၁ ယောက်ရဲ့ ပြောကြားမှုကို PNLA က ဖော်ပြထားပါတယ်။

အဆိုပါကျေးရွာတွေထဲမှ အချို့ဟာ တော်လှန်ရေးနယ်မြေအတွင်းမှဖြစ်ပြီး ကျေးရွာအချို့ကတော့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ထိန်းချုပ်ထားတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ PNLA ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒေသခံတွေကို ကျေးရွာအတွင်းကနေ ထွက်သွားဖို့ မောင်းထုတ်တဲ့စာ ပေးပို့ပြီးနောက် ကျေးရွာအချို့မှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေ ဝင်ရောက်တပ်စွဲထားတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

အုတ်တွင်းတွင် ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူးနှင့် ရဲဘော်ကို စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ ပစ္စည်းသွားသယ်တဲ့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၂ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားကြောင်း သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းသိမ်းတိုက်ပွဲက ပြန်လာတဲ့ Venom စစ်ကြောင်းက ရဲဘော်များ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီရဲ့ စွယ်တော်ကုန်းအမြောက်တပ် စခန်းသိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ကော်ဘရာစစ်ကြောင်း ၂ (Venom) စစ်ကြောင်းက ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ယောကာကွယ်ရေးတပ်မှ စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းရဲဘော်များကို အောက်မေ့ရည်စူးပြီး ဆီမီးထွန်းဂုဏ်ပြုခြင်း အခမ်းအနား ပြုလုပ်

ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် - YDF က စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းရဲဘော်တွေကို အောက်မေ့ရည်စူးပြီး ဆီမီးထွန်းဂုဏ်ပြုတဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ YDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်းနဲ့ နေအိမ် (၁)လုံး ထိခိုက်ပျက်စီး၊ ရဟန်း (၁)ပါး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၂၇) လုံးနဲ့ လေယာဉ် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း (၁)လုံးနဲ့ နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး ရဟန်း (၁)ပါး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ နိုင်ပြီ…

ဒီကနေ့ညမှာ ကျင်းပတဲ့ One Championship မွေထိုင်းပွဲစဥ်မှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ က ထိုင်းဖိုက်တာ ဂျူနီယာဖဲတက်စ်ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူသွားပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မသန်စွမ်းဖြစ်ရတဲ့ အရပ်သားပြည်သူအရေအတွက် နေ့စဉ်တိုးလာနေ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက မသန်စွမ်းသူတွေဟာ စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို အဓိကခံစားနေရကြောင်း  ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။