မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ ခလရ ၅၀ တပ်ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက မြို့အနောက်ဘက် မန်ကျည်းခင်ရွာဆီ အချိန်မတော် ဝင်ရောက်စီးနင်းရင်းကိုယ်ဝန်ဆောင်သည်အပါ အရပ်သား ၁၀ ယောက်ထက်မနည်းကို အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဗျူဟာမှူး လှမျိုးထွဋ် ဦးဆောင်တဲ့ အထက်ပါ ပူးပေါင်းစစ်ကြောင်းဟာ မြစ်သာမြစ်အနောက်ဖက်ခြမ်းက မန်ကျည်းခင်ရွာကို ဇွန်လ ၈ ရက် ဒီနေ့ မနက် ၂ နာရီအချိန်လောက်မှာ ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။

အရပ်သားတွေကို ဖမ်းဆီးထားတဲ့ အထက်ပါစစ်ကြောင်းဟာ လက်ရှိအချိန်အထိ ဂန့်ဂေါမြို့ခလရ ၅၀ တပ်ဆီ ပြန်လည်ဝင်ရောက်ခြင်းမရှိသေးကြောင်း၊ ဂန့်ဂေါတစ်နယ်လုံး ဖုန်းလိုင်းတွေပြတ်တောက်နေကြောင်း ကိုမင်းဒဿက ပြောပါတယ်။

“စစ်ကြောင်းကို ခလရ ၅၀ က ဗျူဟာမှူး လှမျိုးထွဋ်ဦးစီးတာ။ အဲ့လူက ရခိုင် နမခ ၅ ကနေ မကွေး၊ မကွေးကနေမှ ဂန့်ဂေါရောက်လာတာ။ ဖုန်းလိုင်းတွေပြတ်​နေတော့ အခုထိစစ်​ကြောင်း ရောက်တဲ့နေရာကိုအတည်မပြုနိုင်သေးဘူး။ ဒါကြောင့် ဖမ်းခံထားရတဲ့သူတွေပြန်လွတ်မလွတ်မသိရသေးပါဘူး။ စစ်ကြောင်းနဲ့ပဲအတူရှိနေဦးမယ်ထင်တယ်” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။

အရပ်သားတွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ အကြမ်းဖက်စစ်တပ်ထောက်ခံတဲ့ မီဒီယာတချို့မှာ တော်လှန်ရေးကျေးရွာတစ်ရွာကို ဝင်ရောက်စီးနင်းရင်း လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိကြောင်း ဖော်ပြရေးသားတာမျိုးတွေ ရှိနေပါတယ်။

ဒီဖြစ်စဥ်အပေါ် စစ်ကြောင်းကိုဦးစီးတဲ့ ဗျူဟာမှူး လှမျိုးထွဋ်ကတော့ ကျေးရွာပကဖ တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ဖမ်းဆီး သတ်ဖြတ်ဖို့ဖြစ်ကြောင်းနဲ့ တပ်ဖွဲ့ဝင်တွေ မဖမ်းမိတာကြောင့် အရပ်သားတွေကို အကြောင်းမဲ့ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း၊ နောက်ထပ်လည်း ထပ်မံလုပ်ဆောင်သွားမှာဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ ရေးတင်ထားပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စု အထိုင်ချနေရာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ အထိနာသည့်စစ်တပ် လူအင်အား ဖြည့်တင်းကာ ရွာများကို စီးနင်းမီးရှို့

စစ်ကိုင်းတိုင်း၊ မြင်းမှုမြို့နယ်မှာ ဘုန်းကြီးကျောင်းဝန်းထဲ တပ်စွဲနေတဲ့ စစ်အုပ်စုတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကော်မရှင်က အနီးအနားကျေးရွာတွေထဲ စစ်ကြောင်းဝင် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Aung Tha Pyay Nyi Naung (Local PDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

လျှပ်စစ်မီးပင် လုံလောက်စွာ မပေးနိုင်တဲ့ မင်းအောင်လှိုင်က တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် AI နည်းပညာကို အသုံးပြုရမယ်လို့ဆို

တိုင်းပြည်ကို လျှပ်စစ်မီးပင် လုံလောက်စွာ မပေးနိုင်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် AI နည်းပညာနဲ့ တိုင်းပြည်ရဲ့ဖွံ့ဖြိုးရေးမှာ အသုံးချရမယ်လို့ ပြောကြားလိုက်ပါတယ်။
Read More

ကျောက်မဲမြို့နယ်တွင် စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်(၄) လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားတဲ့ ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံး(၂) လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု နေအိမ် (၄) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူတွေရဲ့ အားကြိုးမာန်တက် ထောက်ခံမှုကြောင့် ဦးကျော်မိုးထွန်း ကုလစင်မြင့်မှာဆက်လက်ရှိနေခဲ့တယ်လို့ GSCB ထုတ်ပြန်

ပြည်သူတွေရဲ့  တောင်းဆိုမှုတွေကြောင့်  ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်ခွင့်ရခဲ့မှုကို ထောက်ခံဂုဏ်ပြု ကြိုဆိုတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB ကထုတ်ပြန်ပါတယ်။
Read More

တောင်ကိုးရီးယားတွင် ပြုလုပ်ခဲ့သည့် စစ်ရှောင်ရန်ပုံငွေ ဖျော်ဖြေပွဲမှ ကျပ်သိန်း ၉၀၀ နီးပါး ရရှိ

တောင်ကိုရီးယားမှာ စစ်ရှောင်ကူ ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲကို LGBTQ+ တို့နဲ့အတူ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး စုစုပေါင်း ရန်ပုံငွေ (27,936,000 Won) ၊ မြန်မာငွေ ကျပ်သိန်း၉၀၀ နီးပါး ရရှိခဲ့တယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။
Read More

ဒီပဲယင်းမြို့နယ် ပြည်သူ့အခြေပြုစာသင်ကျောင်းများမှာ လုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ဒေသခံပညာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းတွေမှာ ကလေးငယ်တွေ လုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ဒေသခံပညာရေးဝန်ထမ်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။