အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ စစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF ထားဝယ် ခရိုင် အမှတ် (၁) တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။

အဓမ္မစစ်မှုထမ်းသင်တန်းဆင်း စစ်သားဟာ အလင်းဝင်လာချိန်မှာ MA-1 တစ်လက်၊ ကျည်ဘောက် ၆ ခု၊ ကျည်ဆံ အတောင့် ၁၅၀ နဲ့ ၁၄မိုင်း တစ်လုံးတို့ကို ယူဆောင်လာတယ်လို့ သိရပါတယ်။

ထားဝယ်ခရိုင် တပ်ရင်း ၁ အနေနဲ့ အလင်းဝင်လာတဲ့ စစ်သားကို လူ့ဂုဏ်သိက္ခာနဲ့အညီ ဖေးမ ကူညီ ကြိုဆိုခဲ့ပြီး ဆုငွေကျပ် သိန်း ၅၀ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်သားတွေ၊ အဓမ္မစစ်သားစုဆောင်းခံရသူတွေအနေနဲ့ အလင်းဝင်ရောက်မယ်ဆိုရင် ထားဝယ်ခရိုင်တပ်ရင်း အမှတ် (၁) နဲ့ ဆက်သွယ်ပြီး အလင်းဝင်ရောက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

TNLA က အကျင့်စာရိတ္တပြုပြင်ရေးကျောင်း ဖွင့်လှစ်ပြီး ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေ

TNLA က သူတို့ထိန်းချုပ်ထားတဲ့ မြို့ရွာတွေမှာ အကျင့်စာရိတ္တပြုပြင်ရေးကျောင်း ဖွင့်လှစ်ပြီး မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူတွေကို ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ကာ ပြုပြင်ပေးနိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပြည်သူလူထု လေကြောင်းရန်ကာကွယ်ရေးအတွက် MDY-PDF အရေးပေါ် ဗုံးခိုကျင်းများ ဆောက်လုပ်ပေးနေ

မန္တလေးတိုင်းထဲက မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

စစ်ကောင်စီ သေဒဏ်ချထားတဲ့ CDM ရေတပ်သား ကိုပြည့်စုံဦး အင်းစိန်ထောင်ထဲမှာပဲ ကွယ်လွန်

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ သေဒဏ်ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုပြည့်စုံဦးဟာ အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားပြီဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ဖားကန့်မြို့နယ် မလောင်ရွာကို စစ်တပ် ဗုံးကြဲမှုကြောင့် မိသားစုဝင် ၃ဦး သေဆုံးကာ လသားအရွယ်ကလေးငယ် ၁ဦးသာ ကျန်ရစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မလောင်ကျေးရွာထဲကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၇ရက် မနေ့ည ၁၀ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်ကော်မရှင်က ဒရုန်းနဲ့ ဗုံးသီး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ရာ မလောင်ရွာထဲက နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး မိသားစုဝင် ၄ယောက်ထဲက ၃ယောက် သေဆုံးကာ လသားအရွယ် ကလေးငယ်တစ်ယောက်သာ ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

ကနီမှာ လူထုတွေ့ဆုံပွဲနှင့် လေကြောင်းအန္တရာယ် အသိပညာပေးပွဲများ ပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း တစ်နေရာမှာ ကနီမြို့နယ် ပြည်သူ့အခြေပြု ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ပြည်သူလူထုနဲ့အတူ မျက်မှောက်တော်လှန်ရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တပ်ခွဲမှူး ကျဆုံး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။