အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ပွဲစားဖြစ်တဲ့ International Gateways Group of Companies တည်ထောင်သူ ဒေါက်တာနိုင်ထွဋ်အောင်နဲ့ ဇနီးဒေါက်တာဝေဝေရင်တို့ရဲ့ “ကွန်းခိုရာ” မိသားစုဟာ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ မန္တလေး မဟာမုနိဘုရားအတွက် ရွှေ ၃ ပိဿာ နဲ့ ကျပ်သိန်း ၂၆၀၀၀ လှူဒါန်းခဲ့တယ်လို့ မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မဟာမုနိဘုရားရဲ့ ပျက်စီးသွားတဲ့ စိန်ဖူးတော်အသစ်ပြုလုပ်ဖို့ ၊ အရှေ့စောင်းတန်းခါးပြတ်ပြာသာဒ်နဲ့ ကျောင်းတော်ကြီးတိုင် (၆) တိုင် ပြန်လည်တည်ဆောက်ပြုပြင်ဖို့အတွက် လှူဒါန်းထားကြောင်းကိုလည်း ရေးသားဖော်ပြထားပါတယ်။

အဆိုပါ လှူဒါန်းငွေတွေကို အကြမ်းဖက်စစ်အုပ်စုရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ ဂေါပကအဖွဲ့က လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။

‌အခုလို ဘာသာရေးအတွက် လှူဒါန်းမှုတွေ လုပ်ဆောင်ပြနေတဲ့ ‌ဒေါက်တာ နိုင်ထွဋ်အောင်ဟာ တစ်ဖက်မှာလည်း မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ဆုံးရှုံးစေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေထဲမှာ ဆက်နွယ်ပါဝင်နေသူ ဖြစ်ပါတယ်။

နေ့စဉ် မြန်မာပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲနေတဲ့ အကြမ်းဖက်စစ်တပ်အတွက် လေယာဉ် စက်ပစ္စည်းတွေ တင်သွင်းပေးသလို စစ်လက်နက်ပွဲစားအဖြစ် လုပ်ကိုင်ရင်း ချမ်းသာကြွယ်ဝလာသူဖြစ်ကြောင်း စစ်အုပ်စုနဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို စောင့်ကြည့်ဖော်ထုတ်နေတဲ့ Justice For Myanmar (JFM) ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ‌ဒေါက်တာ နိုင်ထွဋ်အောင် ပိုင်တဲ့ International Gateways Group of Companies ဟာ အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ မိသားစုနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ ဆိုကြပါတယ်။

အမေရိကန်နိုင်ငံကနေ ဒဏ်ခတ်ပိတ်ဆို့ အရေးယူကြောင်းကြေညာထားတဲ့ ‌ဒေါက်တာ နိုင်ထွဋ်အောင်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို ထောက်ခံအားပေးသူတွေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ထုတ်ပြန်ထားတဲ့ ခရိုနီလုပ်ငန်းရှင်များ စာရင်းမှာလည်း ပါဝင်နေသူ ဖြစ်ပါတယ်။

(ဓာတ်ပုံ မဟာမုနိ ‌ဂေါပကအဖွဲ့)

0 Shares:
You May Also Like
Read More

ရေဘေးသင့် ဒေသတွေကို ကူညီဖို့ အမေရိကန်က ဒေါ်လာသုံးသန်းထပ်မံ ထောက်ပံ့

နိုင်ငံတစ်ဝန်းက ရေဘေးသင့်ဒေသက ပြည်သူတွေအတွက် အမေရိကန်က ဒေါ်လာသုံးသန်း ထပ်မံ ထောက်ပံ့ကူညီလိုက်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက အသိပေး ထုတ်ပြန်ပါတယ်။
Read More

အမ်း-ပဒါန်းလမ်း နတ်ရေကန်နားမှာ ထိတွေ့တိုက်ပွဲ စလာတဲ့ AA နဲ့ စစ်ကောင်စီ 

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်ဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်စခန်းနားမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ စတင်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ဂန့်ဂေါမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်း ပြုလုပ်ပေးခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဘေးဒဏ်ခံစားနေရသည့် ပြည်သူများကို ကူညီကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများ ပကဖ ဆောင်ရွက်နေ

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး(ပ.က.ဖ) အဖွဲ့တွေဟာ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ကူညီကယ်ဆယ်ထောက်ပံ့ရေး နဲ့ ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မြိုင်က ကျေးရွာတွေမှာ မဖြစ်မနေ ဗုံးခိုကျင်းတွေတူးထားဖို့ မြိုင်ပကဖ က ထုတ်ပြန်ညွှန်ကြား

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာတွေမှာ လေကြောင်းရန်ကာကွယ်ဖို့ ဗုံးခိုကျင်းများ ကြိုတင်ပြီး မဖြစ်မနေတူးထားဖို့  မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မတ်လ ၃ ရက်နေ့ မနေ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

KIA ပစ်ချမှုကြောင့် စစ်ရဟတ်ယာဉ် ၁ စီး ထိမှန်ပျက်ကျခြင်း စက်ချို့ယွင်းပြီး ပျက်ကျသည်ဟု စစ်ကောင်စီ လိမ်လည်ထုတ်ပြန်

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ် ပစ်ချမှုကြောင့် ပျက်ကျသွားတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ရဟတ်ယာဉ်ကို စက်ချို့ယွင်းမှုကြောင့် ပျက်ကျတယ်လို့ စစ်ကောင်စီက မနေ့က ညပိုင်းမှာ လိမ်လည်သတင်းထုတ်ပြန်ထားပါတယ်။