အမေရိကန်ကိုရောက်ပြီးနောက် ရက်ကျော်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ များပြားနေတာကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်လိုက်တယ်လို့ အိမ်ဖြူတော်က သမ္မတထရမ့် လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်ကို မနေ့က ထုတ်ပြန်ပါတယ်။

အမေရိကန်ရောက် မြန်မာတွေအနေနဲ့ အလည်အပတ်ဗီဇာနဲ့ ပညာရေးဗီဇာတွေကို အများဆုံးကျော်လွန်နေထိုင်ပြီး ပညာရေးဆိုင်ရာ ဗီဇာကိုင်ဆောင်သူတွေက ရက်လွန် နေထိုင်သူရဲ့ ၄၂.၁၇ ရာခိုင်နှုန်းရှိပြီး စီးပွားရေးဆိုင်ရာနဲ့ ခရီးသွားဗီဇာတွေက ရက်ကျော်နေထိုင်သူတွေက ၂၇.၇ ရာခိုင်နှုန်း အထိ ရှိတယ်လို့ ဆိုပါတယ်။

အခုလို ပိတ်ပင်တာဟာ အမေရိကန်နိုင်ငံသားတွေကို နိုင်ငံခြားသားတွေရဲ့ အကြမ်းဖက်ခံရမှုတွေဆီကနေ အကာအကွယ်ပေးဖို့နဲ့ အမျိုးသားလုံခြုံရေးအတွက် ဖြစ်တယ်လို့ ဆိုထားပါတယ်။

အမေရိကန်က ပြည်ဝင်ခွင့်ပိတ်တဲ့ စာရင်းမှာ မြန်မာအပါအဝင် အာဖဂန်နစ္စတန်၊ ချက်၊ ကွန်ဂို၊ အီကွေတာတို့ရား ဂီနီ၊ အီရီတရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမားလီယား၊ ဆူဒန် နဲ့ ယီမင် စတဲ့ နိုင်ငံတွေ ပါဝင်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Getty Images)
0 Shares:
You May Also Like
Read More

ကိုးကန့်သူဌေး မြီမိသားစုဝင်များအပါအဝင် ၁၁ ဦးကို တရုတ်တရားရုံး သေဒဏ် အမိန့်ချ၊ အခြား ၅ ဦးကို ၂ နှစ်ဆိုင်းငံ့ သေဒဏ် ချမှတ်

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့် ဒေသမှာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ တခြား ဒုစရိုက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ မြီမိသားစုတွေအပါအဝင် ဂိုဏ်းသား ၁၁ ယောက်ကို တရုတ်က သေဒဏ် ချမှတ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Read More

TNLA ဖမ်းမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၆ ဦးအား တရုတ်အစိုးရထံ လွှဲပြောင်းပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ကိုင်သူ ၁၆ယောက်ကို တရုတ်အစိုးရထံ ဒီနေ့မနက်မှာ လွှဲပြောင်းပေးခဲ့ကြောင်း တအာင်းတပ် TNLA က ထုတ်ပြန်ပါတယ်။
Read More

မြန်မာစစ်တပ် ဆုံးရှုံးနယ်မြေတချို့ ပြန်ရယူခဲ့ကြောင်း အစိရင်ခံစာပြော၊ နယ်မြေအများစုကို တော်လှန်ရေးတပ်များက ဆက်လက်ထိန်းချုပ််ထားဆဲဟု သုတေသီဆို

မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ငါးနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအဖွဲ့များထံ ဆုံးရှုံးခဲ့ရတဲ့ နယ်မြေအချို့ကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း အစီရင်ခံစာတရပ်မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ နယ်မြေအများစုကတော့ တော်လှန်ရေးအင်အားစုတွေရဲ့ လက်ထဲမှာ ဆက်ရှိနေဆဲဖြစ်တယ်လို့ သုတေသီက ဆိုပါတယ်။
Read More

ထိုင်းနိုင်ငံ၊ ရတ်ချာဘူရီတွင် တရားမဝင် မြန်မာလုပ်သားများ တင်ဆောင်လာသည့်ကား တိမ်းမှောက်ပြီး ၉ ဦး သေဆုံး

ထိုင်းနိုင်ငံ၊  ရတ်ချာဘူရီ Pak Tho ခရိုင်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစ်စီး မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၉ ယောက် သေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

ရွေးကောက်ပွဲ အကြောင်းပြ ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေ မြန်မာပြည်လာရောက်မယ်ဆိုခြင်းဟာ အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်းဟု NUCC ထုတ်ပြန်

မြန်မာပြည်က ရွေးကောက်ပွဲကိုလာရောက်လေ့လာမယ့် ရုရှားနိုင်ငံက အဖွဲ့တွေကို လုံခြုံရေးပေးဖို့ လက်နက်ကိုင်လုံခြုံရေးတပ်သားများစေလွှတ်ခြင်းဟာ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ထုတ်ပယ်ခံရပြီး သူမ၏  အစိုးရအဖွဲ့ပါ ဖျက်သိမ်းခံရ

ဟွန်ဆင်နဲ့ ဖုန်းပြောဆိုထားတဲ့ အသံဖိုင်ပေါက်ကြားမှုကြောင့် တရားရင်ဆိုင်နေရတဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာကို အပြစ်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဩဂုတ်လ ၂၉ ရက်မှာ အမိန့်ချလိုက်ပါတယ်။