ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတည်ဆောက်ဖို့ ဆွေးနွေးမှုတွေအတွင်း ကုလသမဂ္ဂအနေနဲ့ ပါဝင်ခြင်း မရှိခဲ့သေးကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး (UNRC) Gwyn Lewis က ဇွန်လ ၄ ရက် ဒါကာမှာ ပြုလုပ်တဲ့ စကားဝိုင်းတစ်ခုမှာ ပြောပါတယ်။ 

“လူသားချင်းစာနာထောက်ထားမှုစင်္ကြံတခု (တည်ဆောက်ရေးဟာ) အတော်လေးကို တရားဥပဒေကြောင်းအရ လုပ်ကိုင်ရမယ့် ကိစ္စရပ်တခုဖြစ်တယ်၊ ပြီးတော့ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေကြား သဘောတူညီချက်လည်း လိုပါတယ်။ အဲဒီလိုပုံစံမျိုး လူသားချင်းစာနာမှု တခုမှတော့ မရှိသေးဘူး” လို့ Lewis က ဆိုပါတယ်။ 

လူသားချင်းစာနာထောက်ထားမှု စင်္ကြံနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ UNRC က သူမအနေနဲ့ အဲဒီဝေါဟာရမျိုး ဘယ်ကလာလဲဆိုတာကို မသိပေမယ့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား သဘောတူညီမှုလိုအပ်မယ်လို့ ဆိုပါတယ်။ 

“သိသလောက်တော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား စင်္ကြံကတဆင့် အကူအညီပံ့ပိုးပေးဖို့ သဘောတူညီချက် မရသေးဘူး” လို့ သူက ပြောဆိုပြီး နှစ်နိုင်ငံအကြား သဘောတူညီချက်ရှိရင်တော့ ကုလသမဂ္ဂအနေနဲ့ ထောက်ခံနိုင်ကြောင်း သူမက ဆိုပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး (UNRC) Gwyn Lewis (ဓာတ်ပုံUNB)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဒါကာကို လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ကတဆင့် ရခိုင်ကို လူသားချင်းစာနာမှု အကူအညီပေးရေး စင်္ကြံတခု တည်ဆောက်မယ့်အစီအစဉ်ကို အဆိုပြုခဲ့ကြတာ ဖြစ်ပါတယ်။ 

သူ့ရဲ့အဆိုပြုချက်အပေါ် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက “မူအရ လက်ခံကြောင်း” ပြောဆိုခဲ့ပေမယ့် ကြားဖြတ်အစိုးရအဖွဲ့ဝင်တွေအကြားမှာရော၊ အတိုက်အခံ နိုင်ငံရေးပါတီတွေနဲ့ စစ်တပ်တို့အကြားမှာပါ ဒီကိစ္စကို အခြေအတင် ငြင်းခုန်မှုတွေ ရှိခဲ့ကြတာဖြစ်ပါတယ်။ 

မြန်မာပြည်က ပဋိပက္ခဒဏ်ခံ ပြည်သူတွေကို ကူညီဖို့ ဒါမှမဟုတ် နယ်စပ်ဖြတ်ကျော် ဆက်ဆံရေး မြှင့်တင်ဖို့ အစပျိုးမှုတွေကို ကြိုဆိုကြောင်းနဲ့ ကုလသမဂ္ဂအနေနဲ့ ပံ့ပိုးသွားမှာဖြစ်ကြောင်း Lewis က ဆိုပါတယ်။ 

အခုသီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် Muhammad Yunus နဲ့ တွေ့ဆုံမှုအတွင်း ရိုဟင်ဂျာအရေး တုံ့ပြန်မှုတွေကို ထောက်ခံကြောင်း သူမကပြောဆိုခဲ့ပါတယ်။ 

Yunus ကတော့ ရိုဟင်ဂျာတွေကို ပိုကောင်းတဲ့နည်းတွေနဲ့ အကူအညီပေးနိုင်ဖို့နဲ့ ရန်ပုံငွေပြတ်လတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာရဲ့ စည်းလုံးညီညွတ်မှု တည်တံ့ဖို့ အရေးတကြီး လိုအပ်ကြောင်း ပြောဆိုထားပါတယ်။

မူရင်းသတင်း – UN not involved in any discussion to establish humanitarian corridor in Rakhine: Gwyn Lewis

0 Shares:
You May Also Like
Read More

ရက္ခိုင့်တပ်တော်ကဲ့သို့သော အစိုးရမဟုတ်သည့် အင်အားစုများနှင့် ညှိနှိုင်းဆွေးနွေးရန် မဖြစ်နိုင်ကြောင်း နှင့် နယ်စပ်ပြဿနာ ဖြေရှင်းပေးရန် စစ်ကောင်စီကို ဘင်္ဂလားဒေ့ရှ် တောင်းဆို၊ “နယ်စပ်ကို ပြန်သိမ်းဖို့ ကြိုးစားနေတယ်” ဟု စစ်ကောင်စီ ပြော

ရခိုင်ဒေသမှာ အာရက္ခတပ်တော် AA က စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်အပါအဝင် တပ်စခန်းတွေ၊ မြို့တွေကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေတာကြောင့် အာဏာသိမ်းစစ်ကောင်စီဟာ စစ်ရေးရှုံးနိမ့်မှုအပြင် ဖိအားတွေနဲ့ပါ ရင်ဆိုင်နေရပါပြီ။
Read More

ဘန်ကောက်မြို့လယ်စျေးတွင် ပစ်ခတ်မှုကြောင့် သေနတ်သမား အပါအဝင် ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ ချာထူချက် စျေးမှာ ပစ်ခတ်မှု ဖြစ်ပွားရာ သေနတ်သမားအပါအဝင် လူ ၆ ယောက် သေဆုံးခဲ့ပါတယ်။ သေနတ်သမားကတော့ ကိုယ်ကိုကိုယ် အဆုံးစီရင်သွားတာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
Read More

တရုတ် ကျားဖြန့်နှိမ်နင်းရေးအဖွဲ့ မြဝတီရောက်လာ

တရုတ် မှုခင်းစုံစမ်းရေးဗျူရို (CIB) အဖွဲ့တစ်ဖွဲ့ဟာ မြန်မာပြည်နယ်စပ် မြဝတီကို ရောက်ရှိလာတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဇူလိုင်လ ၇ ရက်က ဖော်ပြပါတယ်။ 
Read More

NUG အပါအ၀င် AA နဲ့ KIA တို့ပါ၀င်တဲ့ တော်လှန်ရေးအင်အားစုတွေကို ဒေလီ ဆွေးနွေးပွဲအတွက် တရား၀င် ဖိတ်ကြား

အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ကျင်းပမယ့် ICWA ပွဲကိုတက်ရောက်ဖို့ မြန်မာနိုင်ငံက တော်လှန်ရေးအင်အားစု တွေကိုအိန္ဒိယက တရား၀င်ဖိတ်ကြားလိုက်ပါတယ်။ ဒါဟာ အနောက်နိုင်ငံများက အရေးယူပိတ်ဆို့နေတဲ့ စစ်ကောင်စီကို ဖယ်ရှားကာအိန္ဒိယအစိုးက တော်လှန်ရေးအင်အားစုတွေကို ထူးခြားတဲ့ ဖိတ်ခေါ်ချက်တစ်ရပ်ပဲဖြစ်ပါတယ်။
Read More

အင်ဒိုနီးရှားနိုင်ငံတွင် ရေကြီးမြေပြိုမှုတွေကြောင့် လူပေါင်း ၁၇၄ ဦးကျော် သေဆုံး (ရုပ်/သံ)

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူအများအပြားသေဆုံးကာ အဆောက်အဦးများလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၆ ရက်က စတင်ခဲ့တဲ့ မုန်တိုင်းအရှိန်ကြောင့် အင်ဒိုနီးရှားမှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး မြေပြိုမှုတွေကြောင့် အချို့ဒေသတွေမှာ အိမ်ရာ ၃၂၀၀ ကျော်ပျက်စီးခဲ့ရပြီး မိသားစု ၃၀၀၀ ကျော်ဟာ အရေးပေါ်အကူအညီများ လိုအပ်နေတယ်လို့ သိရပါတယ်။
Read More

ထိုင်းမှာ ဓာတုငွေ့အဆိပ်သင့်လို့ မြန်မာအလုပ်သမား ၂ ဦးသေဆုံး၊ တစ်ဦး ဆေးရုံတင်ထားရ

ထိုင်းနိုင်ငံတောင်ပိုင်း ခရာဘီခရိုင်၊ ပလိုင်ဖရာယာမြို့နယ်က ဓာတုပစ္စည်းတွင်းကို နိုဝင်ဘာလ ၁၄ ရက်မှာ သန့်ရှင်းရေးလုပ်နေစဉ် အဆိပ်ငွေ့ ရှူမိခဲ့တဲ့အတွက် မြန်မာအလုပ်သမား ၂ ဦး သေဆုံးခဲ့ပြီး တစ်ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်က သတင်းဖော်ပြပါတယ်။ ကုမ္ပဏီဝင်းအတွင်းမှာ အခုလိုဖြစ်ပွားခဲ့တာဖြစ်ပြီး မြန်မာအမျိုးသား အလုပ်သမား ၃ ဦးဟာ ဓာတုပစ္စည်းတွင်းထဲကိုဆင်းပြီး သန့်ရှင်းရေးလုပ်နေချိန်မှာ ဟိုက်ဒရိုဂျင် ဆာလဖိုက် (Rotten-egg gas) ဓာတ်ငွေ့ အဆိပ်သင့်ခဲ့တာ ဖြစ်ပါတယ်။