စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၂ ရွာက ရေရှည်စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ ၂ ရွာက ခက်ခဲကျပ်တည်းနေတဲ့ မိသားစု ၈၃ စုအတွက် မိသားစုတစ်စုကို ဆန် ၈ ပြည်၊ ဆီ ၁ ပိဿာ နဲ့ ဆား ၁ ပိဿာစီ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကူညီထောက်ပံ့မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ အညာမြေ စစ်ဘေးရှောင်ကူညီရေးအဖွဲ့နဲ့ ANTS – ပုရွက်ဆိတ်များ အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

“စက်လှေမှာက ဘဏ်ဝန်ထမ်း ၃ဦးလောက်နဲ့ စစ်တပ်လုံခြုံရေး ၆၀ နီးပါးလောက် ပါပါတယ်။ ကျနော်တို့ ခန့်မှန်းသိသလောက်ကတော့ ဌာနဆိုင်ရာ ငွေကြေးအလွှဲအပြောင်းတွေလုပ်ရတဲ့ မြန်မာ့စီးပွားရေးဘဏ်ဖြစ်မယ်လို့ ယူဆပါတယ်”

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ်ကို စုန်ဆင်းသွားတဲ့ စစ်ကောင်စီရဲ့ ငွေစက္ကူတွေ တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို တိုက်ခိုက်ချေမှုန်းရာ ၂၀ ကျော် သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက မောင်းကို ပြောပါတယ်။ 
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တပ်ရင်း စံပြုတည်မြဲအမိန့် စစ်ရုံးချုပ် ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တပ်ရင်းစံပြုတည်မြဲအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ၊ PDF စစ်ရုံးချုပ်က မေလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

၂၀၂၅ ခုနှစ် ပထမ ၅ လအတွင်း စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၃ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လတာမှာ အကြမ်းဖက်စစ်ကောင်စီတပ် သေနတ်နဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၅၃ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေဖြူတွင် လမ်းပိုင်းထိန်းချုပ်လိုသည့် တပ်ရင်း ၅ရင်း စစ်အုပ်စုများနှင့် တော်လှန်ရေးတပ်များ ရက်ရှည်တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုများပြား

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ်မှာ ရက်ရှည်ကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ် တပ်ရင်း ၅ ရင်းက အကြမ်းဖက်စစ်အုပ်စုတွေ အထိနာနေကြောင်း YE GUERRILLA FORCE က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမှာ တော်လှန်ရေးရဲဘော်တွေကို ခရစ္စမတ်လက်ဆောင်တွေပေး (ဓာတ်ပုံသတင်း)

ရွှေဘိုမှာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို သပိတ်အင်အားစုတွေက ခရစ္စမတ် လက်ဆောင်တွေပေးအပ်ခဲ့တယ်လို့သိရပါတယ်။
Read More

နတ်တလင်း ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်၊ ရဲ ၂ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက် ခြေပြတ်၊ လက်ပြတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Phoenix D F တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။