စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သား ၂ ယောက်ကို ရွာထဲဝင်ရောက် ပစ်ခတ်သတ်ဖြတ်ရင်း ကလေးငယ်နဲ့အမျိုးသမီးတွေအပါ ၁၆ ယောက်ကို ဖမ်းဆီးခေါ်​ဆောင်သွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့၊ မနက်ပိုင်းက ကန့်ဘလူမြို့နယ်​၊ ချပ်သင်းအထိုင်စခန်းကနေ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေဟာ ကံကြီးရွာအနောက်ဘက်ကုန်းနေ အသက် ၄၀ အရွယ် ကိုသိန်းထွေး နဲ့ အသက် ၂၀ အရွယ် မောင်ဇေယျာထွန်းတို့ကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါ အရပ်သား ၁၆ ယောက်ကိုလည်း တစ်ပါတည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“ဖမ်းခံရတဲ့အထဲ အမျိုးသမီးတွေပါပါတယ်။ အထူးသဖြင့် ကလေးငယ်တွေထဲလည်း မိန်းမတွေ ပါတယ်။ သူတို့ကို ချက်ချင်းဘယ်ပို့မလဲဆိုတော့ ချပ်သင်းအထိုင်ပဲ ပို့မယ်ထင်ပါတယ်” ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

ကန့်ဘလူ၊ ကိုးတောင်ဘို့တိုက်နယ်၊ သင်တောရွာအတွင်း အထိုင်ချတပ်စွဲနေသည့် စစ်အုပ်စုများ



ပြီးခဲ့တဲ့မေလ၁၈ရက်နေ့ကစလို့ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့နဲ့ ချပ်သင်းတိုက်နယ်အထိုင်စခန်းတွေကနေ ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်း၂ခုဟာ အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေခဲ့တာ ဖြစ်ပါတယ်။

အထက်ပါ စစ်ကြောင်းနှစ်ခုဟာ ကိုးတောင်ဘို့တိုက်နယ်၊ သင်တောရွာအတွင်းဝင်ရောက်အထိုင်ချခဲ့တဲ့အတွက် အနီးဝန်းကျင်က အရပ်သား ၁သောင်နီးပါးဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်၊ နေ့လယ်ပိုင်းကလည်း ကိုးတောင်ဘို့အထိုင်စခန်းကနေထွက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုတွေဟာ ဦးကင်းကြည်ရွာကတဆင့် နှောကုန်းရွာဘက်ဆီ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့သလို နှောကုန်း၊ ဇီးကုန်းနဲ့ ပေါက်တောရွာဘက်တွေဆီ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့သေးကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ တပ်ရင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေလည်း ရှိနေပြီး စစ်ကောင်စီဘက်က အပြင်းအထန်ထိခိုက်မှုတွေ ရှိနေပါတယ်။

လက်ရှိမှာ ရက် ၂၀နီးပါးကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်အုပ်စုကြောင့် ကံကြီး၊ ဦးကင်းကြည်၊ ပေါက်ဆိန်ကုန်း၊ သင်တော၊ အလယ်ခုံ၊ လွင်ကြီး၊ ဇော်ချောင်း၊အောက်တဲ၊ ဝက်သဲအင်း၊ တင်မော်၊ ညိုပင်ရှို၊ နှောကုန်း၊ ပေါက်ကုန်း နဲ့ ဇီးကုန်းရွာတွေက အရပ်သား၁သောင်း နီးပါးဟာ မိုးထဲလေထဲဘေးလွတ်ရာတိမ်းရှောင်နေ​ရသလို နှာစေးချောင်းဆိုးနဲ့ ရာသီတုပ်ကွေးရောဂါတွေအတွက် အခြေခံဆေးဝါး၊ အမိုးအကာနဲ့ အစားအသောက်တွေ အရေးပေါ် လိုအပ်နေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် တာဝန်ရှိသူက ပြောပါတယ်။

0 Shares:
You May Also Like
Read More

ကျုံပျော်မှာ အရပ်သား မော်တော်ယာဉ်တွေကို စစ်တပ်အသုံးပြုဖို့ အဆင်သင့်ပြင်ခိုင်းထား

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှာ အကြမ်းဖက်စစ်ကောင်စီက မော်တော်ကား ပိုင်ဆိုင်သူတချို့ကို ခေါ်ယူ အစည်းအဝေးပြုလုပ်ခဲ့ပြီး စစ်တပ်အသုံးပြုဖို့အတွက် မော်တော်ကားတွေကို အဆင်သင့်ပြုလုပ်ထားဖို့ မှာကြားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ထားဝယ်အကျဉ်းထောင်မှ နိုင်ကျဉ်း ၁၃ ဦး လွတ်မြောက်လာ

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှာ အကြမ်းဖက်စစ်အုပ်စု မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ယောက် လွတ်မြောက်လာတယ်လို့ ထားဝယ်အကျဉ်းထောင်နဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။
Read More

မိုးကုတ်မြို့တွင် TNLA နှင့် ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဂေါ်ရခါးလူမျိုး ၈၄ ဦးကို အုပ်ထိန်းသူများထံ အပ်နှံ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တအာင်းတပ်မတော် (TNLA) နဲ့ ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဂေါ်ရခါးလူမျိုး ၈၄ ယောက်ကို အုပ်ထိန်းသူတွေဆီ အပ်နှံခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တန့်ဆည်က စစ်ကောင်စီတပ်သား ၂ဦး ဗျူဟာ-၅၂ ၊ ပေါ်ဦးစစ်ကြောင်းသို့ လက်နက်ခဲယမ်း ကိုယ်စီနှင့် ခိုလှုံ

စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့အခြေစိုက် ခမရ ၃၆၁ တပ်တွင်းက စစ်ကောင်စီတပ်သား ၂ယောက် လက်နက်ခဲယမ်းကိုယ်စီနဲ့ အလင်းဝင်ရောက်လာကြောင်း ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကျောက်တံခါးတွင် ငလျင်အပြီး သေဆုံးသူ ၁၁ ဦး ရှိ၊ ရဲနွယ်ဆည်အတွင်း ရေနစ်သူများ အလောင်းပြန်မရသေးသလို သောက်သုံးရေ အခက်အခဲများလည်း ရှိလာ

စစ်ကိုင်းမြို့ကို ဦးတည်လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ စာဖြေသံဃာတော် ၁ ပါးနဲ့ အဘွားအို၁ယောက် အပါအဝင် အရပ်သား ၁၁ ယောက် သေဆုံးခဲ့တယ်လို့သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်း ရောက်ရှိနေတဲ့ ကယားပြည်နယ်ခန်းမကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ ကယားပြည်နယ်ခန်းမအတွင်းကို စစ်ကောင်စီရဲ့ ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်း ရောက်ရှိကာ ညစာစားပွဲကျင်းပနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ထံက သိရပါတယ်။