မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ငလျင်ဒဏ်ခံထားရတဲ့ အဆောက်အအုံဖြိုချရာ လမ်းမ ပေါ်ပြိုကျခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

ဇွန်လ ၂ ရက် မနက်ပိုင်းက အောင်မြေသာစံမြို့နယ် ၈၂ လမ်းနဲ့ ၂၄ လမ်းပေါ်ရှိ ငလျင်ဒဏ်ခံထားရတဲ့ အဆောက်အအုံကို ဖြိုချခဲ့ရာ လမ်းမပေါ် ပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၃၀ ရက်ကလည်း  ချမ်းအေးသာဇံမြို့နယ်၊ ၂၆ လမ်း ၊ ၈၆ လမ်း နဲ့ ၈၇ လမ်းအကြားရှိ ငလျင်ဒဏ်သင့် အဆောက်အဦး တစ်လုံးကို ဖြိုချရာ ဆလပ်ပြင်ပြိုကျပြီး အမျိုးသား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ပုလဲနယ်အတွင်း အကြမ်းဖက်စစ်အုပ်စုက ဒရုန်းတွေနဲ့ ကင်းထောက်နေတဲ့အတွက် စစ်‌‌ရေးအသိရှိကြဖို့ TIGER PDF အသိ‌ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုက ဒရုန်းတွေနဲ့ ကင်းထောက်တာတွေ လုပ်ဆောင်နေတဲ့အတွက် စစ်ရေးအသိရှိကြဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်က ပုံတောင် TIGER PDF မှ အသိပေးထားပါတယ်။ ပုလဲမြို့နယ် မင်းတိုင်ပင်ရွာမှာ အခြေချထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ကင်းထောက်ဒရုန်းများ၊multirotor ဒရုန်းများနဲ့ ကင်းထောက်တာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးတပ်တွေကို အချိန်မရွေးပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ် ဆောင်လာနိုင်တဲ့အတွက် စစ်ရေးအသိထူးရှိကြဖို့ အသိပေးထားပါတယ်။
Read More

ဆုံရွာပျူစခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချကာ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦးသေပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆုံရွာပျူစခန်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချကာ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force MDF က သတင်း ထုတ်ပြန်ထားပါတယ်။
Read More

စက်လှေ ၂ စီးနှင့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရကာ လှေ ၁ စီး နစ်မြုပ်ပြီး အများအပြား သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်အတွင်း ရေလမ်းကနေ စက်လှေ ၂ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး လှေ ၁ စီးနစ်မြုပ်သွားကာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ စက်သုံးဆီဆိုင်ပိုင်ရှင် ၅ ရက်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေ (ရုပ်/သံ)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် မြို့ပတ်လမ်း ၃၃ လမ်းနဲ့ ၃၄ လမ်းထောင့်က စားသောက်ဆိုင်အနီးမှာ ဇန်နဝါရီ ၃ ရက် ညနေပိုင်းက စတားပါဝါစက်သုံးဆီဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ရပ်/ကျေး ပလဖ အပတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ‌ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ရပ်/ကျေး ပလဖ အပတ်စဉ် (၁) သင်တန်း ဆင်းပွဲကို ဖေဖော်ဝါရီ ၂၂ ရက် ယနေ့နံနက်ပိုငး်က အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ထီးကလယ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၄ ဦးအား ဖမ်းဆီးရမိ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထီးကလယ်စစ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေထဲက ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။