ရန်ကုန်တိုင်းမှာ မေလအတွင်း အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို လုပ်ကြံရှင်းလင်းမှုအပါအဝင် စစ်ရေးဖော်ဆောင်မှု ၈ ကြိမ် ရှိခဲ့တယ်လို့ Operation Flame အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ရေးဖော်ဆောင်မှု (၈) ကြိမ်မှာ ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု (၇) ကြိမ်နဲ့ လုပ်ကြံမှု (၁) ကြိမ် ပါဝင်တယ်လို့ ဆိုပါတယ်။

လုပ်ကြံမှုအနေနဲ့ စစ်ကောင်စီတပ်က ရာထူးမြင့်မားသူတွေသာ တက်ရောက်ရတဲ့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (National Defense College) မှာ နိုင်ငံတော်လုံခြုံရေးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုတဲ့ ဘာသာရပ်၊ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်တို့ကို သင်ကြားပေးနေတဲ့ မင်းအောင်လှိုင်အားထားရတဲ့ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို Golden Valley Warriors အဖွဲ့က သူ့ရဲ့နေအိမ်ရှေ့မှာပဲ ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသည့် ဗိုလ်မှူးချုပ်(ငြိမ်း) ချိုထွန်းအောင်

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တည်ရှိရာနေရာတွေဖြစ်တဲ့ တိုက်ကြီးမြို့နယ် မြို့မရဲစခန်း၊ လှည်းကူးမြို့နယ် ခြေမြန်တပ်ရင်း (ခမရ-၂၁၁) ဂိတ်ကင်းစခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ မြောက်ဒဂုံ အားကစားခန်းမ၊ စမ်းချောင်းမြို့နယ်ရှိ မဟာမြိုင် ရဲ ရိပ်သာ၊ စမ်းချောင်းတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုတွေ ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အောက်တိုဘာလ နှစ်ပတ်တာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အောက်တိုဘာလ နှစ်ပတ်တာအတွင်း တစ်နိုင်ငံလုံးမှာ အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းပကဖ ၊ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄၊ အပတ်စဥ်(၁) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ)၊ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄ ရဲ့ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် စောရွှေမောင်းတို့ကို KNU မှ အပြီးတိုင် ထုတ်ပယ်

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ စောမူတူးစေးဖိုးနဲ့ တပ်မဟာ (၆) ဒူးပလာခရိုင်ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ စောရွှေမောင်းတို့ကို KNU ကနေ အပြီးတိုင် ထုတ်ပယ်လိုက်ပြီလို့ KNU ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပဒိုစောတောနီးက အတည်ပြုပြောဆိုပါတယ်။
Read More

တီးတိန်မြို့ ရှိ စစ်ကောင်စီတပ်က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လို့ ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်မယ်…

ချင်းပြည်နယ်၊ တီးတိန်မြို့ ရှိ စစ်ကောင်စီတပ်က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတဲ့အတွက် ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်သွားမယ်လို့ Chinland Defense Force - Civic Defense Militia - Siyin (CDF-CDM-Siyin) က ထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော်မှာ အမေရိကန်ဆေးပညာရှင်အဖွဲ့ အရေးပေါ်ဆေးရုံဖွင့်လှစ်ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု စတင်…

အမေရိကန်ပြည်ထောင်စုအခြေစိုက် ဆေးပညာရှင်အဖွဲ့ Samaritan’s Purse အဖွဲ့က နေပြည်တော်မှာ အရေးပေါ်ဆေးရုံ ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်နေပြီလို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့လယ်ခေါင် စစ်အုပ်စုလုံခြုံရေးဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရမှုအပါအဝင် စက်တင်ဘာလအတွင်း မြို့ပြ UG များ၏ စစ်ရေးဖော်ဆောင်မှု ၈ ကြိမ်ထက်မနည်း ရှိခဲ့

ရန်ကုန်မြို့လယ်၊ မြို့တော်ခန်းမရှေ့က စစ်တပ်ဂိတ်ဖောက်ခွဲတိုက်ခိုက်ခံရမှုအပါအဝင် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရန်ကုန်မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်(UG) တွေရဲ့စစ်ရေးလှုပ်ရှားမှု ၈ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။