ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ထိုင်း-မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းတွေနဲ့ ဗုံးကြဲပြီးနောက် စတင် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက်စစ်​ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို ဇွန်လ ၂ ရက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ၊ PDF တွေ ပါဝင်တဲ့ ပူး​ပေါင်းတပ်​တွေက ဆက်လက်တိုက်ခိုက်​နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် သေ့ဘောဘိုးတပ်စခန်းအနီး နေထိုင်တဲ့ ဒေသခံပြည်သူ ၅၀၀ ကျော်ဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို စစ်​ရှောင်လာကြတယ်လို့ ထိုင်း​ဒေသတွင်းသတင်းဌာနတွေက ဆိုပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်းမှာလည်း ထိုင်းစစ်တပ်က ​နယ်စပ်မျဥ်းတစ်လျှောက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကို လုံခြုံရေးတိုးမြှင့်ကာ အသင့်အနေအထား နေရာယူထားပြီး အမြဲမပြတ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

KNU ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီရဲ့ ပူပူလူတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊ တာလယ်ဗျူဟာ၊ မယ်လစခန်း၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနဲ့ ရွှေအေးမြိုင်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

KNU ထိန်းချုပ်နယ်မြေတွေထဲ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတွေထဲမှာ သေ့​ဘောဘိုးစခန်း၊ ဥကရစ်ထစခန်း၊ ဝေါ်လေဗျူဟာကုန်း ၊ တီသဲလယ်စခန်း၊ ထီးကပလယ်စခန်းနဲ့ နော်တရာ(​နောင်ခလာ)စခန်းတို့သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွါးရာနေရာနှင့် အသင့်အနေအထားဖြင့် စောင့်ကြည့်နေသည့် ထိုင်းစစ်တပ် (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၄) တပ်ရင်း၏ အခြေခံစစ်ရေးသင်တန်းဆင်းပွဲနှင့် တပ်ရင်းပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်း အခမ်းအနား

ရှမ်းတောင်ကယား (ကရင်နီ) တိုင်းစစ်ဌာန ၊ ရှမ်းတောင်စစ်ဒေသ စစ်နည်းဗျူဟာအမှတ် (၁၄) ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၄) တပ်ရင်း ရဲ့ တပ်ရင်း အခြေခံစစ်ရေးသင်တန်းဆင်းပွဲ နဲ့ တပ်ရင်းပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကနီမှာ လူထုတွေ့ဆုံပွဲနှင့် လေကြောင်းအန္တရာယ် အသိပညာပေးပွဲများ ပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း တစ်နေရာမှာ ကနီမြို့နယ် ပြည်သူ့အခြေပြု ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ပြည်သူလူထုနဲ့အတူ မျက်မှောက်တော်လှန်ရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

မော်လိုက်-ကလေးထောင်တွင် အရေးပေါ်ဆေးကုခွင့်ရဖို့ အာဏာပိုင်များကို လာဘ်ထိုးနေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်-ကလေးအကျဉ်းထောင်မှာ အကျဥ်းကျသူတွေရဲ့ အရေးပေါ် ဆေးကုသခွင့်အပေါ် ထောင်အာဏာပိုင်တွေက လာဘ်ငွေရယူပြီးမှသာ ခွင့်ပြုပေးတော့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။
Read More

Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေ

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လိုတဲ့ လူငယ်တွေအတွက် အခွင့်အရေးအဖြစ် Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒီနေ့နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

KNDF ၄ နှစ်ပြည့်အတွက် မြောက်ပိုင်းညီနောင် ၃ ဖွဲ့၊ ချင်းညီနောင်နှင့် MDY PDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့အသီးသီး ဂုဏ်ပြုလွှာများ ပေးပို့

မနေ့က မေလ ၃၁ ရက်နေ့ဟာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF တပ်ဖွဲ့ ဖွဲ့စည်းထူတောင်ခဲ့တာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များစွာကလည်း ဂုဏ်ပြုလွှာတွေ အသီးသီး ပေးပို့ခဲ့ကြပါတယ်။
Read More

သီပေါမြို့မှာ စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး (၅၀)ကျော် လာရောက်ကြဲချတိုက်ခိုက်ရာ ​ဒေသခံတစ်ယောက် သေဆုံး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး (၅၀) ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်နေရာ ဒေသခံ ၁ ယောက် သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။