စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အထက (၁) ကျောင်းနားမှာ ပြည်သူတွေရဲ့ကားတွေထံက ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ The Phoenix Army – TPA တပ်ဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၁ ရက် မနေ့က မနက် ၁၁ နာရီကျော်လောက်မှာ ပိုက်ဆံကောက်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့လို့ နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“နေ့တိုင်းလာကောက်တာ။ ကောက်တာလည်း တော်တော်ကြာပြီဗျ၊ တချို့ရက်တွေဆို နှစ်ခါလောက်လာကောက်တာ၊ ၂ ယောက်က အမြဲလာကောက်တာ၊ ကားတစ်စီးနှုန်းကို ၅ ထောင် တစ်ခါတစ်လေ ၁ သောင်းကောက်တာ” လို့ The Phoenix Army တပ်ဖွဲ့တာဝန်ခံ ရောင်နီက မောင်းကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သား ၂ ယောက်ကို သွားရောက်ပစ်ခတ်တဲ့နေရာဟာ မြို့လယ်မှာဖြစ်တဲ့အတွက် ပစ်ခတ်ပြီး ၅ မိနစ်လောက်အကြာမှာပဲ စစ်ကောင်စီတပ်သားတွေက အဆိုပါနေရာကို အိမ်စီးကားတွေနဲ့ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သား ၂ ယောက်ဆီကနေ ဆိုင်ကယ်တစ်စီး ၊ လွယ်အိတ်တစ်လုံး ၊ ပိုက်ဆံ ၊ ဖုန်း ၂ လုံး သိမ်းဆည်းရရှိခဲ့ပြိး သူတို့တွေကို သွားရောက်ပစ်ခတ်ဖို့အတွက် အချိန်တစ်လခန့် စောင့်ကြည့်ခဲ့ရတယ််လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို The Phoenix Army ၊ မုံရွာခရိုင်အမှတ် − ၁၇ တပ်ရင်း တပ်ခွဲ − ၃ MYF ၊ မုံရွာခရိုင်အမှတ် −၁၅ တပ်ရင်း တပ်ခွဲ − ၅ WMW တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

The Phoenix Army တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ကလည်း ကင်မွန်းတော်ပျုရွာအနောက်ဘက်မှာ စစ်ကောင်စီနဲ့ ပျူစောထီး တပ်သားတွေ ကင်းစောင့်နေချိန် မီတာ ၁၅၀ ကနေ အလစ်ငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ ရုံးဌာနများကို ဆောင်လုပ်ခဲ့သည့် မူလကုမ္ပဏီများ ပြန်ပြင်ရမည်ဟု စစ်ကောင်စီဆို

စစ်ကိုင်းငလျင်ကြောင့် ပျက်စီးခဲ့ရတဲ့ အစိုးရရုံးဌာနအဆောက်အဦးတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် မူလဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေက တာဝန်ယူရမယ်လို့ အဆောက်အဦးတွေ ပြန်လည်ပြုပြင်အသုံးပြုရေးနဲ့ အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဧပြီလ ၂၉ ရက်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

ဝါဒဖြန့်ရန် ခပ်မြန်မြန် ဓာတ်ပုံရိုက်ရင်း အကြမ်းဖက်စစ်သားများ ခပ်မြန်မြန်ပဲ သေဆုံးသွား

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မင်းပြင်ရွာမှာ စစ်တိုက်တုန်းက မသေခဲ့တဲ့ အကြမ်းဖက်စစ်သားတွေ ဝါဒဖြန့်ဖို့ အုပ်စုလိုက် ဓာတ်ပုံရိုက်နေရင်း ရခိုင့်တပ်တော် AA ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အစုလိုက်အပြုံလိုက် သေသွားခဲ့ပါတယ်။
Read More

AA တည်ထောင်ခြင်း ၁၆ နှစ်ပြည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ အသီးသီး သဝဏ်လွှာ ပေးပို့၊ တော်လှန်ရေးမှာ AA အပေါ် ယုံကြည်ကြောင်းနှင့် ကျေးဇူးတင်ကြောင်း ပြောဆို

၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးနဲ့အတူ တော်လှန်ရေးကို အောင်ပွဲရရှိတဲ့အထိ စည်းလုံးညီညွတ်သွားမယ်လို့ အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း ၁၆ နှစ်ပြည့်အတွက် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့  ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

ပုသိမ်မှာ စစ်မှုထမ်း စုဆောင်းခံရသူများအနက် အယောက် ၄၀ ထွက်ပြေး၊ ၁၆ ယောက် ပြန်အဖမ်းခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရွှေမြင့်တင် ကျေးရွာက စစ်ကောင်စီရဲ့ အမှတ် ၆ လေ့ကျင့်ရေးတပ်မှာ စုဆောင်းထားတဲ့ တပ်သားသစ် အယောက် ၄၀ ထွက်ပြေးသွားပြီး စစ်တပ်ထောက်ခံသူရဲ့ သတင်းပေးမှုကြောင့် ၁၆ ယောက် ပြန်လည်အဖမ်းခံခဲ့ရကြောင်း သိရပါတယ်။
Read More

မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းက ရဲဘော် ၂ ယောက် ကျဆုံးခဲ့…

ကရင်နီပြည်၊ မိုးဗြဲမြို့ရဲ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မတ္တရာအရှေ့တောင်ဘက်ကို စစ်အုပ်စု ဂျက်ဖိုက်တာများဖြင့် ဗုံးသီးအလုံး ၄၀ ခန့် ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကော်မရှင်က ဗုံးသီးအလုံး ၄၀ ကျော်ကြဲချတိုက်ခိုက်ရင်း စစ်ကြောင်းထိုး မီးရှို့တာတွေလုပ်ဆောင်ခဲ့ကြောင်း Voice Of Mandalay အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။