စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသမှာ PDF ယူနီဖောင်းဝတ်ပြီး စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ရတနာပုံတပ်ဦး (LPDF) စစ်ရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

မေလ ၂၈ ရက်နေ့၊ မနက်အစောပိုင်းက မင်းကွန်းရဲစခန်းကနေ ထွက်ခွာလာတဲ့ အင်အား ၁၀၀ ခန့်ပါအကြမ်းဖက်စစ်ကြောင်းဟာ မင်းကွန်းမြောက်ဘက် ကင်းရွာကို ဝင်ရောက်ချိန် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

PDF တပ်ရင်းယူနီဖောင်းတွေ ဝတ်ဆင်ကာ PDF အလံယူဆောင်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရတနာပုံတပ်ဦး (LPDF) က ထုတ်ပြန်ပါတယ်။

“အဲ့နေ့က ဖြစ်စဥ်မှာ စကစဘက်က ကျနော်တို့ ဖက်ဒရယ်အလံရယ်၊ PDF ယူနီဖောင်းတွေ ဝတ်ပြီး စစ်ကြောင်းထိုးလာတာက ထူးခြားဖြစ်စဥ်ပေါ့။ ကျနော်တို့ အင်အားစုတွေကတော့ နယ်မြေမပေးရရေးကို ဦးတည်ပြီး ခံစစ်အနေအထားနဲ့ ခုခံခဲ့တာပါ”လို့ ရတနာပုံတပ်ဦး (LPDF) စစ်ရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

ရတနာပုံတပ်ဦးနှင့် မဟာမိတ်ရဲဘော်များ တိုက်ပွဲဖော်ဆောင်နေစဥ်

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၅နာရီကြာမြင့်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေ ပြန်လည်ထိုးစစ်ဆင်ဖို့ကြိုးစားချိန်မှာ စစ်ကောင်စီက ကင်းရွာကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲပြီးမှ မီးဝင်ရှို့တာပါ။ စကစဘက်က အစစအရာရာ သာလွန်နဲ့ထိုးလာတော့ ကျနော်တို့အနေနဲ့ စုဖွဲ့ပြန်လုပ်ရတဲ့ အနေအထားကို ရောက်သွားတယ်။ ကျနော်တို့ မဆုတ်ပေးလို့ မရတော့တဲ့ အနေအထားပေါ့။ စုဖွဲ့မှုပြန်လုပ်ပြီး နယ်မြေမပေးရရေးကို ဦးစားပေးလုပ်ဖို့ ပြန်လည်ထိုးစစ်လုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ သူတို့က ရွာကို မဲပြီး မီးရှို့သွားခဲ့တာပါ” လို့ ရတနာပုံတပ်ဦး(LPDF) စစ်ရေးတာဝန်ခံက မောင်းကိုပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကင်းကျေးရွာက နေအိမ်အလုံး၂၀နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

အဆိုပါအကြမ်းဖက်စစ်ကြောင်းကို ရတနာပုံတပ်ဦး (LPDF) နဲ့အတူ ဇုန်(၅) မင်းကွန်းတိုက်နယ် ပ.က.ဖ၊ People Servant Force(P.S.F)၊ ချမ်းမြသာစည်မြို့နယ်(ပ.က.ဖ)၊ Unicorn ပြောက်ကျား၊ Acid LDFနဲ့ နယ်မြေခံမဟာမိတ်တပ်ဖွဲ့တွေ ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကိုင်းခရိုင်တပ်ရင်း(၁)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၂)၊ ဇုန်(၄)ပူးပေါင်းအဖွဲ့တွေနဲ့လည်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တယ်လို့ ရတနာပုံတပ်ဦး (LPDF) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် ပြည်သူတွေထံ အမြန်ဆုံး ထောက်ပံ့ကူညီမှုတွေ ပေးအပ်မည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအပေါ် လူသားချင်း စာနာထောက်ထားစွာဖြင့် တတ်နိုင်တဲ့ဘက်က အမြန်ဆုံး ထောက်ပံ့ကူညီပေးအပ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

ဖားဆောင်းမြို့ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ဒေသခံ ၂ ဦးဒဏ်ရာရ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့၊ မော်ချီးဒေသက ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဒေသခံ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်အာဏာရှင်လက်အောက် အနှစ်သာရ ကင်းမဲ့နေတဲ့ မြန်မာသင်္ကြန် ယူနက်စကို စာရင်းဝင်ခဲ့ပြီ

မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ မြန်မာပြည်သူပြည်သားတွေ အားလုံးမျှော်လင့်နေတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် အသိအမှတ်ပြု စာရင်းဝင်ခဲ့ပါပြီ။
Read More

ရခိုင်စစ်ပွဲအတွင်းကနေ လက်နက်နဲ့အတူ ထွက်ပြေးလာတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ် ပြန်ဖမ်းမိ

ရခိုင်ပြည်နယ် ဂွမြို့တိုက်ပွဲထဲကနေ သေနတ် ၂ လက်နဲ့အတူ ဧရာဝတီတိုင်းထဲ ထွက်ပြေးသွားတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ပြန်လည်ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

လျှပ်စစ်မီးကို ရန်ကုန်မှာ ၄ နာရီလာ ၈ နာရီပြတ်စနစ်နှင့်အတူ နေပြည်တော်မှာလည်း တစ်ရက် ၆ နာရီ မီးပြတ်မည်

ရန်ကုန်မှာ လျှပ်စစ်မီးအလှည့်ကျပေးမှုကို ၄ နာရီလာ ၈ နာရီပြတ် စနစ်ကျင့်သုံးမှုနဲ့အတူ စစ်ကောင်စီအဓိက အခြေစိုက်တဲ့ နေပြည်တော်မှာလည်း တစ်ရက်ကို ၆နာရီလောက်အထိ လျှပ်စစ်မီးပြတ်တောက်သွားမှာဖြစ်ကြောင်း စစ်ကောင်စီရဲ့ လျှပ်စစ်၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းခွင့်ရခြင်းဟာ မွန်မြတ်ပြီး ဂုဏ်ယူရတဲ့အလုပ်ဖြစ်တယ်လို့ ပေါ်တာဆွဲစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံရှိ လူဦးရေထဲက အနည်းငယ်သာ စစ်မှုထမ်းခွင့်ရှိတာကြောင့် စစ်မှုထမ်းခွင့်ရသူတွေအနေနဲ့ ဝမ်းသာဂုဏ်ယူဖို့ လိုအပ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။