မနေ့က မေလ ၃၁ ရက်နေ့ဟာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် – KNDF တပ်ဖွဲ့ ဖွဲ့စည်းထူတောင်ခဲ့တာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များစွာကလည်း ဂုဏ်ပြုလွှာတွေ အသီးသီး ပေးပို့ခဲ့ကြပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ ကနေ KNDF ဟာ ၄နှစ်သားသာ ရှိသေးပေမယ့် ကရင်နီလူမျိုးတွေရဲ့ ဘိုးဘွားပိုင်မြေတွေကို ပြန်လည်သိမ်းပိုက်ထားနိုင်ကြောင်း၊ စုဖွဲ့မှုကောင်းတဲ့ တပ်တစ်ခုအဖြစ် ဂုဏ်ပြုကြောင်း ဆိုထားပါတယ်။

“ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဟာ တက်ကြွဖျတ်လတ်တဲ့ လူငယ်မျိုးဆက်သစ်တွေနဲ့ စုဖွဲ့မှုကောင်းစွာ တိုက်ပွဲဝင်နိုင်ခဲ့ကြတယ်။ ကရင်နီဒေသအတွင်း ရန်သူ့စခန်း တစ်ခုပြီးတစ်ခု ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တဲ့အပြင် တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ပြီး ထိုက်တန်တဲ့ အောင်မြင်မှုနဲ့အတူ ကရင်နီလူမျိုးတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကိုလည်း ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်” လို့ မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့ကနေ ဂုဏ်ပြုလွှာပေးပို့ခဲ့ပါတယ်။

ချင်းညီနောင်တပ်ဖွဲ့ကလည်း KNDF ဟာ ၄နှစ်တာကာလအတွင်း စစ်အာဏာရှင်တွေကို မဟာမိတ်တပ်ဖွဲ့တွေနဲ့ ဟန်ချက်ညီညီတော်လှန်ခဲ့ကြောင်း၊ အသက်ပေးလှူခဲ့တဲ့ အာဇာနည်ရဲဘော်၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်တဲ့ ရဲဘော်တွေနဲ့ ထောင်သွင်းအကျဉ်းချခံရတဲ့ KNDF ရဲဘော်၊ ရဲမေတွေ အားလုံးကို အောက်မေ့သတိရ မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။

ဒါ့အပြင် မန္တလေး PDF ကလည်း စစ်အာဏာရှင်ကို အမြစ်ဖြတ်မယ့်ပွဲမှာ KNDF နဲ့အတူ လက်တွဲ တိုက်ပွဲဝင်ဖို့ အသင့်ရှိနေကြောင်း၊ တပ်ရင်း ၃၅ ရင်း၊ ဗျူဟာ ၉ခုနဲ့ ဖွဲ့စည်းထားတဲ့ KNDF ဟာ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် အသက်၊ သွေး၊ ချွေးတို့ကို စတေးပြီး တစိုက်မတ်မတ်တိုက်ပွဲဝင်နေတာကို အလေးအနက် ဦးညွှတ်ဂုဏ်ပြုကြောင်း ဆိုလာပါတယ်။

KNDF ရဲ့ ဒု စစ်ဦးစီးချုပ်ဖြစ်သူ မာဝီကလည်း တော်လှန်ရးအောင်မြင်သည်အထိ ဆက်လက်ကြိုးစားသွားမှာဖြစ်ပြီး KNDF ကို လေယာဥ်ဗုံးဒဏ်နဲ့ လက်နက်ကြီးဒဏ်ကြားက ကြံ့ကြံ့ခံ ထောက်ပံ့ပေးနေကြတဲ့ ပြည်သူလူထုတရပ်လုံးကို ကျေးဇူးတင်ကြောင်းကို ဆိုလာပါတယ်။

“စစ်အာဏာရှင်တွေ သက်ဆိုးရှည်နေသရွေ့ ကျနော်တို့ ပြည်သူလူထုနဲ့ ကျနော်တို့ဟာ ဘယ်တော့မှ ကောင်းကောင်းမွန်မွန်၊ ငြိမ်းငြိမ်းချမ်းချမ်း၊ ချမ်းချမ်းသာသာ မနေရဘူးဆိုတဲ့ အခြေအနေတစ်ခုကိုလည်း ကျနော်တို့ နှလုံးသားထဲမှာ ‌ခေါင်းထဲမှာ အမြဲရှိဖို့လိုပါတယ်၊ ဒါကြောင့်မို့ ဒီတိုက်ပွဲကို ‌အောင်မြင်အောင် ကျားကုတ်ကျားခဲ ဆက်လက်ပြီး‌တော့ တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းလိုပါတယ် အားပေးလိုပါတယ်။ ကျနော်တို့အားလုံး တက်ညီလက်ညီနဲ့ ကြိုးစားသွားမယ်ဆိုရင် မကြာခင်မှာ အောင်မြင်မှုပန်းတိုင်ကို ကျနော်တို့ ရောက်ရှိမှာ ဖြစ်ပါတယ်” လို့ KNDF ဒုစစ်‌ဦးစီးချုပ် မာဝီက ပြောကြားသွားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ရေဖြူတိုက်ပွဲ ၁၀ ရက်နီးပါးအထိ ကြာမြင့်လာပြီး စစ်တပ်ဘက်မှ ၃၆ ဦးထက်မနည်း သေဆုံးထား

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာဟာ ၁၀ ရက်နီးပါး ကြာမြင့်လာခဲ့ပြီလို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်ခဲယမ်းအချို့နှင့်အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Southern YSO PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်ရှိနေသည့် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းအန္တရာယ်နှင့် ဗုံးခိုကျင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်…

စစ်ကိုင်းတိုင်းအတွင်း လေကြောင်းအန္တရာယ်နဲ့ ဗုံးခိုကျင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး-BLDF ( Burma Liberation Democratic Front ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ပုလောမြို့နယ်ရှိ တမိုင်းတောင်စခန်းကုန်းမြင်ကွင်း (ရုပ်/သံ)

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ တမိုင်းတောင်စခန်းကုန်းမြင်ကွင်းကို KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွာမီးရှို့ဖို့ ကြိုးစားသည့် အကြမ်းဖက်စစ်ကြောင်း ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရပြီး နောက်ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်မှာ လမ်းပိုင်းစိုးမိုးဖို့နဲ့ ရွာမီးရှို့ဖို့  စစ်ကြောင်းထိုးတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာတွေရရှိပြီး စစ်ကြောင်း ပြန်ဆုတ်သွားတယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် ၉ လအတွင်း ၁၂ ယောက် သေဆုံးခဲ့

စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် သေဆုံးသူ ၁၂ယောက်ရှိခဲ့ပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကထုတ်ပြန်ထားပါတယ်။