ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး ​ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ Mobye Local PDF က မနေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့မေလ ၃၀ ရက် နေ့လယ်ပိုင်းက မိုးဗြဲမြို့တွင်းတစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂၀ ကျော်အရွယ် ဒေသခံအမျိုးသား ၁ ယောက် ထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အရပ်သားပြည်သူတွေအနေနဲ့ အရေးတကြီး မလိုအပ်ဘဲနဲ့ မိုးဗြဲမြို့ကို ဖြတ်သန်းသွားလာတာမပြုလုပ်ဖို့ Mobye Local PDF က မေတ္တာရပ်ခံထားပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ ပြန်လည်စိုးမိုးနိုင်ရေးအတွက် အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်နေတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဝမ်းတွင်းမှာ ကင်းလှည့်ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

ရန်ကုန်-မန္တလေးလမ်းဟောင်း ဝမ်းတွင်းမြို့အနီး လိန်ပင်ရွာထိပ်မှာ ဆက်ကြေးကောက်ခံနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ၅ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် အဆောက်အဦး ၈ သောင်းကျော် ပျက်စီးခဲ့ဟု စစ်ကောင်စီ ထုတ်ပြန်

နိုင်ငံတစ်၀န်း အင်အားပြင်းငလျင်ကြောင့် အဆောက်အဦး စုစုပေါင်း ၈ သောင်းကျော်အထိ ပျက်စီးခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ ဘလယ်ဒိုတပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဆီက သိမ်းဆည်းရမိထားသည့် ၁၂၀ မမ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ ဒရုန်းတွေ အသုံးပြုပြီး သိမ်းဆည်းရမိထားတဲ့ စစ်ကောင်စီတပ်ရဲ့ ၁၂၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Federal Wings (FW) ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အင်းစိန် ကြို့ကုန်းဘူတာနားက ခလရ-၁၆ စစ်တပ် ဂိတ်ကင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်…

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က ခလရ- ၁၆ စစ်တပ်ကင်းဂိတ်ကို အဝေးထိန်းမိုင်းနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ God's Hand Forces ( GHF) အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

ဇီးကုန်းရဲစခန်း စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းမိသည့် သုံ့ပန်းများထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့ဟု ကန့်ဘလူ ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်း တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ဖမ်းဆီးရမိခဲ့တဲ့ ရဲဖြစ်သူရဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

NLD သန်လျင်လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် လွတ်မြာက်နယ်မြေမှာ ကွယ်လွန်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် (ခ) ကိုပေါက်စ ဟာ ဒီနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။