စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က တပ်မ ၃၃ (ခြေမြန်ဌာနချုပ်) ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ တပ်သုံးမော်တော်ယာဥ်တွေနဲ့ ဗဟိုကင်းမီးလောင်ပျက်စီးပြီး သေဆုံးသူ ၈ ယောက်အထိိ ရှိခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် လိုင်းခန်း၁ခန်းလည်း ထိမှန်ပျက်စီးပြီး စစ်သားနဲ့ ရဲမေတွေပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Brave Warriors For Myanmar-B.W.M တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မေလ ၃၁ ရက်၊ မနေ့က နေ့လယ်ပိုင်းမှာ Brave Warriors For Myanmar – B.W.M နဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေက အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဌာနချုပ်ဝန်းအတွင်း ထိခိုက်သေဆုံးမှုတွေကို ၁ ရက်အကြာမှာ အခုလိုထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။

စစ်ကိုင်းအခြေစိုက် အမှတ် ၃၃ ခြေမြန်ဌာနချုပ်ကို စစ်ကောင်စီ ထပ်သီးခေါင်းဆောင် ၁ယောက် ရောက်ဖို့ရှိကြောင်း သတင်းအရ အခုလို တိုက်ခိုက်ခဲ့တာလို့လည်း Brave Warriors For Myanmar – B.W.M တာဝန်ရှိသူက ပြောပါတယ်။

BWM နှင့် မဟာမိတ်များ စစ်ကိုင်းတပ်မ ၃၃ ဌာနချုပ်သို့ ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်နေစဉ်

ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဌာနချုပ် ဗဟိုကင်း မီးလောင်သွားသလို တပ်သုံး ကား ၂ စီးနဲ့ လိုင်ခန်းတစ်ခုလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီ တပ်သား ၆ ယောက်နဲ့ တပ်တွင်းအချုပ်သား ၂ ယောက်လည်း ရှော့တိုက်ဒုံးထိမှန်သေဆုံးခဲ့ပြီး မော်တော်ယာဥ်မှူးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ပါ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ လိုင်းခန်းပြိုကျရာမှာ နောက်ထပ် ရဲမေ ၃ ယောက်လည်း ထိခိုက်ခဲ့ကြောင်း သိရပါတယ်။

အထက်ပါ ထိခိုက်သေဆုံးမှုစာရင်းတွေဟာ လက်လှမ်းမှီသလောက် တင်ပြထားတာဖြစ်ကြောင်းနဲ့ စစ်ကောင်စီ ထိပ်သီးခေါင်းဆောင် လာရောက်ခြင်းရှိမရှိ​ကိုတော့ စုံစမ်းလို့မရသေးကြောင်း Brave Warriors for Myanmar – B.W.M က ထုတ်ပြန်ပါတယ်။

“အခုလိုမျိုး ကျနော်တို့တိုက်ခိုက်မှုက စစ်ကောင်စီအတွက်အထိနာတယ်။ အပျက်အစီးများတယ်ဆိုတော့ ဝမ်းသာတယ်။ နောက်ထပ်လည်း စစ်ကောင်စီအမြစ်ပြတ်ရေးအတွက် ဆက်လုပ်သွားမယ်။ ပြည်သူတွေဝန်းရံပေးပါ” လို့ ရှော့တိုက်ဒုံးပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ No More Dictatorship (NMD) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ရှော့တိုက်ဒုံးပစ်ခတ်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့က သူတို့ရဲ့ BWM Mission 40 အဖြစ် ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး Shadow (စစ်ကိုင်း) အဖွဲ့၊ No More Dictatorship (NMD) နဲ့ စစ်ကိုင်းမြို့ပြ ပြောက်ကျား (Infinity) တို့က ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

တပ်မ ၃၃
0 Shares:
You May Also Like
Read More

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှ ပြန်လာသည့် 96 Soldiers-PDF ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆို (ဓာတ်ပုံသတင်း)

ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးနောက် ချင်းပြည်နယ်ကနေ အညာမြေဆီ ပြန်လည်ရောက်ရှိလာတဲ့ 96 Soldiers-PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းမှ စစ်သား ၄ ဦး အလင်းဝင်နိုင်ရန် Yenanthar Column သွားရောက်ခေါ်ထုတ်ပေးခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကြောင်းကနေ စစ်မှုထမ်းတပ်သား ၄ ယောက် လက်နက်နဲ့ ထွက်ပြေးအလင်းဝင်ရောက်လာပြီး အကြမ်းဖက်စစ်တပ်ကို ပြန်တိုက်သွားဖို့ရှိကြောင်း မကွေးတိုင်း ပကဖရွေ့လျားစစ်ကြောင်း Yenanthar Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရဲစခန်းနဲ့ မနီးမဝေးမှာ ဂိတ်ချစစ်ဆေးနေတဲ့ ရဲတွေ ရှောင်တခင် ဝင်ပစ်ခံရလို့ ၃ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ ရဲစခန်းနဲ့ မနီးမဝေး ဂိတ်ချစစ်ဆေးနေတဲ့ အကြမ်းဖက်ရဲတွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲ၂ယောက်နဲ့ သတင်းပေး ၁ယောက် သေဆုံးသွားကြောင်း တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေ တိမ်းမှောက်၊ တစ်ဦး ပျောက်ဆုံးနေ

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေတစ်စီး တိမ်းမှောက်ခဲ့လို့ ၁၁ ယောက်ကို ကယ်ဆယ်ထားပြီး ၁ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
Read More

မိုးဗြဲမြို့တိုက်ပွဲတွင် ကျဆုံးခဲ့သည့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် အမှတ်(၁၀၀၁)တပ်ရင်း၏ ကျွဲချိုတပ်ခွဲမှ အသက် ၂၀ အရွယ် ရဲဘော်၏ စျာပန…

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် အမှတ်(၁၀၀၁)တပ်ရင်း ၊ တပ်ခွဲ-၃ (ကျွဲချိုတပ်ခွဲ) က ရဲဘော်ရဲ့ စျာပနအခမ်းအနား မှတ်တမ်းပုံရိပ်တွေကို ကျွဲချိုတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရေဦးကို ဝင်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ပြည်သူတွေကို သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေကို ကန့်ဘလူနယ်ထဲက အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေ နယ်မြေချဲ့ စစ်ကြောင်းထိုးလာတာဟာ ၅ရက်နီးပါးရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။