စစ်ကိုင်းတိုင်း မင်းကွန်းမြို့နယ် ကင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ ရတနာပုံတပ်ဦးမှ သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၂၈ ရက် နံနက်ပိုင်းက မင်းကွန်းရှိ စစ်ကောင်စီတပ်အထိုင်စခန်းကနေ အင်အား ၁၀၀ ခန့်နဲ့ ကင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၅ နာရီကြာ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေ ပြန်လည်စုဖွဲ့မှု ပြုလုပ်နိုင်ဖို့ ခေတ္တဆုတ်ခွာပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ညနေပိုင်းမှာ စ်ကိုင်းခရိုင်တပ်ရင်း(၁)၊စစ်ကိုင်းခရိုင်တပ်ရင်း(၂)၊ဇုန်(၄)ပူးပေါင်းအဖွဲ့တွေက ပြန်လည်စုဖွဲ့မှု ပြုလုပ်ပြီး စစ်ကောင်စီစစ်ကြောင်းကို ပြန်လည်ထိုးစစ်ဆင်ပြီး နယ်မြေရှင်း လင်းရေး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရတနာပုံတပ်ဦး(LPDF)၊ ဇုန်(၅)မင်းကွန်းတိုက်နယ်ပ.က.ဖ၊ People Servant Force(P.S.F)၊ ချမ်းမြသာစည်မြို့နယ်(ပ.ကဖ)နှင့်အတူ Unicornပြောက်ကြားအဖွဲ့၊ Acid LDF၊ နယ်မြေခံမဟာမိတ်တပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။

Video – ရတနာပုံတပ်ဦး

0 Shares:
You May Also Like
Read More

Myingyan Black Tiger ရဲဘော်တွေရဲ့ “ဗရုတ်သုက္ခ သင်္ကြန်သံချပ်” (ရုပ်/သံ)

မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း - Myingyan Black Tiger (MBT) ရဲဘော်တွေက တော်လှန်သင်္ကြန်သံချပ်ကို မိဘပြည်သူများအား ယခုလိုပဲ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။
Read More

ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၇) နှစ်မြောက်အခမ်းအနားကျင်းပ (ရုပ်/သံ)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ABSDF ဖွဲ့စည်းတည်ထောင်ခြင်း ၃၇ နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားကို အမှတ် - ၁ စစ်ကြောင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ABSDF က နိုဝင်ဘာ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဥပုသ်သီလယူဖို့ လူအများအပြားရှိနေတဲ့အချိန် ဘုန်းကြီးကျောင်းကို ဗုံးကြဲလို့ ပြည်သူ ၆ ဦး သေဆုံး၊ သံဃာတော်များ အပါအဝင် အများအပြားဒဏ်ရာရ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ကမ်းနီကျေးရွာဘုန်းကြီးကျောင်းကို ဒီနေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ယောက်သေဆုံးပြီး သံဃာတော်များ အပါအဝင် လူအများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပုလဲမြို့နယ် အင်မထီးပျူစခန်းနဲ့ ကံဒေါင့်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး ၁၀၀ ကျော်ကြဲချတိုက်ခိုက်မှု စစ်ကောင်စီလက်အောက်ခံ အများအပြားသေ(ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်မထီးပျူစခန်းနဲ့ ကံဒေါင့်ရဲစခန်းကို စက်တင်ဘာလအတွင်း ဒရုန်းနဲ့ ဗုံးသီး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ သေဆုံးခဲ့တယ်လို့  Eagle Wings Drone Force  ထံက သိရပါတယ်။
Read More

မုံရွာမှ မန္တလေးဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြား ကာယာဉ် ၇ စီးကို ဖေ‌ဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဒီပဲယင်းမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ လမ်းဆုံတောင်ဘက်ရှိ ပြည်သူနေအိမ် ၅ လုံးကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ယနေ့ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီခွဲအချိန်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဖြူရောင်ပကဖ (ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)က ဗီဒီယိုဖိုင်နဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။