ရှမ်း-ကရင်နီနယ်စပ်ရှိ မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေတဲ့အတွက် နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက် မိုးဗြဲမြို့ ပြန်လည်မကျရောက်သွားစေရေးအတွက် ကာကွယ်တိုက်ခိုက်နေတဲ့ မိုးဗြဲပြည့်သူ့ကာကွယ်ရေးတပ်ရဲ့ ၄ နှစ်ပြည့်အထိမ်းအမှတ် ကျပ်သိန်း ၅၀၀ အကူအညီ တောင်းခံမှုအစီအစဉ်မှာ ထောက်ပို့ပြည်သူများ တတ်အားသမျှ ဝိုင်းဝန်းထောက်ပို့ပေးကြဖို့ နှိုးဆော်ထားပါတယ်။

”မိုးဗြဲမှာ စစ်ကောင်စီရဲ့ထိုးစစ်ကို ကြံ့ကြံ့ခံရင်း နေ့စဉ်နီးပါးတိုက်ပွဲပြင်းထန်နေတာ အားလုံး အသိပဲဖြစ်ပါတယ်။ ဒေသတွင်း အရေးပါတဲ့မိုးဗြဲမြို့ကို စစ်ကောင်စီရဲ့ ပြန်လည် မထိန်းချုပ်နိုင်ရေး အားလုံး ပါဝင်ပေးကြဖို့လိုအပ်ပါတယ်”လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ဆိုပါ တယ်။

တပ်ရင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်းက ရောင်းချတဲ့ ထောက်ပို့ထီများကို ဝယ်ယူကံစမ်းကြဖို့ကိုလည်း နှိုးဆော်ထားပါတယ်။

Video- Mobye People Defense Force
0 Shares:
You May Also Like
Read More

SSNDF/KNDF ဗျူဟာအမှတ် (၉) စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

SSNDF/KNDF ဗျူဟာအမှတ် (၉) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၁၇ ရက်မှာ ကျင်းပပြု လုပ်ခဲ့တယ်လို့ Karenni Nationalities Defence Force က သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

ကန်နီပျူစခန်းသို့ ရိက္ခာပို့တဲ့ စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ကနေ ကန်နီပျူစခန်းကို ရိက္ခာပို့ဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက် ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ယောက် သေပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Myaing Supporting Battalion အဖွဲ့ထံက သိရပါတယ်။
Read More

ပဲခူးတိုင်း စိုးမိုးနယ်မြေအတွင်း ရေဘေးသင့်ကျေးရွာတွေကို PDF ပူးပေါင်းပရဟိတရဲဘော်တွေ က နေ့စဉ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေ (ရုပ်/သံ)

ပဲခူးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့် ကျေးရွာတွေကို PDF ပူးပေါင်းပရဟိတရဲဘော်တွေက နေ့စဉ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဧရာဝတီအမှတ် ၃ တပ်ရင်း - P26002 အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားအင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ နတ်ရေကန်စခန်းကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မုံရွာ-မန္တလေးလမ်းပိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာမှာ အင်အား ၁၀၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မေလ ၁၁ ရက် နေ့လယ်ပိုင်းက ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရှင်မကန်ပျူစခန်းအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မအရှေ့ဘက်ရှိ ရှင်မကန်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Cobra One တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။