အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေကြား နိုင်ငံရေးအခြေအနေနဲ့ မူဝါဒအပြောင်းအလဲတွေနဲ့အတူ တရားမဝင် နိုင်ငံခြားသားအရေး တင်းကြပ်လာတဲ့ အိန္ဒိယအစိုးရကြောင့် မြန်မာဒုက္ခသည်တွေအနေနဲ့ အထူးသတိပြုနေထိုင်သင့်တယ်လို့ India For Myanmar တာဝန်ရှိသူ ၁ ဦးက မောင်းကို ပြောပါတယ်။

လက်ရှိမှာလည်း နိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်နေကြတဲ့ ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို မူလနိုင်ငံပြန်လည်ပို့ဆောင်ဖို့ အိန္ဒိယအစိုးရက တင်းတင်းကြပ်ကြပ် လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေရဲ့ အချက်အလက်တွေကို UNCHR ရုံးက အိန္ဒိယအစိုးရကို လွှဲပြောင်းပေးအပ်ထားတာကြောင့် UNHCR မှာ စာရင်းပေးထားတဲ့ မြန်မာဒုက္ခသည်တွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့လိုအပ်တယ်လို့လည်း သိရတာပါ။

အိန္ဒိယအစိုးရရဲ့ ပစ်မှတ်ထားခံရနိုင်ခြေရှိသူလို့ ယူဆပါကလည်း UNHCR ကိုစာရင်းပေးထားတဲ့ လိပ်စာတွေမှာ နေထိုင်ခြင်းမပြုပဲ အခြားယုံကြည်ရတဲ့နေရာတွေမှာ ယာယီခိုလှုံနေထိုင်ကြဖို့ India For Myanmar က ဆိုပါတယ်။

ပုံစာ- အိန္ဒိယ မြန်မာ နယ်စပ်တစ်နေရာ (ပုံဟောင်း)

ပစ်မှတ်ထားခံရနိုင်ခြေနည်းသူတွေအနေနဲ့လည်း အိန္ဒိယအစိုးရက တရားဝင် အသိအမှတ်ပြုထားတဲ့ အထောက်အထားတွေမရှိဘဲ ခရီးသွားလာတာမျိုး မလုပ်ဆောင်ကြဖို့၊ UNHCR က ထုတ်ပေးထားတဲ့ ဒုက္ခသည်အထောက်အထားကတ် (UN Card) အပါအဝင် စာရွက်စာတမ်းတွေကိုလည်း အမြဲသယ်ဆောင်ထားကြဖို့၊ အခြေအနေတွေတည်ငြိမ်တဲ့အထိ ဘေးကင်းလုံခြုံစွာ နေထိုင်ကြဖို့နဲ့ မလိုအပ်ဘဲ စိုးရိမ်ထိတ်လန့်တာ၊ အထောက်အထားမခိုင်လုံဘဲ ရှောင်ထွက်တာမျိုးတွေ မလုပ်ကြဖို့ကိုလည်း ပြောပါတယ်။

“တစ်လလောက်အထိ အပြင်သွားတာ ခရီးသွားတာတွေရှောင်ပြီး အကောင်းဆုံးအလုံခြုံဆုံး နေထိုင်ဖို့အကြံပြုပါတယ်။ အခုက မူလနိုင်ငံပြန်ပို့ခံရတာအပြင် ပါကစ္စတန်နဲ့ပဋိပက္ခဖြစ်စဥ် ရှိထားတော့ လူထူတဲ့နေရာတွေမှာ အကြမ်းဖက်ဖြစ်စဥ် နောက်ဆက်တွဲတွေ ရှိလာနိုင်တယ်။ ဒါတွေကိုလည်းရှောင်ရှားနိုင်ဖို့ပါ” လို့ India For Myanmar တာဝန်ရှိသူ ၁ဦးကမောင်းကို ပြောခဲ့ပါတယ်။

အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ အိန္ဒိယကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ မြန်မာဒုက္ခသည် သောင်းနဲ့ချီရှိပြီး၊ အချို့ဟာ မဏိပူရ်နဲ့ အာသံပြည်နယ်တွေထဲမှာ ဖမ်းဆီးအကျဥ်းချခံရတာတွေနဲ့ ကြုံတွေ့နေရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို တခြားနိုင်ငံတွေထက် တရုတ်က ပိုလိုလားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော..

မြန်မာ့အရေးမှာ နိုင်ငံရေး ရင်ကြားစေ့ကြပြီး၊ တည်ငြိမ် တာရှည်ခံမယ့် ငြိမ်းချမ်းရေးကို ရရှိဖို့ ကူညီပေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာ့အရေးကုလအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများကြောင့် ဆိုးရွားနေသည့် မြန်မာနိုင်ငံ၏ အခြေအနေများကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရှင်းလင်းတင်ပြခဲ့

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ဆိုးရွားနေတဲ့ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ရလဒ်များကို ဇန်နဝါရီလကုန် ကြေညာမည်ဟု ရွေးကောက်ပွဲကော်မရှင် ပြော

စစ်အုပ်စုက ပြုလုပ်ဖို့ရှိတဲ့ အတုအယောင်ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်တွေကို လာမယ့်နှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ကြေညာမယ်လို့ စစ်တပ်ရဲံ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူတယောက်က စက်တင်ဘာ ၁၁ ရက် ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

အပစ်ရပ်ထားသည့် စစ်ကောင်စီ နိုင်ငံတဝန်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေဟု ကုလ ထုတ်ပြန်

အပစ်ရပ်ထားတဲ့ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ တိုက်ခိုက်မှုတွေကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးရုံးက အသိပေးထုတ်ပြန်ပါတယ်။
Read More

အာဆီယံထိပ်သီးစည်းဝေးပွဲ တက်ရောက်ရန် မလေးရှားနိုင်ငံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဲဖို့စ်ဝမ်းလေယာဥ်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ နိုင်ငံတကာလေဆိပ်မှာ ဆိုက်ရောက်ခဲ့ပြီဖြစ်ပြီး သမ္မတထရမ့်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် ကိုယ်တိုင် ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ဒဏ်သင့်ပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ မြန်မာစစ်ခေါင်းဆောင်ကို BIMSTEC အစည်းအဝေးဖိတ်တဲ့ကိစ္စ ဝန်ကြီးချုပ်အနေနဲ့ ကြေလည်စွာဖြေရှင်းပေးဖို့ ထိုင်းလွှတ်တော်မှာ တောင်းဆို

ငလျင်ဒဏ်သင့်နေတဲ့ မြန်မာပြည်သူလူထုအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘန်ကောက်မှာ ပြုလုပ်တဲ့ BIMSTEC အစည်းအဝေး ဖိတ်ကြားတဲ့ကိစ္စ ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ် အနေနဲ့ သေချာရှင်းလင်းပေးဖို့ ဧပြီလ ၃ ရက် ထိုင်းအောက်လွှတ်တော်အစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။