ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ အကြမ်းဖက်လေတပ်နဲ့ ပတ်သက်ဆက်နွယ်နေသူတွေရဲ့ ဆိုင်ခန်းတွေကို လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မေလ ၂၉ရက် မနေ့ကညနေပိုင်းမှာ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းရွာ အုပ်ချုပ်ရေးမှူးအောင်သူရဲ့ ဆွေမျိုးတွေ ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွဲ ၃ခန်းကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၃လုံး သွားရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

Yangon Army အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ တပ်ကြီးကုန်းရွာ အုပ်ချုပ်ရေးမှူးအောင်သူဟာ လေတပ်အငြိမ်းစားအသိုင်းအဝိုင်းက ဖြစ်ပြီး ညီဖြစ်သူဟာလည်း လက်ရှိ Y8 လေယာဥ်မောင်းရင်း လေတပ်အတွင်းတာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ရန်ကုန်တိုင်းအတွင်းအခြေပြုလှုပ်ရှားနေတဲ့ အနောက်ပိုင်းခရိုင်ပကဖနဲ့ Yangon Army (YA) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

“လေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့သူ၊ တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေနဲ့ ပတ်သက်တဲ့ ဆွေမျိုးမှန်သမျှ ကျနော်တို့ တိုက်ခိုက်သွားမယ်လို့ အသိပေးပါရစေ” လို့ Yangon Army (YA) အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

Yangon Army အဖွဲ့အနေနဲ့ အခုလ (မေလ)အတွင်း တိုက်ကြီးမြို့နယ်၊ မြို့မရဲစခန်းအပါအဝင် လှည်းကူးမြို့နယ်က ခမရ ၂၁၁ ဂိတ်ကင်း၊ စမ်းချောင်းမြို့နယ်၊ တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီပိုင် Y8 လေယာဥ်ကို တွေ့ရစဥ်
0 Shares:
You May Also Like
Read More

စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းပြီးနောက် မေလအတွင်း သေဆုံးသူ (၁၇) ဦးအထိရှိဟု AAPP ထုတ်ပြန်…

မေလ ၁ ရက်ကနေ ၂၈ ရက် ဒီနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးခဲ့သူ အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား (၁၆) ယောက် စုစုပေါင်း (၁၇) ယောက် ရှိခဲ့ပြီး နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရသည့် စစ်ကောင်စီတပ်သားသစ်တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရတဲ့ စစ်ကောင်စီတပ်သားသစ်တစ်ယောက် လက်နက်နဲ့တကွ တော်လှန်ရေးတပ်ဖွဲ့ထံ ဇွန်လ ၇ ရက်နေ့မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်းဆီက သိရပါတယ်။
Read More

အပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီ နောင်ချိုမြို့ကို ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၄) လုံး ထပ်မံကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတွေကို ဒရုန်းတွေ တိုက်မိုင်းတွေနဲ့ စောင့်ကြိုတိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်​ဂေါမြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာ ၆ယောက်ထက်မနည်းထိခိုက်သွားကြောင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပြည်သူနဲ့အတူ ဘုံကထိန်ပွဲ ပြုလုပ်ခဲ့တဲ့ မိုးမိတ်ခရိုင် ပ.က.ဖ ရဲဘော်များ… (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်အတွင်း ဒေသခံပြည်သူတွေ ပြုလုပ်ခဲ့တဲ့ ဘုံကထိန်ပွဲမှာ မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပ.က.ဖ )က ရဲဘော်တွေဟာ ပြည်သူနဲ့အတူ ပါဝင်လှူဒါန်းကူညီခဲ့တဲ့ ပုံရိပ်တွေကို မိုးမိတ်ခရိုင် ပကဖ သတင်းပြန်ကြားရေးစာမျက်နှာမှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကရင်နီမှာ တော်လှန်ရေးစိုးမိုးနယ်မြေ ကျယ်ပြန့်သွားစေတဲ့ ၁၁၁၁ စစ်ဆင်ရေး တစ်နှစ်ပြည့်ခဲ့ပြီ

၁ လေးလုံး စစ်ဆင်ရေးကို ကရင်နီတပ်ပေါင်းစုတွေက ကယားပြည်နယ် (ကရင်နီ)ရဲ့ မြို့တော် လွိုင်ကော်မြို့ဆီ ဦးတည်တိုက်ခိုက်ခဲ့တာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ၁ နှစ်တိတိပြည့်ခဲ့ပါပြီ။