မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်ဝင်ရောက်ကာ ကမ္မတပ်ပေါင်းစု KMDF စခန်းကို မီးရှို့ဖျက်ဆီးမှုကြောင့် ကျပ်သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ကမ္မကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၂၇ ရက်ကစလို့ ပခုက္ကူမြို့ကနေ ယာဉ်တွေနဲ့ ထွက်လာပြီး မှိုက်ပင်ကုန်းရွာကတစ်ဆင့် ငဖောင်ကန်ရွာနဲ့ ညောင်ဂျစ်ပင်ရွာပျူစခန်းအထိ ခြေလျင်စစ်ကြောင်း ထိုးလာတဲ့ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ မေလ ၂၈ ရက်မှာ ကမ္မတပ်ပေါင်းစုတော်လှန်ရေးအဖွဲ့ရဲ့ KMDF စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မီးရှို့ဖျက်ဆီးခံရမှုကြောင့် ကျပ်သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာမှုကြောင့် ကမ္မ-ပေါက်လမ်းပိုင်းရှိ ကျေးရွာပေါင်း ၁၅ ရွာမှာ အရပ်သားပြည်သူ ၂၀၀၀ ကျော် စစ်ဘေးလွတ်လာတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

Video – Kamma Defence Force KMDF

0 Shares:
You May Also Like
Read More

ဖလမ်းမြို့ စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၆၈ ကို ချင်းညီ‌နောင် သိမ်းပိုက်ထားမှုမြင်ကွင်း (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၆၈ ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ကျောက်ဆည်မြို့ မူကြိုကျောင်းပြိုကျမှုအတွင်း သေဆုံးသွားသည့် ဆရာမနှင့် ကလေးငယ်များကို ‌‌ရေစက်ချအမျှဝေပြီး အမိန့်စာပြန် (ရုပ်/သံ)

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က Bright Kids မူကြိုကျောင်း ငလျင်ဒဏ်ကြောင့် ပြိုကျမှုအတွင်း သေဆုံးသွားတဲ့ ကျောင်းဆရာမ၊ စျေးရောင်းသူအမျိုးသမီးနဲ့ ကလေး ၂၅ ယောက်အတွက် ဒီနေ့ ဧပြီ ၂ ရက်မှာ ရေစက်ချအမျှဝေပြီး အမိန့်စာပြန်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီလက်အောက်က လွတ်မြောက်ပြီဖြစ်တဲ့ မင်းတပ်မှာ အကနဲ့ အောင်ပွဲခံ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၇၄ ခြေမြန်တပ်ရင်း၊ ဗဟိုကင်း မင်းတပ်ရဲစခန်းနဲ့ ခရိုင်ပြည်သူ့ဆေးရုံကြီး စတဲ့နေရာတွေရှေ့မှာ တော်လှန်ရေးရဲဘော်တွေနဲ့အတူ အောင်ပွဲခံကခုန်နေတဲ့ ရုပ်သံဖိုင်တစ်ခုက ဒေါက်တာအငြိမ်းက ဒီဇင်ဘာ ၂၃ ရက် မနေ့ညပိုင်းက Facebook လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ 
Read More

တောင်ပိုင်းစစ်ဒေသ PDF တပ်ဖွဲ့တွေရဲ့ စစ်ရေးလေ့ကျင့်ပြင်ဆင်မှု (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသက PDF တပ်ဖွဲ့ဝင်တွေရဲ့ ပြင်းပြင်းထန်ထန်  စစ်ရေးလေ့ကျင့်နေတဲ့ ရုပ်သံမှတ်တမ်းတွေကို ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

သထုံမြို့ နောင်ဘိုရွာအဝင်ဆိုင်းဘုတ်တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ‌နောင်ဘိုရွာအဝင်ဆိုင်းဘုတ်မှာ စစ်ကော်မရှင်က ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း စာရွက်တွေကပ်ပြီး ပြည်သူတွေကို အသိပေး နှိုးဆော်တဲ့ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။