စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်မှာ အကြမ်းဖက်စစ်အုပ်စု အထိုင်ချတပ်စွဲဲထားမှုကြောင့် တိုက်နယ်၂ ခုက အရပ်သား ၁ သောင်းနီးပါး မိုးထဲရေထဲ စစ်ဘေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစလို့ ကန့်ဘလူမြို့နယ်၊ ချပ်သင်းနဲ့ ကိုးတောင်ဘို့တိုက်နယ် အထိုင်စခန်းတွေကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း၂ ခုဟာ အနီးအနားကျေးရွာတွေဆီ ဝင်ရောက်စီးနင်းရင်း သင်တောရွာအတွင်း အထိုင်ချတပ်စွဲခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်း၂ ခုမှာ စစ်ကောင်စီနဲ့ ပျူစောထီး စုစုပေါင်းအင်အား၂၀၀ ဝန်းကျင်အထိရှိပြီး အနီးအနားကျေးရွာတွေက ကျွဲ၊ နွား၊ လှည်းနဲ့ တန်ဖိုးရှိပစ္စည်းတွေ ခိုးယူနေခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ စစ်အုပ်စုက သင်တောရွာအတွင်းနဲ့ ရွာအပြင် ပတ်ပတ်လည်ကို ဘန်ကာတွေ အခိုင်အမာဆောက်လုပ်ရင်း ကင်းချဖို့ပြင်ဆင်နေတာကြောင့် အရပ်သားတွေ မိုးရွာထဲ စစ်ဘေးရှောင်နေရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူက ပြောပါတယ်။

“ကိုးတောင်ဘို့တိုက်နယ်နဲ့ ချပ်သင်းတိုက်နယ်က စစ်ရှောင်နေရတာ ၂နှစ်ကျော်နေပါပြီ။ အမြဲရှောင်နေရတာပါ။ အရင်ကတော့ အဝေးကြီးမရှောင်ကြဘူး။ အခုက အလယ်ခေါင်တည့်တည့် သင်တောရွာမှာပါ စစ်ကြောင်းက ထိုင်လိုက်တော့ ပိုအခက်တွေ့ကုန်ကြတယ်။ မိုးရွာတာလည်း ၁၀ရက်ကျော်နေပြီဆိုတော့ စစ်ရှောင်ရတာ ပိုခက်ခဲကြတာပေါ့” လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်အုပ်စုကြောင့် ကိုးတောင်ဘို့နဲ့ ချပ်သင်းတိုက်နယ်၂ ခုက ကံကြီး၊ ပေါက်ဆိန်ကုန်း၊ သင်တော၊ အောက်တဲ၊ ဇော်ချောင်း၊ မိဿလင်ကုန်းနဲ့ အနီးအနားကျေးရွာတွေမှာရှိတဲ့ အရပ်သား ၁သောင်းနီးပါး ဘေးလွတ်ရာ တိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကလည်း ကိုးတောင်ဘို့၊ မလည်နဲ့ ချပ်သင်းတိုက်နယ်တွေထဲက ကျေးရွာတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့လို့ အရပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။

ကိုးတောင်ဘို့တိုက်နယ်၊ သင်တောရွာအတွင်း တပ်စွဲဖို့ ပြင်ဆင်နေသည့် စစ်အုပ်စုများ (ဓာတ်ပုံ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့)

0 Shares:
You May Also Like
Read More

ဘူးသီးတောင်မြို့နယ်မှာ ဝါးခုတ်သွားရင်းပျောက်ဆုံးနေတဲ့ ဒေသခံ၂ ဦးကို ၄ရက်အကြာမှာပဲ အလောင်း ပြန်လည်တွေ့ရှိခဲ့…

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ရွာသစ်ကနေ ပျောက်ဆုံးနေတဲ့ ဒေသခံ ၂ ယောက်ကို ၄ ရက်အကြာမှာ ပြန်တွေရှိခဲ့ပြီး ၂ ယောက်စလုံးမှာ ဦးခေါင်းဖြတ်ပြီး အသတ်ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရသေ့တောင်မှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါ အရပ်သား အလောင်း ၁၃ လောင်း ရရှိထား၊ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ…

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားအလောင်း ၁၃ လောင်း ရရှိထားပြီး ဒဏ်ရာရသူ အယောက် ၂၀ ထက်မနည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ယမ်းသိုလှောင်ရာ နေရာများကို စစ်ကောင်စီ အဓိကထား တိုက်ခိုက်လာ၊ ဖားကန့်ရှိ ယမ်းသိုလှောင်ရာနေအိမ်ကို စစ်တပ် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့လို့ ကား ၃ စီးနှင့် နေအိမ် မီးလောင်ပျက်စီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာက ယမ်းသိုလှောင်ရာနေရာကို စစ်အုပ်စုက ဇွန်လ ၉ ရက် မနက် ၁ နာရီလောက်မှာ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် မြို့နယ်များမှ TNLA ပြန်လည်ဆုတ်ခွာရေး သဘောတူညီမှုမရခဲ့ဘဲ ကူမင်းတွေ့ဆုံပွဲ ပြီးဆုံး

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ တရုတ်အစိုးရ ကြားဝင်စီစဉ်မှုနဲ့ ပြုလုပ်တဲ့ ကူမင်းတွေ့ဆုံဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဖားဆောင်း ခလရ ၁၃၅ မကျရေး စစ်တပ်ခုခံနေ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က ခလရ (၁၃၅) စစ်စခန်းမကျရေးကို စစ်တပ်က ခုခံနေဆဲဖြစ်ပြီး တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။