မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သားအလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ တယ်လို့ မြင်းခြံခရိုင် အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၅ ရက် မနက်ပိုင်းကစတင်ပြီး နွားထိုးကြီးမြို့နယ် ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က စခန်းမကျစေရေး မေလ ၁၆ ရက် မနက်ပိုင်းမှာ လေကြောင်းပစ်ကူနဲ့ ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဝက်လူးနယ်မြေရဲစခန်း မျက်နှာစာအတွင်းပိုင်းထိ ထိုးဖောက်နေရာယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၉ ရက်မှာ ဇီကျေးရွာအနီးသို့ တပ်မ ၈၈ လက်အောက်ခံတပ်တွေဖြစ်တဲ့ ခလရ ၈၃၊ ခမရ ၁၀ တို့ ဝင်ရောက်လာတာကြောင့် တိုက်ပွဲ ၁ နာရီကြာဖြစ်ပွားကာ စစ်ကောင်စီတပ်သားတွေ အထိနာခဲ့ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၅ ရက်ကနေ မေလ ၁၉ ရက်အထိ ဖြစ်ပွားခဲ့တဲ့အတွက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀ နဲ့အထက် သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး စစ်သားအလောင်း ၁၀ လောင်းနဲ့ လက်နက် ၁၈ လက်၊ ကျည်မျိုးစုံ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ် လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၅၀ ကျော် အသုံးပြုခုခံခဲ့တယ်လို့ သိရပါတယ်။

Video – Myingyan District Drone Strike -MDDS

0 Shares:
You May Also Like
Read More

တပ်မရေနံမှော်ဘက် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးရဲစခန်းကနေ တပ်မရေနံမှော်ဘက်သို့  စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေခဲ့တယ်လို့  Bagan Bo Cho PDF ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ ချပေးတဲ့ Starlink

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ ချပေးတဲ့ Starlink အင်တာနက်စက်အပါအဝင် စက်ဘက်သုံးပစ္စည်းတွေနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)အောက်တိုဘာ ၂၆၊ ၂၀၂၄စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ ချပေးတဲ့ Starlink အင်တာနက်စက်အပါအဝင် စက်ဘက်သုံးပစ္စည်းတွေနဲ့ ခဲယမ်းတွေကို တော်လှန်ရေးပူးပေါင်း တပ်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီသင်္ဘောအုပ်စုကို လက်နက်ကြီးများ၊ စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ ဗိုလ်လင်းယုန်တပ်ဖွဲ့ ထုတ်ပြန်

မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို လက်နက်ကြီးတွေ၊ စနိုက်ပါတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ဗိုလ်လင်းယုန်တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ မံစီမြို့ရှိ ခမရ ၆၀၁ တပ်ရင်းမှူးအိမ်ရှေ့မှာ တော်လှန်ရေးရဲဘော်တွေ အောင်ပွဲခံကခုန် (ရုပ်/သံ)

ကချင်ပြည်နယ် မံစီမြို့ရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ ခမရ ၆၀၁ တပ်ရင်းမှူးအိမ်ရှေ့ မှာ တော်လှန်ရေးရဲဘော်တွေ အောင်ပွဲခံကခုန်နေကြတဲ့ ဗီဒီယီုတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါ တယ်။
Read More

တောင်ပိုင်းစစ်ဒေသ အမှတ် (၃) စစ်ဒေသခွဲမှာ ဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ ကလေးငယ်များ အတွက် ကစားကွင်းဖွင့်လှစ်ပေး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ တောင်ပိုင်းစစ်ဒေသ အမှတ် (၃) စစ်ဒေသခွဲမှာ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ ကလေးငယ်တွေအတွက် ကစားကွင်း ဖွင့်လှစ်ပေးထားတယ်လို့ စစ်ဒေသခွဲ အမှတ်(၃) တောင်ပိုင်းစစ်ဒေသရဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးတာဝန်ခံက အသိပေး ဖော်ပြထားပါတယ်။
Read More

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ပြီး ပြည်သူ အယောက် ၃၀ ကို ကယ်တင်မှုမှာ စစ်ကောင်စီတပ်သား ၅ ယောက်သေ၊ ၃ ယောက်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက ဒေါင်းနီတပ်ရင်း စိုးမိုးနယ်မြေကို ဇန်နဝါရီ ၄ ရက် နေ့လည်ပိုင်းက တပ်မ ၃၃ ဗိုလ်ကြီးအေးမင်းထွန်းဦးဆောင်တဲ့ အင်အား ၆၀ ခန့်ရှိ အကြမ်းဖက်စစ် ကောင်စီတပ်ဟာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ရင်းထံက သိရပါတယ်။