မန္တလေးတိုင်း၊ ​မိုးကုတ်မြို့နယ်၊ လယ်ဦးကျေးရွာနေထိုင် အမျိုးသားတစ်ယောက် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန် စွန့်လွှတ်မိုင်းတစ်လုံးကို နင်းမိရာ ပေါက်ကွဲပြီ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

မေလ (၂၄)ရက် ညပိုင်းက အသက် (၂၅)နှစ်အရွယ် မိုင်းအောင်အောင်ဆိုသူဟာ အရင်က စစ်ကောင်စီတပ်ရဲ့ မိုးကုတ်ဗျူဟာ လက်အောက်ခံတပ်ရင်း (၁၄၈)တပ်စခန်းဟောင်း (၅)မိုင်ဂိတ်ရှေ့မှာ မိုင်း နင်းမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်စဥ်ကို TNLA ရဲ့ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ အမျိုးသားဟာ ညာ‌ခြေတစ်ဖက်ပြတ်သွားခဲ့ပြီး ဘယ်ဘက်ပေါင်မှာလည်း ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့သည့် မေလ (၁၅)ရက်ကလည်း မူဆယ်မြို့နယ်၊ တုန်ခန်ကျေးရွာ‌နေ အသက် (၄ဝ)နှစ်အရွယ် ဦးမန်ဘဟာဒူးဆိုသူဟာ နွားကျောင်းနေချိန်အတွင်း သူ့ရဲ့ညာဘက်လက်က မိုင်းကိုဖိမိပြီး ပေါက်ကွဲကာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပါသေးတယ်။

(ဓာတ်ပုံ The Ta’ang Post)
0 Shares:
You May Also Like
Read More

သီပေါမှာ စစ်ကောင်စီတပ်ရဲ့ နင်းမိုင်းကြောင့် အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မိုင်းနင်းမိပြီး အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အုပ်ချုပ်ရေးမှူးကို ဝင်ရှင်းရင်း သားဖြစ်သူကပါ သေနတ်လုလို့ ၂ ယောက်လုံး ရှင်းလင်းခဲ့ရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊  ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီလက်ဝေခံ အုပ်ချုပ်ရေးမှူးတစ်ယောက်ကို ဝင်ရောက်ရှင်းလင်းရင်း သူ့ရဲ့သားဖြစ်သူကပါ သေနတ်လု ခုခံခဲ့တဲ့အတွက် ၂ ယောက်လုံးကို ရှင်းလင်းခဲ့ရကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF ၃၆၀၁) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
Read More

ရေးမြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးတွေမှု ရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

ဝေါ်လေအကြမ်းဖက်စစ်တပ်စခန်းကနေ ဈေးထွက်ဝယ်တဲ့ကား ပစ်ခတ်ခံရပြီး စစ်သား၂ ယောက် သေကာ ၃ ယောက် ဒဏ်ရာရ

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဝေါ်လေစခန်းကနေ ကျေးရွာအတွင်း ဈေးဝယ်ထွက်တဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ယောက်သေကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလောမြို့၊ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးကို နေအိမ်မှာတင် ပစ်ခတ်ရှင်းလင်း

တနင်္သာရီတိုင်း၊ ပုလောမြို့ရှိ စစ်ကောင်စီခန့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သူ့ရဲ့နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စုဂိတ်စခန်းတစ်ခုအား ဒရုန်း ၁၀ စီးဖြင့် တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ ပျူစောထီး‌ခေါင်းဆောင် သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စု ဂိတ်စခန်းတစ်ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းထံက သိရပါတယ်။