မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်က ကမ္မတပ်ပေါင်းစုရဲ့ Kamma Defence Force (KMDF) စခန်းကို မီးရှို့ဖျက်ဆီးခဲ့သလို လက်ရှိအချိန်အထိ ဆက်လက်စစ်ကြောင်းထိုးနေကြောင်း မြေပြင်​တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကို ပြောပါတယ်။

မေလ ၂၇ရက်နေ့ကစပြီး ပခုက္ကူမြို့ကနေ ကားတွေနဲ့ ထွက်လာတဲ့အကြမ်းဖက်စစ်တပ်ဟာ မှိုက်ပင်ကုန်းရွာကတဆင့် ငဖောင်ကန်ရွာနဲ့ ညောင်ဂျစ်ပင်ရွာပျူစောထီးစခန်း အထိ ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မေလ ၂၈ ရက်နေ့မှာ ညောင်ဂျစ်ပင်-ကန်တော်စခန်းလမ်းပိုင်းကတဆင့် ကမ္မမြို့အထိ အင်အား ၁၅၀ နီးပါးနဲ့ ဆက်လက်စစ်ကြောင်းထိုးဝင်ရောက်ရင်း ကမ္မတပ်ပေါင်းစု တော်လှန်ရေးအဖွဲ့ရဲ့ KMDF စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“စစ်ကြောင်းက ညောင်ဂျစ်ပင်က ကမ္မရဲစခန်းဆီဝင်မယ်ထင်တာ မဝင်ဘူး။ တပ်ဖွဲ့ဝင်တွေ သွားစောင့်တာ တစ်နေရာ ဖြစ်သွားတယ်။ အရင်လာတဲ့လမ်းတွေထက် တောလမ်းကိုပဲသုံးပြီး စခန်းကိုမီးဝင်ရှို့သွားတာပါ။ စခန်းက ဘာမှမယူခဲ့နိုင်ဘူးလို့ သိရတယ်။ ပျက်စီးဆုံးရှံးမှုတန်ကြေးက ကျပ်သိန်း ၄၀၀ ဖိုးလောက် အကုန်ပါသွားတယ်။ အကူအညီတွေ လိုအပ်နေပါတယ်” လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ပထမပတ်တုန်းကလည်း အကြမ်းဖက်စစ်ကြောင်း မြိုင်မြို့အထိ ထိုးဝင်ရောက်ချိန် ကာကွယ်ရေးတပ်ပေါင်းစုတွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့လို့ ကမ္မတပ်ပေါင်းစုက တော်လှန်ရေးအဖွဲ့ဝင် ၇ ယောက်
ကျဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရထားသူ ၁၀ ယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကြောင်းဟာ မန်ကျည်းသုံးပင်ရွာကို ရောက်ရှိနေသလို ပခုက္ကူမြို့ကနေလည်း ကားတွေနဲ့ နောက်ချန် အင်အားတွေ ထပ်မံဖြည့်တင်းနေတာကြောင့် ကမ္မ-ရေပြာကြားလမ်းပိုင်းကို အသုံးပြုခွင့်ပိတ်ထားကြောင်း ကမ္မတပ်ပေါင်းစု က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကြောင်းကြောင့် ကမ္မ-ပေါက်လမ်းပိုင်း၊ ကျေးရွာပေါင်း ၁၅ ရွာက အရပ်သား၂၀၀၀ ကျော် မိုးထဲလေထဲ တိမ်းရှောင်နေကြရ​ကြောင်း သိရပါတယ်။

မီးရှို့ဖျက်ဆီးခံရသည့် Kamma Defence Force (KMDF) စခန်း (ဓာတ်ပုံ KMDF)

0 Shares:
You May Also Like
Read More

အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုနဲ့ PDF တို့ စုပေါင်းမဟာဘုံကထိန်ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်ရာ ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကျေးရွာတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ စုပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပွဲပြုလုပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်အနုပညာရှင် မင်းမော်ကွန်း၏ ဖြတ် ရုပ်ရှင် ကနေဒါမှာ ပြသ (ဓာတ်ပုံသတင်း)

အာဏာသိမ်း စစ်ကောင်စီကို အနုပညာအားနဲ့ တော်လှန်တိုက်ခိုက်နေတဲ့ မင်းမော်ကွန်းရဲ့ ဖြတ် ရုပ်ရှင်ပြပွဲကို မတ်လ ၁၅ ရက်က ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗားမြို့၊ BCIT မှာ ကျင်းပခဲ့ပါတယ်။
Read More

မုံရွာမှာ ဓားပြတိုက်၊ လူသတ်၊ ကားလုယက်မှု ကျူးလွန်သူ ၆ ယောက်မှာ အသက် ၂၂ နှစ်အောက် လူငယ်တွေဖြစ်ပြီး အသက် ၂၀ အရွယ် မိန်းကလေး ၂ ယောက် ပါဝင်…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သလ္လာ အမှတ် ၄ ရပ်ကွက်၊ မိုဃ်းကောင်းလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်လူသတ် ကားလုယူမှုမှာ ကျူးလွန်သူ ၆ ယောက်မှာ အသက် ၂၂ အောက်တွေ ဖြစ်ပြီး မိန်းကလေး ၂ ယောက်ပါဝင်တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ထားပါတယ်။
Read More

ကနီမြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေထဲက ထိခိုက်ဒဏ်ရာရသူတွေနဲ့ မကျန်းမာတဲ့သူတွေကို ထောက်ပံ့ငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေထဲက ထိခိုက်ဒဏ်ရာရသူတွေနဲ့ မကျန်းမာတဲ့သူတွေကို ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ အခြေခံစိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့သင်တန်း ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ အခြေခံစိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေးအထောက်အပံ့သင်တန်းကို တပ်ဖွဲ့ရဲ့ ထိန်းချုပ်စိုးမိုးနယ် တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဘောလခဲမြို့ တိုက်ပွဲက မှတ်တမ်းဓာတ်ပုံများ ထုတ်ပြန်လာ… (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်၊ ဘောလခဲ မြို့က တိုက်ပွဲတွေက မှတ်တမ်းဓာတ်ပုံတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ ဒုစစ်ဦးချုပ် မာဝီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပြသထားပါတယ်။