တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၅၈) မှာ တာဝန်ကျနေတဲ့ စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၃၃ ၊ ဒေါနစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

မေလ ၂၉ ရက် ဒီနေ့မှာ ဒေါနတပ်ရင်း၊ ဗျူဟာ (၃၃) နယ်မြေအတွင်း ခမရ (၅၅၈) ​ကနေ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မစုဆောင်းခံရတဲ့ စစ်သား (၂) ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သား ၂ ယောက်ဟာ ဝဲဂလိအခြေစိုက် အမှတ် (၄) တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း တကက (၄) အပတ်စဥ် (၆) က သင်တန်းဆင်းတပ်သားတွေ ဖြစ်ပြီး MA3 (၁) လက် ၊ ကျည်ဘောက် (၁) ဘောက်၊ ကျည် (၂၅) တောင့်နဲ့ လာရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်စစ်သား ၂ ယောက်ထဲက ၁ ယောက်ဟာ တက္ကသိုလ်ဝင်တန်းအောင်ထားတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ညဘက်အပြင်သွားနေချိန် အတင်းအဓမ္မ တပ်သားအဖြစ် စုဆောင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ကျန်တစ်ယောက်ကလည်း သူ့ရဲ့ မွေးရပ်ဇာတိမှာ အငှားယာဥ်ပြေးဆွဲသူ ဖြစ်ပြီး ခရီးသည်ပို့ဆောင်ချိန် ည ၁၁ နာရီခန့်မှာ အတင်းအဓမ္မ စုဆောင်းခံခဲ့ရတယ်လို့ သိရပါတယ်။

“စစ်တပ်၏ အာဏာရှင်စနစ်ကို မကြိုက်၍ CDM ဝင်ခဲ့သည်၊ ပစ အယောက် (၁၀၀) တွင် (၁၀) ယောက်ခန့်သာ တပ်ထဲနေချင်နေကြပြီး အယောက် (၉၀) လောက်က ထွက်ပြေးချင်နေကြပါသည်၊ စစ်တပ်အထဲတွင် ထိန်းချုပ်မှုများလွန်ကဲပြီး အပြစ်ပေးစနစ်ကိုပို၍တင်းကြပ်လာပြီး တပ်အတွင်းတွင်လုံခြုံမှုနည်းလာသည်၊ ထွက်ပြေးသွားကြသူများပြားလာ၍ ဗိုလ်မှူးများကထွက်ပြေးတဲ့ကောင်ကို ဟိုဖက်က ထမင်း (၂) နပ်လောက်ပဲကျွေးပြီး စစ်ဆေးမေးမြန်းပြီးရင် လည် လှီး သတ်ကြမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်၊ ကျန်ရှိနေသော တပ်သားများ အဆက်အသွယ်ယူကြပြီး အမြန်ဆုံး CDM ဝင်ကြရန်၊ ယခုလဲ အာဏာရှင်စကစ စစ်တပ်ကိုမကြိုက်၍ပြန်ပြီးတော်လှန်သွားမည်” လို့ အလင်းဝင်ရောက်လာသူတပ်သား (၂) ယောက်က ထွက်ဆိုကြောင်း ဒေါနတပ်ရင်းက ဆိုပါတယ်။

ဗျူဟာ (၃၃) စစ်ဆင်ရေးမှူးကလည်း CDM အလင်းဝင်ရောက်လာသူတွေကို နွေးထွေးစွာ ကြိုဆိုလက်ခံနေသလို ကျန်ရှိနေတဲ့ စစ်သားတွေအနေနဲ့လည်း အလကားအသက် အသေမခံဘဲ ပြည်သူနဲ့ အမြန်ဆုံး ပူးပေါင်းဖို့ ဒေါနတပ်ရင်းက အသိပေးတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့အတွင်း ဒီဇင်ဘာလ အားကစားပြိုင်ပွဲ ကျင်းပ…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) - YPDF ရဲ့ ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က မွန်းလွဲပိုင်းက တပ်ဖွဲ့ ဗဟိုဌာနချုပ် အားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ YPDF က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်ကြောင့် ပြည်ပထွက်ပြေးနေရသည့် မြန်မာလုပ်သားများကို လိုက်လံ ကာကွယ်ပေးဦးမည်ဟု ခင်ရီ ပြော

အကြမ်းဖက်စစ်တပ် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသား အများအပြား ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်နေရသည့်တိုင် အဆိုပါ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီက ပြည်ပရောက် မြန်မာလုပ်သားတွေကို ကာကွယ်ပေးဦးမယ်လို့ မဲဆွယ်ပြောကြားနေပါသေးတယ်။
Read More

နတ်မောက်နယ် မြင်းတဲကြီးရွာထဲက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ မြင်းတဲကြီးရွာထဲကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ၉၀၂ တပ်ရင်းရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ နိုဝင်ဘာ ၂၈ ရက်၊ မနက် ၇ နာရီလောက်မှာ မြင်းတဲကြီးရွာကနေ အင်အား ၉၀ ကျော်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို မြင်းတဲကြီး နဲ့ ထနောင်းကုန်းရွာကြားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ၁ နာရီခွဲခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
Read More

အင်း‌လေးကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် စစ်ကြောင်းကို တိုက်ခိုက်၊ PNO စစ်သား ၅ ဦးထက်မနည်း သေပြီး ၄ ဦး အရှင်ဖမ်းမိ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် စစ်ကြောင်းကို တိုက်ခိုက်ရာ PNO စစ်သား ၅ ဦးထက်မနည်း သေပြီး ၄ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၉) တပ်ရင်း - အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်၊ စစ်သား ၃ ဦး သေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် သေဆုံးမှုရှိခဲ့တယ်လို့ Thunderbird People’s Defense Force - မိုးကြိုးငှက်အဖွဲ့ - စစ်ကိုင်းက အောက်တိုဘာ ၁၃ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုက ဆည်မြောင်းဝန်ထမ်းမရှိတဲ့ ဂမုန်းဆည် မကျိုးဖို့ PDF တွေ တာဝန်ယူဆောင်ရွက်နေရ

အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအနှံ့ ရေကြီး၊ ရေလျှံမှုတွေ ကြုံတွေ့နေရတဲ့အလျောက် ဂမုန်းရေလှောင်တမံဟာလည်း ကန်ရေပြည့်အမှတ်ထိ ရောက်ခဲ့ကာ တမံကျိုးပေါက်နိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။