တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၅၈) မှာ တာဝန်ကျနေတဲ့ စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၃၃ ၊ ဒေါနစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

မေလ ၂၉ ရက် ဒီနေ့မှာ ဒေါနတပ်ရင်း၊ ဗျူဟာ (၃၃) နယ်မြေအတွင်း ခမရ (၅၅၈) ​ကနေ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မစုဆောင်းခံရတဲ့ စစ်သား (၂) ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သား ၂ ယောက်ဟာ ဝဲဂလိအခြေစိုက် အမှတ် (၄) တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း တကက (၄) အပတ်စဥ် (၆) က သင်တန်းဆင်းတပ်သားတွေ ဖြစ်ပြီး MA3 (၁) လက် ၊ ကျည်ဘောက် (၁) ဘောက်၊ ကျည် (၂၅) တောင့်နဲ့ လာရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်စစ်သား ၂ ယောက်ထဲက ၁ ယောက်ဟာ တက္ကသိုလ်ဝင်တန်းအောင်ထားတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ညဘက်အပြင်သွားနေချိန် အတင်းအဓမ္မ တပ်သားအဖြစ် စုဆောင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ကျန်တစ်ယောက်ကလည်း သူ့ရဲ့ မွေးရပ်ဇာတိမှာ အငှားယာဥ်ပြေးဆွဲသူ ဖြစ်ပြီး ခရီးသည်ပို့ဆောင်ချိန် ည ၁၁ နာရီခန့်မှာ အတင်းအဓမ္မ စုဆောင်းခံခဲ့ရတယ်လို့ သိရပါတယ်။

“စစ်တပ်၏ အာဏာရှင်စနစ်ကို မကြိုက်၍ CDM ဝင်ခဲ့သည်၊ ပစ အယောက် (၁၀၀) တွင် (၁၀) ယောက်ခန့်သာ တပ်ထဲနေချင်နေကြပြီး အယောက် (၉၀) လောက်က ထွက်ပြေးချင်နေကြပါသည်၊ စစ်တပ်အထဲတွင် ထိန်းချုပ်မှုများလွန်ကဲပြီး အပြစ်ပေးစနစ်ကိုပို၍တင်းကြပ်လာပြီး တပ်အတွင်းတွင်လုံခြုံမှုနည်းလာသည်၊ ထွက်ပြေးသွားကြသူများပြားလာ၍ ဗိုလ်မှူးများကထွက်ပြေးတဲ့ကောင်ကို ဟိုဖက်က ထမင်း (၂) နပ်လောက်ပဲကျွေးပြီး စစ်ဆေးမေးမြန်းပြီးရင် လည် လှီး သတ်ကြမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်၊ ကျန်ရှိနေသော တပ်သားများ အဆက်အသွယ်ယူကြပြီး အမြန်ဆုံး CDM ဝင်ကြရန်၊ ယခုလဲ အာဏာရှင်စကစ စစ်တပ်ကိုမကြိုက်၍ပြန်ပြီးတော်လှန်သွားမည်” လို့ အလင်းဝင်ရောက်လာသူတပ်သား (၂) ယောက်က ထွက်ဆိုကြောင်း ဒေါနတပ်ရင်းက ဆိုပါတယ်။

ဗျူဟာ (၃၃) စစ်ဆင်ရေးမှူးကလည်း CDM အလင်းဝင်ရောက်လာသူတွေကို နွေးထွေးစွာ ကြိုဆိုလက်ခံနေသလို ကျန်ရှိနေတဲ့ စစ်သားတွေအနေနဲ့လည်း အလကားအသက် အသေမခံဘဲ ပြည်သူနဲ့ အမြန်ဆုံး ပူးပေါင်းဖို့ ဒေါနတပ်ရင်းက အသိပေးတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းငလျင်ကြီးအပြီး ၅ လနီးပါး ကြာမြင့်ချိန် Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၁ လောင်း တွေ့ရှိ…

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုမှ အလောင်း ၁ လောင်း ထပ်မံ တူးဖော်ရရှိကြောင်း စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမေရိကန်ဖွား ကာဒီနယ် ရောဘတ် ဖရန်စစ် ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ကြေညာ

ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသက် ၆၉ နှစ်အရွယ် အမေရိကန်ဖွား ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ဗာတီကန်မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။
Read More

KIA နှင့် TNLA ရှေ့ပြေးညှိနှိုင်းရေးများ စတင်နေပြီဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် အသိပေး

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA နဲ့ တအာင်းတပ်မတော် PSLF/TNLA တို့ နှစ်ဖွဲ့ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးတွေ စတင်နေပြီလို့ KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အသိပေးပြောကြားပါတယ်။
Read More

မုံရွာ နမခကို ရှော့တိုက်ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဌာနချုပ် အဆောက်အဦးများ ထိခိုက်ပျက်စီးပြီး အရာရှိများအပါ သေဆုံးသူ ၂၂ ယောက်အထိ ရှိခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ဝန်းထဲကို ရှော့တိုက်ရော့ကတ်တွေ ပစ်ခတ်တိုက်ခိုက်မှုမှာ အဆောက်အဦးတွေ ထိခိုက်ပျက်စီးပြီး အရာရှိတွေအပါအဝင် သေဆုံးသူ  ၂၂ယောက်အထိရှိခဲ့တယ်လို့ Chindwin Rocket Brother-CRB တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဂွမြို့နယ် ကူတို့လေးကျေးရွာကို အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၃ ယောက် သေဆုံး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကူတို့လေးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ယောက် အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။