ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးချေမှုန်းခံရပြီး အယောက် ၃၀ ဖမ်းဆီးရမိကာ အများအပြားသေဆုံးသွားတယ်လို့ သိရပါတယ်။

မေလ ၂၇ ရက်ကစတင်ပြီး ကရင်ပြည်နယ် မြဝတီမြို့နယ် DKBA ဌာနချုပ် ဆုံဆည်းမြိုင်သို့ ရောက်ရှိနေတဲ့ အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုးစခန်းသို့ စစ်ကူလာတဲ့စစ်ကြောင်းဖြစ်ပြီး အယောက် ၃၀ ကျော် ဖမ်းဆီးမိကာ အများအပြားသေဆုံးသွားတယ်လို့ သိရပါတယ်။

လက်ရှိ သေ့ဘောဘိုးရွာရှိ စစ်ကောင်စီစခန်းကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။

Video – Thoolei Poe
0 Shares:
You May Also Like
Read More

လေးကေ့ကော်မြို့နယ် စွယ်တော်ကုန်းတိုက်ပွဲမှာ အသက်ပေးလှူသွားတဲ့ Cobra Column 2 VENOM ရဲဘော်သောင်းလှအတွက် အမိန့်ပြန်တမ်းထုတ်ပြန် (ရုပ်/သံ)

ကရင်ပြည်နယ် လေးကေ့ကော်မြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်းစခန်းသိမ်းတိုက်ပွဲမှာ ရဲဘော် သောင်းလှကျဆုံးခဲ့ရတယ်လို့ Cobra Column 2 VENOM ထံက သိရပါတယ်။
Read More

ချောင်းဦး-မြင်းမူ လမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်းကို လုံခြုံရေးယူထားတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ ၃ ယောက်သေခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

KNDF ဗျူဟာအမှတ် -၂ မှ ရဲဘော်တွေ ရှေ့တန်းမှာ ဘယ်လိုတိုက်ခိုက်လဲ (ရုပ်သံ)

KNDF ဗျူဟာအမှတ် -၂  ရဲဘော်တွေ ရှေ့တန်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့နေတဲ့ မှတ်တမ်းရုပ်သံတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
Read More

ချောင်းဦးမြို့နယ် ကင်းမွန်းတော်ရွာမှာ အကြမ်းဖက်စစ်တပ် အထိုင်ချထားတဲ့ နေရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်းတော်ရွာမှာ အကြမ်းဖက်စစ်တပ်အထိုင်ချထားတဲ့ နေရာကို အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ 5/Fighter Group အဖွဲ့ထံက သိရပါတယ်။
Read More

မြန်မာပြည်သူများနှင့်အတူ ပြန်လည်ထူထောင်ရေး ကူညီဖို့အသင့်ရှိကြောင်း အမေရိကန်သံရုံး ထုတ်ပြန် (ရုပ်/သံ)

ငလျင်ဒဏ်ခံစားနေရတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ စည်းလုံးညီညွတ်စွာ ရပ်တည်ပြီး ပြန်လည် ထူထောင်ရေးကြိုးပမ်းမှုကို ကူညီဖို့ အသင့်ရှိကြောင်း အမေရိကန်သံရုံး အကြီးအကဲ ဆူဆန်စတီဗင်ဆင်က ပြောကြားခဲ့ပါတယ်။
Read More

ပျော်ဘွယ်မြို့နယ် ကျောက်ဖျာရွာသစ်ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ကျောက်ဖျာရွာသစ်ဘုန်းကြီးကျောင်းမှာ ရောက်ရှိနေတဲ့ စစ် ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက်သေဆုံးခဲ့တယ်လို့ သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ က သတင်းထုတ်ပြန်ထားပါတယ်။