ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ အယောက် ၃၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပါတယ်။

အင်အား ၇၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး DKBA ဌာနချုပ် ဆုံဆည်းမြိုင်အနီးသို့ ရောက်ရှိနေစဉ် KNLA မဟာမိတ်ပူးပေါင်းတပ်တွေက ပိတ်ဆို့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မနေ့က မေလ ၂၇ ရက်နဲ့ ဒီနေ့ မေလ ၂၈ ရက်၊ ၂ ရက်တာ တိုက်ခိုက်မှုအတွင်း တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်းတစ်ခုလုံး ပြုတ်သွားပြီး ၃၀ ကျော် ဖမ်းဆီးခံရကာ အများအပြားသေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းဆီက လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video-Sun Poe
0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံတွင်း ဒေါက်တာဇော်ဝေစိုး ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေသည့် ဘေးကင်းဆေးရုံတည်ဆောက်ရေး ပြည်သူများ အားဖြည့်ကူညီပေးကြဖို့ တိုက်တွန်း (ရုပ်/သံ)

မြန်မာပြည်တွင်းကို ပြန်လည်ရောက်ရှိကာ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ပြည်သူတွေနဲ့ တသားတည်း ပါဝင်နေတဲ့ NUG ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးဟာ ဘေးကင်းဆေးရုံတွေ တည်ဆောက်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
Read More

ဆားလင်းကြီးမြို့ကနေ ရိက္ခာပို့ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီအမြန်ရေယာဉ် ၂ စီးကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ ဆားလင်းကြီးမြို့သို့ တပ်အချိန်အပြောင်းနဲ့ ရိက္ခာပို့ပြန်လာတဲ့ အကြမ်း ဖက်စစ်ကောင်စီအမြန်ရေယာဉ် ၂ စီးကို စက်တင်ဘာ ၂၇ ရက် နေ့လည်ပိုင်းက စတင်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်၄တပ်ရင်း _ Chindwin Attack Force ထံက သိရပါတယ်။
Read More

ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပျံလွှားစစ်ကြောင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

မူဆယ်မှာ အခွန်မပေးတဲ့ ကျားဖြန့်တွေကို ဝင်ဖမ်းတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်တွေ ပစ်ခတ်မှုဖြစ်ပွား (ရုပ်/သံ)

ရှမ်းပြည်နယ် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ဒီဇင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းက (အွန်လိုင်းငွေလိမ်ဂိုဏ်း) ကျားဖြန့်လုပ်ကိုင်သူတွေကို ဝင်ရောက်ဖမ်းဆီးတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

နမခ ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိအပါအဝင် ၉ ဦး သေပြီး ၁၆ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို မတ်လ ၂၃ ရက် ညပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar အဖွဲ့ထံက သိရပါတယ်။
Read More

ကမ္မမြို့ပေါ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်ရှိ ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။