အကြမ်းဖက်စစ်တပ်က ဖက်ဆစ်အပြုအမူအတိုင်း ရိုင်းစိုင်းစွာနဲ့ ဆေးရုံဆေးခန်းနဲ့ စာသင်ကျောင်းတွေလို အရပ်ဖက်ပစ်မှတ်တွေအပါအဝင် လေကြောင်းကနေ ရက်ရက်စက်စက် တိုက်ခိုက်နေချိန်မှာ ဘေးကင်းလုံခြုံတဲ့ ဆေးရုံဆေးခန်းတွေ လိုအပ်နေတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောဆိုလိုက်ပါတယ်။

မေလ ၂၄ ရက်ကနေ ဇွန်လ ၃၀ ရက်အထိ ပြုလုပ်နေတဲ့ ဒေါ်လာ ၄ သိန်း ရရှိဖို့ ရည်ရွယ်ထားတဲ့ Safe Hospital Safe Healthcare ကမ်ပိန်းမှာ ပါဝင်ဖို့ တိုက်တွန်းနှိုးဆော်တဲ့ ပြောကြားမှုအတွင်း ကိုမင်းကိုနိုင်က ထည့်သွင်းပြောကြားခဲ့တာပါ။

“ဖက်ဆစ်တပ် ဖက်ဆစ်အပြုအမူအတိုင်း ရိုင်းရိုင်းစိုင်းစိုင်း ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေလို အရပ်ဖက်ပစ်မှတ်တွေကို သဲသဲမဲမဲ လေကြောင်းကနေ တိုက်ခိုက်နေချိန်မှာ တိုက်ပွဲဝင်မယ့် ရဲဘော်တွေအပါအဝင် ပြည်သူလူထုအတွက်ရော ကျန်းမာရေးအပြင် အရေးပေါ်တိုက်ပွဲ ဖြစ်နေတဲ့အခါမျိုးတွေမှာ မနေ့ကဆိုလည်း ရဲဘော်တစ်ယောက် မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတယ်၊ ဒါ့ကြောင့် အခု လိုအပ်နေပါတယ်” လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။
ဆေးကုသပေးမယ့်နေရာမှာ ကျန်းမာရေး CDM ဝန်ထမ်းတွေ၊ လေ့ကျင့်သင်ကြားပေးထားသူတွေ လူသားအရင်းအမြစ်အပြည့်ရှိပြီး လိုအပ်တဲ့ ကိရိယာတွေကိုလည်း ရှိတာနဲ့ ဖြစ်အောင် လုပ်ဆောင်နေတဲ့အတွက် စိတ်ချလုံခြုံတဲ့ ဆေးရုံဆေးခန်းတွေသာ လိုအပ်တယ်လို့ ဦးမင်းကိုနိုင်က ပြောဆိုထားပါတယ်။

ပါဝင်လှူဒါန်းချင်သူတွေအနေနဲ့ OFP Fund Raiser တွေ၊ GoFundMe (Brighter Future Foundation နဲ့ HDFM) နဲ့ Spring CrowdFund (SCF) တို့ကတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပြီး မြန်မာနိုင်ငံမှာ ဘေးကင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက် ဘေးကင်းတဲ့ ဆေးရုံတွေ တည်ဆောက်နိုင်ဖို့ ပါဝင်ကူညီလှူဒါန်းဖို့ ဦးမင်းကိုနိုင်က ဖိတ်ခေါ်ထားပါတယ်။
0 Shares:
You May Also Like
Read More

ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်နိုင်ငံများသည် အကြမ်းဖက်မင်းအောင်လှိုင်၏ ရာဇဝတ်မှု မိတ်ဖက်များဟု JFM ထုတ်ပြန်

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ ရာဇဝတ်မှု မိတ်ဖက်တွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တိုက်ပွဲအတွင်း ဖမ်းမိတဲ့ PNLA ရဲဘော် ၅ ယောက်ကို နှိပ်စက်သတ်ဖြတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ရဲဘော် ၅ ယောက်ကို နှိပ်စက်ကာ သတ်ဖြတ်ခဲ့တယ်လို့ PNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံး၊ ၂၀ ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၁၀ ယောက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရရှိခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တောင်ကုတ်က အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA သိမ်းပိုက်၊ စစ်တပ်က အရာရှိတွေအပါ တပ်ဖွဲ့ဝင်အများအပြား အလံဖြူထောင် လက်နက်ချ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နဲ့ ကပ်လျက်မှာ ရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA က သိမ်းပိုက်ရာ စစ်တပ်က အရာရှိတွေအပါအဝင် တပ်ဖွဲ့ဝင်အများအပြား အလံဖြူထောင် လက်နက်ချခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်၏ မိုင်းထောင်ခြင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် အရပ်သား (၁) ဦး သေဆုံးပြီး ကလေးငယ် (၂) ဦး ထိခိုက် ဒဏ်ရာရရှိ…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထု အသုံးပြုတဲ့ လမ်းတွေမှာ မိုင်းထောင်ထားတာ၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သား ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး ကလေးငယ် (၂) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလတစ်လတည်းမှာပင် အမျိုးသမီး ၆၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ တစ်လတည်းမှာပဲ နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၁ ဦးသေဆုံးခဲ့တယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကထုတ်ပြန်လိုက်ပါတယ်။