ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မေလ ၂၇ ရက် ဒီနေ့မှာ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းအချို့ သိမ်းပိုက်ရရှိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ စတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးဟာ ၆ လခန့်ကြာချိန် ဒီနေ့မှာတော့ ဗန်းမော်မြို့ရှိ စစ်ကောင်စီရဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၂၁) အပါအဝင် လက်ကျန် တပ်စခန်းတွေ သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

မေလ ၂၀ ရက်ကလည်း ဗန်းမော်မြို့ကို စစ်ကူလာပို့တဲ့ စစ်ကောင်စီ ရဟတ်ယာဉ် ၃ စီးထဲက ၂ စီးကို KIA ပူးပေါင်းတပ်က ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပါတယ်။

KIA ပူးပေါင်းတပ်က ဗန်းမော်မြို့ရှိ စကခ (၂၁) ဌာနချုပ် လုံခြုံရေးကာကင်းတပ်ရင်းတွေဖြစ်တဲ့ အမြောက်တပ်၊ ခလရ (၂၃၆) တပ်ရင်းနဲ့ တင့်ကားတပ်ရင်း၊ သံချပ်ကာတပ်ရင်း၊ ဗန်းမော်လေယာဉ်ကွင်း၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာတွေကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ဗန်းမော်မြို့ မကျရေးအတွက် လေကြောင်းပစ်ကူ အလွန်အကျွံအသုံးပြု ခုခံနေပြီး ဂျက်ဖိုက်တာ၊ Y12၊ Y8 လေယာဉ်တွေ အသုံးပြုဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေကာ စစ်ကူတွေပါ လေကြောင်းကနေ ပို့ဆောင်နေတာ ဖြစ်ပါတယ်။

တိုက်ပွဲကြောင့် ပျက်စီးနေသည့် ဗန်းမော်မြို့မြင်ကွင်း (ဓာတ်ပုံ Banmaw Scout Team)

0 Shares:
You May Also Like
Read More

ဂွမြို့ရဲ့ မြို့စောင့်တပ်ရင်း ၂ ခုထဲက ခမရ ၅၆၃ တပ်ရင်းကို AA သိမ်းပိုက်၊ ခမရ ၅၆၂ တပ်ရင်းကိုလည်း အပြင်းအထန် ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ ဂွမြို့အခြေစိုက် မြို့စောင့်တပ်ရင်း ၂ ခုထဲ တစ်ခုဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၆၃ တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်ပြီး ကျန်ရှိနေတဲ့ ခမရ ၅၆၂ တပ်ရင်းကို အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ရခိုင်ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တောင်သာမှာ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့ အနောက်ဘက်၊ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။
Read More

TNLA ထိန်းချုပ်နယ်မြေများမှာ မေလတစ်လအတွင်း စစ်ကောင်စီတပ် စွန့်ပစ်မိုင်းများကြောင့် ပြည်သူ (၂)ဦး သေဆုံး၊ (၃)ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးရာဒေသတွေမှာ မေလတစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စွန့်ပစ်မိုင်းများကြောင့် အရပ်သားပြည်သူ (၂) ယောက် သေဆုံးပြီး (၃) ယောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်းကာလအတွင်း အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှု စစ်ကိုင်းတိုင်းက အများဆုံးဖြစ်နေ

စစ်တပ်က အာဏာသိမ်းထားတဲ့ကာလအတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေရဲ့ နေအိမ် တစ်သိန်းကျော်ကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data For Myanmar အဖွဲ့က မနေ့က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းမြန်မာနယ်စပ်ရှိ မော်ခီးစစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်များ ​ထိုးစစ်ဆင်တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ ဝေါလေဒေသက စစ်ကောင်စီရဲ့ မော်ခီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကနီပညာရေးတာ၀န်ခံ မတရား သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး တောင်းဆို လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ယင်းမာပင်ခရိုင် ကနီမြို့နယ် ပညာရေးတာဝန်ခံ မတရားသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး၊ CDM များ လုံခြုံမှုရှိရေး ရေဦးမြို့နယ် ‌ကြားကာလတက္ကသိုလ်ကျောင်းသူကျောင်းသားများက တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။