မြန်မာနိုင်ငံတစ်ဝန်း မေလအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၉၇) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

မေလ ၁ ရက်ကနေ မေလ ၂၇ ရက် ဒီနေ့အထိ နိုင်ငံတစ်ဝန်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၆၆) ယောက်နဲ့ အမျိုးသား (၃၁) ယောက် စုစုပေါင်း (၉၇) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် (၃၆) ယောက် ပါဝင်တယ်လို့လည်း AAPP က ဆိုပါတယ်။
စစ်ကိုင်းတိုင်းမှာ သေဆုံးမှုအများဆုံးနဲ့ သေဆုံးသူ ၅၁ ယောက်အထိ ရှိပြီး ဒုတိယအများဆုံးအဖြစ် ပဲခူးတိုင်းမှာ သေဆုံးသူ (၁၆) ယောက် ရှိခဲ့းတယ်လို့ သိရပါတယ်။

မေလ ၂၅ ရက် မနက်ပိုင်းက ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဟင်္သာဝဲကျေးရွာအုပ်စုရှိ ကျွန်းကြီး ကျေးရွာရှိ မင်္ဂလာဆောင်ပွဲကျင်းပနေတဲ့နေရာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သတို့သမီးနဲ့ အသက် ၅နှစ်အရွယ် ကလေးငယ် ၂ ယောက် အပါအဝင် ဒေသခံ (၁၂) ယောက် ဗုံးစထိမှန်သေဆုံးခဲ့ပြီး ၄၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – ကျွန်းကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုအပြီး မြင်ကွင်းတစ်ချို့…
0 Shares:
You May Also Like
Read More

နောင်ချိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် သံဃာတော် (၁)ပါး ပျံလွန်ပြီး ပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အင်းဝိုင်းကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သံဃာတော် (၁)ပါး ပျံလွန်တော်မူပြီး ဒေသခံပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ညီနောင်မဟာမိတ် စိတ်ဓာတ်နဲ့အတူ တော်လှန်ရေးခရီး ဆက်လျှောက်မယ်လို့ TNLA ထံ MNDAA နဲ့ AA သဝဏ်လွှာပေးပို့

တစ်ဖွဲ့ရဲ့လိုအပ်ချက်ကို တစ်ဖွဲ့က မဟာမိတ်စိတ်ဓာတ်အပြည့်နဲ့ ကူညီပံ့ပိုးရင်း တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းမယ်လို့ တအာင်းတပ်မတော် TNLA ထံ ညီနောင်မဟာမိတ် နှစ်ဖွဲ့ဖြစ်တဲ့ MNDAA နဲ့ AA တို့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရကာ နောက်တန်း ခေတ္တပြန်နားတဲ့ ရဲဘော်တွေကို ဒေသခံတွေ ကြိုဆို

စစ်ကိုင်းတိုင်း ပင်လည်ဘူး စစ်ဆင်ရေးအပါအဝင် အခြားသော မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ပြီး နောက်တန်း ခေတ္တပြန်ကာ ဆေးကုသမှုခံယူကြတဲ့ ဒဏ်ရာရရဲယော်တွေနဲ့ နာမကျန်း ရဲဘော်တချို့ကို ယင်းမာပင် ခရိုင်အတွင်း ကျေးရွာဒေသခံတွေက ကြိုဆိုခဲ့ကြပါတယ်။
Read More

မေလ တတိယအပတ်အတွင်း အလင်းဝင်လာသည့် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲ ၂၅ ဦးရှိ၊ စစ်သုံ့ပန်း ၉ ဦး အရှင်ဖမ်းမိ

နိုင်ငံတစ်ဝန်းမှာ မေလ တတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ဘက် ကူးပြောင်းအလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ ၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းတွင် ဆန္ဒပြပြည်သူ ၄ ဦး ကျဆုံးခဲ့မှု ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည် ၄ ယောက် ကျဆုံးခဲ့ရမှု ၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ ညနေပိုင်းမှာ "လမ်းမထက်က သွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးတိုင်းနှင့် ပဲခူးတိုင်း ငလျင်ဒဏ်သင့်ဒေသများကို လူ့အခွင့်အရေးရာတာဝန်ခံအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေ

မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းက ငလျင်ဒဏ်သင့်ဒေသတွေကို လူ့အခွင့်အရေးရာတာဝန်ခံအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။