မကွေးအကျဉ်းထောင်မှာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော် ဆေးကုသခွင့်မရရှိသလို ထောင်ဝင်စာတွေလည်း ပိတ်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၁၃) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကျဉ်းထောင်ရှေ့ပစ်ခတ်မှုတွေနဲ့ ထောင်အတွင်း တင်းမာမူတွေအပြီး အကျဥ်းထောင်အာဏာပိုင်တွေက အခုလိုလုပ်ဆောင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

​အဲ့ဒီနေ့ဖြစ်စဥ်အတွင်း မကွေးအကျဥ်းထောင်ကို Local PDF တပ်ဖွဲ့ဝင်တွေက အပြင်ဘက်ကနေ လာရောက်တိုက်ခိုက်နေချိန် အကျဥ်းထောင်အတွင်းမှာလည်း အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေကြား တင်းမာမှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

တင်းမာမူတွေဖြစ်ပွားနေချိန် ထောင်ဗူးဝနဲ့ ကင်းမျှော်စင်ပေါ်ကနေ ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား စောရွှေအောင်နဲ့ နိုင်ကျဉ်း၁ယောက် အနည်းဆုံးသေဆုံးခဲ့ရပြီး ဒီဖြစ်စဥ်တွေထဲပါဝင်ခဲ့တယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့အတူ နိုင်ငံရေးအကျဉ်းသား ၄၀၀ကျော်ကိုလည်း မြေမြင်ပေါ်ဝမ်းလျားမှောက်ရိုက်နှက်ခဲ့ကြောင်း PPNM က ဖော်ပြပါတယ်။

အကျဥ်းဦးစီးဝန်ထမ်းတွေရဲ့ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဥ်းသားတွေမှာ ခါး၊ ခြေထောက်နဲ့တင်ပါးတွေ ထိခိုက်ဒဏ်ရာရရှိခဲ့သလို သေနတ်ဒဏ်ရာတွေလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မတရားပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသား တော်တော်များများဟာလည်း ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံထားရဲ့ဒဏ်ရာအရှိန်နဲ့ အသက်အန္တရာယ် စိုးရိမ်နေရသလို ဆေးကုသခွင့်တွေလည်း ပိတ်ပင်ခံထားရတယ်လို့ သိရပါတယ်။

လက်ရှိမှာ နိုင်ငံရေး အကျဉ်းသား၂၀၀ကျော်ဟာ ထောင်အာဏာပိုင်တွေရဲ့ စွပ်စွဲမှုနဲ့အတူ တစ်လကျော်ကြာ တိုက်ပိတ်ခံထားရကြောင်း၊ ရေသန့်မရှိတာကြောင့် စျေးကြီးပေးဝယ်နေရသလို အိမ်သာရေကိုပါအသုံးပြုနေရကြောင်း၊ ထောင်ဝင်စာတွေ့ခွင့်၊ ပါဆယ်ပို့ခွင့်တွေလည်း လုံးဝ မရကြောင်းကိုသိုက်ထွန်းဦးက ပြောပါတယ်။

” နိုင်ငံရေးအကျဥ်းသား ၂ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဥ်အတွက် လက်ရှိအချိန်အထိ အရေးယူထားတဲ့ အခြေအနေ မတွေ့ရဘူး။ ကျူးလွန်သူတွေက လွတ်မြောက်နေဆဲဖြစ်တယ်။ ဒါ့အပြင်အရင်ကထက်လည်း နိုင်ကျဥ်းတွေကို ပိုလက်ရဲဇက်ရဲဖြစ်လာတယ်။ ဖိနှိပ်မှုတွေလည်းပိုလုပ်လာတယ်။ ဒီဖြစ်စဥ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ အကျဥ်းဦးစီးက ကျူးလွန်သူကနေ နစ်နာသူပမာ လုပ်ပြီး နိုင်ကျဥ်းတွေကို ဖိနှိပ်တယ်၊ တိုက်ပိတ်တယ်၊ ဆေးလုံလုံလောက်လောက် ကုခွင့်မပေးဘူးဆိုတာတွေက လုံးဝမဖြစ်သင့်ပါဘူး။ အကျဥ်းဦးစီးရော စစ်ကောင်စီအနေနဲ့ပါ အခုလို အောက်ခြေကဝန်ထမ်းတွေကို လူသတ်လက်နက်ပေးထားပြီး ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးတာဟာ လူ့အခွင့်အရေးချိိုးဖောက်တာပါ။” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေအပေါ် ရက်ရက်စက်စက် ဖြိုခွင်းပြီး တရားဥပဒေမဲ့ ညှင်းပန်းနှိပ်စက်နေတဲ့ အကျဥ်းဦးစီးမှူး မင်းလွင်ဦးနဲ့ သိန်းဝင်း၊ အဆောင်မှူး ဝင်းနိုင်တို့ကို စစ်ကောင်စီကအရေးယူပေးနိုင်ရေးနဲ့ တော်လှန်ရေးအဖွဲ့၊ လူ့အခွင့်အရေး အဖွဲ့တွေဘက်ကလည်း ကဏ္ဍအလိုက်ကြိုးစားပေးဖို့ လိုအပ်ကြောင်း ကိုသိုက်ထွန်းဦးက တိုက်တွန်းပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဆင်ဖြူကျွန်း နယ်မြေရဲစခန်းနှင့် ထွေအုပ်ရုံးကို ပြောက်ကျားတပ်ဖွဲ့ ၂ ရက်ဆက် ဗုံးပစ်တိုက်ခိုက်

မကွေးတိုင်း၊ စလင်းမြို့နယ်က ဆင်ဖြူကျွန်းနယ်မြေရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဗုံးသီးတွေနဲ့ ၂ရက်ဆက် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိကြောင်း ဆင်ဖြူကျွန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လွိုင်ကော်မှာ လမ်းပိုင်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ၊ သက်ကြီးပိုင်း ဒုအရာခံဗိုလ်အပါ ၅ ယောက်သေ

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ကင်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ယောက်သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဘက်က လက်နက်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံစျေးလျှော့ပြီး လေလံပစ်ရန် တရားရုံး အမိန့်ချ

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံ ဈေးလျှော့ကာ လေလံပစ်ဖို့ ကမာရွတ် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
Read More

အောက်တိုဘာ တစ်လအတွင်း စစ်အုပ်စုမှ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ စစ်သုံ့ပန်း ၁၂၅ ဦး အထိရှိ

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတာအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ပူးပေါင်းလာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စစ်ကော်မရှင်တပ်သား အရေအတွက် ၁၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
Read More

ကစယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်အပါ ၂ ဦး သေဆုံး၊ ၆ ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ တောင်‌ပျောက်ကျေးရွာအုပ်စု ကျောက်အိုင် (ကွီးလေး)‌ ကျေးရွာအတွင်းကို အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးလာကြဲတာကြောင့် ဒေသခံ (၂) ယောက် သေဆုံးပြီး (၆) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (မြိတ်-ထားဝယ်ခရိုင်) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းထဲက ပြည်သူ့အခြေပြုကျေင်းမှာ လေကြောင်းရန် ကာကွယ်ရေး ၊ GBV အသိပညာ‌ပေးခြင်းနဲ့ ဖဲကြိုးဖြူကမ်ပိန်းပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းမှာ လေကြောင်းရန် ကာကွယ်ရေးတွေ၊ Gender – Based Violence အသိပညာ‌ပေး ဟောပြောပွဲနဲ့ ဖဲကြိုးဖြူ ကမ်ပိန်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိူးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဒီ‌နေ့ ထုတ်ပြန်ထားပါတယ်။