ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းက တပ်ရင်းတည်ထောင်ခြင်း ‌(၄) နှစ်ပြည့် အခမ်းအနား၊ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနားနဲ့ လက်နက်တပ်ဆင်ခြင်းအခမ်းအနားတို့ကို စုပေါင်းပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက်က စစ်ကိုင်းခရိုင် အမှတ် (၃) တပ်ရင်းက အဆိုပါအခမ်းအနား ၃ ခုကို တစ်ပြိုင်တည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အလံတော်ကို အလေးပြုတာ၊ သင်တန်းဆင်းရဲဘော်တွေ ကျမ်းသစ္စာကျိန်ဆိုတာနဲ့ သစ္စာရေသောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် တပ်ရင်းတာဝန်ရှိသူတွေ မိန့်ခွန်းပြောကြားခဲ့ပြီး ကျဆုံးရဲ‌ဘော်တွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကိုလည်း ဂုဏ်ပြုငွေထောက်ပံ့တာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကိုင်းခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်းက စစ်သင်တန်းဆင်းတွေကို တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ဒေသဆီ စစ်ကောင်စီ အလောတကြီး ပို့ဆောင်နေ

အာဏာသိမ်းစစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ရတဲ့ ဧရာဝတီတိုင်း မြို့နယ်တွေထဲက စစ်သားသစ်တွေကို ရခိုင်ပြည်နယ် စစ်ဆင်ရေးဒေသတွေဆီ ပို့ဆောင်နေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

စစ်ရှောင်နေအိမ်များကို ဖောက်ထွင်းခိုးယူရင်း တိုက်ခိုက်ခံရသည့် စစ်အုပ်စု ရွာခံများကိုပါ ဖမ်းဆီးခေါ်ဆောင်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲက စစ်ရှောင်ကျေးရွာတွေကနေ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာမှာကျန်နေခဲ့တဲ့ ရွာသူရွာသား တချို့ကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မြင်းခြံရှိ စစ်အုပ်စုဂိတ်စခန်းကို RPG သုံးကာ စီးနင်းတိုက်ခိုက်၊ စစ်အုပ်စု ၈ဦးသေပြီး အများအပြား ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုဂိတ်စခန်းကို RPG အပါ လက်နက်ငယ်တွေနဲ့ စီးနင်းတိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး ၁ ယောက် အပါအဝင် စစ်သား၊ ရဲနဲ့ ပျူစောထီး ၈ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၇) တပ်ရင်း (Zero ပြောက်ကျားတပ်ဖွဲ့) ခေါင်းဆောင် ကိုသက်ကြီးက မောင်းကို ပြောပါတယ်။
Read More

ခရီးသွားရင်း ပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်

စစ်ကိုင်းမြို့နယ်အတွင်း ခရီးသွားရင်း စစ်ကိုင်းတံတားပေါ်မှာ ပေါ်တာဆွဲခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား တစ်ယောက်ဟာ ဇူလိုင်လ ၁၄ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ဆိပ်ဖြူတစ်ကိုယ်တော် ကျားဇိုးက မောင်းကို ပြောပါတယ်။
Read More

ကန့်ဘလူ၊ သိန်ရင်ဆည်က စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်တပ်ဘက်က ၆ ယောက် သေပြီး ၁၄ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က သိန်ရင်ဆည်ကို ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပကဖ လှုပ်ရှား Drone အဖွဲ့ဆီက သိရပါတယ်။
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ခဲ့

ပြည်သူကာကွယ်ရေးတပ်မတော်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် - အမှတ် (၁၀၀၉)တပ်ရင်းက တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် လွမ်းဆွတ်တမ်းတခြင်းအောက်မေ့ဖွယ် အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။