ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ စျာပနအခမ်းအနားပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) Spring Warriors Column က မနေ့က ထုတ်ပြန်ပါတယ်။

ကျဆုံးခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ရဲဘော်အောင်စေဟာ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်က ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ချေမှုန်းရင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ရဲဘော် အောင်စေဟာ တော်လှန်ရေးတပ်သား ၁ ယောက်အဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်ကစလို့ စည်းကမ်းလိုက်နာမှု၊ တာဝန်သိတတ်မှု၊ အနစ်နာခံပေးဆပ်မှုတွေနဲ့ တာဝန်ကျေပွန်တဲ့ စစ်သည်တော် ၁ ယောက်ဖြစ်တယ်လို့ Spring Warriors Column က ဆိုပါတယ်။
Spring Warriors Column အနေနဲ့လည်း ကျဆုံး ရဲဘော် အောင်စေရဲ့ ပေးဆပ်မှုကို “မော်ကွန်းဝင်အာဇာနည် သူရဲကောင်း” ၁ ယောက်အဖြစ် ကမ္ဗည်းတင် အသိအမှတ်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။

မေလ ၁၉ ရက်ကလည်း ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအတွင်း အင်အားအလုံးအရင်းနဲ့ ပြန်လည် ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ၁၀ ယောက်သေဆုံးပြီး ၇ ​ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ Falcons Guerrilla Force (စွန်ရဲ) တပ်ဖွဲ့က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အတုအယောင်ရွေးကောက်ပွဲသည် ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် လောင်စာထည့်ပေးသလို ဖြစ်နေဟု NUG ယာယီသမ္မတ ပြော၊ ရွေးကောက်ပွဲ ထောက်ခံနေသည့် ဒေသတွင်းနိုင်ငံများ စစ်အာဏာရှင်ရဲ့ မျက်နှာကို မကြည့်ဘဲ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ မျက်နှာကို ငဲ့ဖို့ တောင်းဆို

အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဖြေ မဟုတ်ဘဲ ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် လောင်စာထည့်ပေးသလို ဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။
Read More

အာဇာနည်နေ့ အထိမ်းအမှတ် စစ်ကောင်စီအထိုင်စခန်းကို ၆၀ မမ စိန်ပြောင်း၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မနေ့ကကျရောက်တဲ့ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်  ပခုက္ကူမြို့နယ် အရှေ့ဘုန်းကံရွာမှာ  အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို အဝေးပစ် ၆၀ မမစိန်ပြောင်းအပြင် ၄၀ မမ ဗုံးသီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF  က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

နှစ်ပေါင်း ၄၀ ကျော် အခြေစိုက်တပ်စွဲခဲ့တဲ့ သိန္ဓောစခန်းမှ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအခြေစိုက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရေးအရ အဓိကကျတဲ့ သိန္ဓောစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့  အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာန (တနင်္သာရီ) က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်မြို့တွင် “ငလျင်ဘေးအကြောင်းပြ ဗုံးကြဲတိုက်ခိုက်မှုကို တားဆီးကြ” စာတန်းချိတ်ဆွဲပြီး လူထုလှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့ YBS ကားပေါ်နဲ့ ကုန်းကျော်တံတားတစ်ခုပေါ်မှာ ရွှေပြည်သာသပိတ်ကော်မတီ (SPTSC) က "ငလျင်ဘေးအကြောင်းပြ ဗုံးကြဲတိုက်ခိုက်မှုကို တားဆီးကြ" ဘန်နာစာသားချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆားတောင်မြို့မှာ စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ ပြည်သူတွေဆီက ဆက်ကြေး ကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ပါတယ်။
Read More

မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းကို AA တိုက်ခိုက်၊ စစ်သား ၂၀ ခန့်သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ…

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးက စစ်အုပ်စု တပ်မ (၉၉) လက်အောက်ခံ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား အလောင်း ၂၀ ခန့်နဲ့အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က မှတ်တမ်းရုပ်သံနဲ့အတူ ထုတ်ပြန်ထားပါတယ်။