ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်ဝှမ်းဒေသ၊ ကျေးရွာအချို့မှာ ကာကွယ်​ရေးဝန်ကြီးဌာနလက်အောက်ရှိ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ – ၃ က ရဲဘော်​တွေဟာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးသွားတဲ့ လမ်း​တွေကို ကျေးရွာသူ၊ ကျေးရွာသား​တွေနဲ့ အတူတူပူးပေါင်းပြီး ပြန်လည်ပြုပြင် ဆောင်ရွက်နေတယ်လို့ ပကဖ အသံက မနေ့က သတင်းဖော်ပြပါတယ်။

ပြည်သူနဲ့ ပြည်သူ့ရဲဘော်ဆိုတာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလို အတားအဆီး၊ အခက်အခဲတွေ ဘယ်လောက်ရှိရှိ ပြည်သူကိုကာကွယ်ပြီး ပြည်သူယုံကြည်အားထားရတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တပ်ဖွဲ့ဝင်​တွေဖြစ်အောင် ကြိုးစားနေတယ်လို့လည်း ပကဖ အသံက ဆိုပါတယ်။

စစ်​တောင်းမြစ်ဝှမ်း စိုးမိုး​ရေး စစ်ဆင်​ရေး​တွေမှာ PDF ​တွေနဲ့အတူ ပကဖ အဖွဲ့​တွေဟာလဲ ဟန်ချက်ညီညီ ပါဝင်တိုက်ခိုက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် ဖွဲ့စည်းအပြီး ရန်ကုန်မှာ မီးပျက်ချိန်ထပ်တိုး

စစ်ကောင်စီက ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စစ်ဗိုလ်ချုပ်တွေဦးဆောင်တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင် ဖွဲ့စည်းလိုက်ပြီးနောက် ရန်ကုန်မှာ လျှပ်စစ်မီး အလှည့်ကျပေးနေတဲ့ စနစ်ထဲ မီးပျက်ချိန်တစ်ချိန်ကို ထပ်မံ တိုးမြှင့်လိုက်ပါတယ်။
Read More

ညောင်လေးပင်- မဒေါက်-ရွှေကျင်လမ်းပိုင်းမှာ ကင်းပတ်သည့် အကြမ်းဖက်စစ်သားများကို စနိုက်ဘာဖြင့်ပစ်ခတ်ရာ ၁ ဦးသေဆုံး…

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်- မဒေါက်-ရွှေကျင်လမ်း​ပိုင်းမှာ ကင်းပတ်သွားလာနေတဲ့ အကြမ်းဖက်စစ်သားတွေ စနိုက်ဘာနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်အုပ်စုဘက်က လက်နက်ကြီးပြန်လည်ပစ်ခတ်တာမျိုးတွေရှိခဲ့တယ်လို့ Fire Dragon PDF တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းပေါ် က ၃ မိုင်ဂိတ်အနီးမှာ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးဟုဆို…

မကွေးတိုင်း ၊ မင်းဘူးမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပေါ်က ၃မိုင်ဂိတ်အနီးမှာ စစ်ကြောင်းထွက်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် - ၆ တပ်ရင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပုသိမ်မြို့ အကြမ်းဖက် တိုင်းစစ်ဌာနချုပ်က သေဆုံးစစ်သားတွေကို ရွှေမြင်တင် မီးသဂြိုလ်စက်မှာ တိုးတိုးတိတ်တိတ် သဂြိုလ်ပေးနေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ သေတဲ့ အကြမ်းဖက်စစ်သားအလောင်းတွေကို ရွှေမြင်တင် မီးသဂြိုလ်စက်မှာ တိတ်တဆိတ် လာရောက်သဂြိုလ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကိုင်းမှာ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ရှင်းလင်းခံရပြီးနောက် စစ်တပ်က လူငယ် ၄ ယောက်ကို ပေါ်တာဆွဲ ဖမ်းဆီးသွား

စစ်ကိုင်းနဲ့ မန္တလေးက ဓားပြမှုတွေမှာ ပါဝင်ခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင် မင်းသူ စားသောက်ဆိုင်အတွင်းပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် အရပ်သားလူငယ် ၄ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရတနာပုံတပ်ဦးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရေး – ထားဝယ်လမ်းမပေါ် အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့

မွန်ပြည်နယ်၊ ရေး-ထားဝယ်လမ်းပိုင်းက အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Mon State Revolutionary Force - MSRF က သတင်းထုတ်ပြန်ပါတယ်။