ထိုင်း-မြန်မာနယ်စပ်ရှိ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဘလယ်ဒိုစခန်းကို အခုလိုပဲ မြင်တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ ဘလယ်ဒိုစခန်းကို KNU တပ်မဟာ ၆ ဦးဆောင်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) တွေက မေလ ၂၃ ရက် ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သားအလောင်း ၁၀ လောင်းတွေ့ရှိခဲ့ကာ စစ်သုံ့ပန်း ၃၀ ကျော် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေက ဘလယ်ဒိုစခန်းကို ၃ရက်အတွင်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး စခန်းမှာရှိတဲ့ လက်ကျန် စစ်ကောင်စီတပ်သား အယောက် ၆၀ နီးပါးဟာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံးခဲ့ရကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

Video- Ye Min

0 Shares:
You May Also Like
Read More

မုံရွာ GTC တွင် တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားများ ဝင်‌ရောက်ပစ်ခတ်ခံရပြီး ၄ ဦး သေ၊ ၇ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေါင်းမျိုးဆက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာမှာ အကြမ်းဖက်စစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာမှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မနေ့က အောက်တိုဘာ ၂၃ ရက် နေ့လည်ပိုင်းက ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့ထံက သိရပါတယ်။
Read More

ဖိလစ်ပိုင်နိုင်ငံတွင် အင်အား ၇.၅ အဆင့် ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန် (ရုပ်/သံ)

ဖိလစ်ပိုင်နိုင်ငံမှာ ဒီနေ့မနက်ပိုင်းက အင်အား ၇.၅ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်မှု‌ကြောင့် ဆူနာမီ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘TRIဗျူဟာ’ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် 'TRIဗျူဟာ' သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း မှတ်တမ်းရုပ်သံကို အမှတ် -၁၂၂၂ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆိုင်း‌တောင် Lucky Men ဟိုတယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို KIA၊ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်မှုကြောင့် အများအပြားသေဆုံး (ရုပ်/သံ) အောက်တိုဘာ ၈၊ ၂၀၂၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် Lucky Men ဟိုတယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒီနေ့ အောက်တိုဘာ ၈ ရက်မှာ KIA၊ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်တဲ့အတွက် အများအပြားသေဆုံးကာ၂၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးမြို့ ရှိ ငလျင်ဒဏ်သင့် မြဝတီသီလရှင်စာသင်တိုက် ပြိုကျမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့  ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်ရှိ ငလျင်ဒဏ်သင့် မြဝတီ သီလရှင်စာသင်တိုက် ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။