အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဟာ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကိုလည်း နိုင်ငံရေးဟန်ပြတစ်ခုအဖြစ် ပယ်ချခဲ့တယ်လို့ ထိုင်းသတင်း Thai Enquirer က မေလ ၂၆ ရက်မှာ ဖော်ပြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ဖိတ်စင်လာတယ်၊ ဒုက္ခသည် ဝင်ရောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို တိုးများလာစေတယ်၊ အာဆီယံအနေနဲ့ ပြည်ပဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ပြီး အကျပ်အတည်းကို ပြည်တွင်းမှာသာ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတယ်၊ မတ်လက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ငြိမ်းချမ်းရေးစကားဝိုင်းတွေ ပြန်လည်စတင်ဖို့ လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်တယ် ဆိုပြီး မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမတ်ဟာဆန်က ‌ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့အရေး အာဆီယံရဲ့ အမြဲတမ်းအထူးသံတမန် ခန့်ထားမယ့် အစီအစဉ်တွေကိုလည်း ဟာဆန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဆိုပါ အမြဲတမ်းအထူးသံတမန်ကို လုပ်ငန်းအဆက်မပြတ်စေဖို့အတွက် ၃ နှစ် သက်တမ်းထားရှိမှာဖြစ်ပြီး လာမယ့် ဇွန်လမှာ မြန်မာပြည်ကို လာရောက်မှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာပြည်က ဘယ်ရွေးကောက်ပွဲမဆို ပါတီတွေအားလုံးပါဝင်မှ အဓိပ္ပာယ်ရှိမှာဖြစ်ကြောင်း သူက အလေးအနက် ပြောဆိုခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အတိုက်အခံအဖွဲ့တွေအများစုက ရွေးကောက်ပွဲကို သပိတ်မှောက်တာ၊ ဆန့်ကျင်တာတွေ လုပ်ဆောင်နေသလို၊ စစ်ကောင်စီကလည်း နယ်မြေတွေအမြောက်အမြား ဆုံးရှုံးထားတာကြောင့် ယုံကြည်ရလောက်တဲ့ ရွေးကောက်ပွဲတစ်ခု မဖြစ်လာနိုင်ပါဘူး။

တခြားနိုင်ငံတွေကို လှည့်စားဖို့အတွက် ဟန်ပြသက်သက်သာဖြစ်မယ့် စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲရဲ့တန်ဖိုးကို ဟာဆန်က မေးခွန်းထုတ်ထားပါတယ်။

မလေးရှားအနေနဲ့ နှစ်ဖက်အကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုကို အားပေးဖို့အတွက် စစ်ကောင်စီကိုရော၊ တော်လှန်ရေးဘက်ကိုပါ သီးခြားတွေ့ဆုံဖို့ စီစဉ်ထားကြောင်း သူက ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်ထရာကတော့ မြန်မာပြည် ပြန်လည်တည်ငြိမ်အေးချမ်းဖို့က အရေးကြီးကြောင်း အလေးပေးပြောဆိုခဲ့ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံရေးအပြောင်းအလဲတစ်ရပ် ဖော်ဆောင်ရာမှာ အာဆီယံရဲ့အခန်းကဏ္ဍကို မီးမောင်းထိုး ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေး အဖြေတစ်ခုရဖို့နဲ့ ငလျင်အကူအညီပေးရေး မလေးရှားရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း၊ ထိုင်းအစိုးရအနေနဲ့ ငြိမ်းချမ်းရေး၊ နယ်စပ်လုံခြုံရေးနဲ့ နယ်စပ်ဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေး၊ အာဆီယံ ဘုံသဘောတူညီချက် ၅ရပ် မြှင့်တင်ရေးတို့အတွက် မြန်မာ့အိမ်နီးချင်းတွေနဲ့ရော အာဆီယံဥက္ကဋ္ဌနဲ့ပါ လက်တွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း သူမက ပြောပါတယ်။

အထူးသဖြင့် ပဋိပက္ခနဲ့ ဘေးအန္တရာယ်တွေကြောင့် ထိခိုက်ခံစားရသူတွေကို လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ပေးဖို့လိုကြောင်း ပတွန်တန်က ပြောဆိုခဲ့ပါတယ်။

မူရင်းသတင်း  – Malaysia, as ASEAN chair, called for an end to Myanmar’s civil war and rejected the military junta’s planned elections as a political façade.

0 Shares:
You May Also Like
Read More

မဲဆောက် Lotus စျေးဝယ်စင်တာရှိ ရွှေဆိုင် သေနတ်ဖောက် လုယက်ခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ Lotus စျေးဝယ်စင်တာက သြရွဇာရွှေဆိုင်ကို အမျိုးသား၁ယောက်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ရွှေ ၆၀သား လုယက်ယူဆောင်သွားကြောင်း သိရပါတယ်။
Read More

စစ်အာဏာသိမ်းမှုနှင့်အတူ ငလျင်ဘေးဒဏ် ခံစားနေရသည့် မြန်မာ့အခြေအနေကို နိုင်ငံတကာ ပါလီမန်များညီလာခံမှာ အသိပေးမည်

စစ်အာဏာသိမ်းမှုနဲ့အတူ မြန်မာပြည်သူတွေ ငလျင်ဘေးဒဏ် ခံစားနေရမှုအပေါ် ကမ္ဘာက ပိုမိုသိရှိပြီး အကူအညီတွေ ရရှိစေဖို့ နိုင်ငံတကာ လွှတ်တော် အသိုင်းအဝိုင်းကို သတင်းစကားပေးနိုင်အောင် ကြိုးစားနေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
Read More

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနဲ့ ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် ပြော

လာအိုမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေအတွင်း မြန်မာ့အရေးပြဿနာဟာ ခေါင်းစဉ်ကြီးတရပ်ဖြစ်ခဲ့တဲ့အလျှောက် စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်ဖို့ ထိုင်းဝန်ကြီးချုပ်က ထိပ်သီးအစည်းအဝေးဖွင့်ပွဲနေ့မှာ တောင်းဆိုခဲ့ပါတယ်။
Read More

တော်လှန်ရေးအင်အားစုတွေ ပါဝင်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ အင်ဒိုနီးရှား ဦးဆောင်ပြုလုပ်

လာမယ့်အပတ် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် မြန်မာပြည်ပဋိပက္ခအရေး သံတမန်ရေးဆွေးနွေးပွဲကို ဂျာကာတာမြို့မှာ ပြုလုပ်သွားမယ်လို့ အင်ဒိုနီးရှားအကြီးတန်းသံတမန်တဦးက ယမန်နေ့က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။
Read More

ထိုင်းတောင်ပိုင်းရေကြီးမှုကြောင့် CI ပျောက်ဆုံး၊ ပျက်စီးပါက နီးစပ်ရာစခန်းများတွင် သွားရောက်လျှောက်ထားနိုင်ဟု ဆို

ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းဒေသ အနီးတဝိုက်ရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ Certificate of identity- CI ပျောက်ဆုံး ပျက်စီးတာနဲ့ ငွေပေးသွင်းထားပြီး ပြုလုပ်ဖို့ ကျန်ရှိနေရင် နီးစပ်ရာ ဘယ် CI စခန်း မှာမဆို သွားရောက်လျှောက်ထားနိုင်တယ်လို့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ပြီဟု ဗာတီကန်နန်းတော် ကြေညာ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီနေ့ဧပြီ ၂၁ ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဗာတီကန်နန်းတော်က ဒီကနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။