အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ဆင်ရေးနယ်မြေ (၂) မှာ အခြေခံစစ်သင်တန်း အပတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီနေ့ ညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ပါတယ်။ 0 Shares: Share 0 Tweet 0
Read More 1 minute read NNews ငလျင်ကြောင့် သေဆုံးသူ ၂၃၉၅ ဦးအထိ ရှိလာပြီး ငလျင်ဒဏ် ကြုံခဲ့ရသူ ၈ သန်းခွဲကျော်ရှိဟု NUG ထုတ်ပြန်April 1, 2025 စစ်ကိုင်းမြို့နယ်ကို အခြေပြုကာ မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဒီနေ့အချိန်ထိ သေဆုံးသူ (၂၃၉၅) ယောက်ရှိပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဧပြီ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More 1 minute read NNews မွန်ပြည်နယ် ကျေးရွာအုပ်စု ၁၄၀ တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်ကော်မရှင်ကြေညာDecember 9, 2025 မွန်ပြည်နယ်က ကျေးရွာအုပ်စုပေါင်း ၁၄၀ မှာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့မှာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ကြေညာပါတယ်။ မွန်ပြည်နယ် (၁၀) မြို့နယ်ထဲက မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံမြို့နယ်ကလွဲရင် ကျန်တဲ့ ၇ မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေ ကျေးရွာအုပ်စု ၁၄၀ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Read More 1 minute read NNews ဗန်းမောက်တွင် မြေပြင်ဝေဟင် ထိုးစစ်ဆင်လာသည့် စစ်တပ်နှင့် SNA အား တော်လှန်ရေးတပ်များ ခုခံတိုက်ခိုက်၊ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုများ ရှိပြီး အသေခံဒရုန်း ၃ စင်းကို တော်လှန်ရေးတပ်များ ရရှိNovember 16, 2025 စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ စစ်တပ်လက်ဝေခံ SNA တပ်တွေက လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်ရင်း တော်လှန်ရေးတပ်တွေရှိရာနေရာအထိ တိုးကပ်လာတာကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More 1 minute read NNews KNDF တပ်ရင်းအမှတ် (၂၂) မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)September 28, 2024 ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၂၂) က တပ်ရင်းရှိ ရဲဘော်တွေအနေနဲ့ စည်းကမ်းရှိတဲ့ ရဲဘော်တွေ၊ အမိန့်နာခံမှုရှိတဲ့ ရဲဘော်တွေ ၊ ပြည်သူတွေ အားထားရတဲ့ ရဲဘော်တွေ ဖြစ်စေဖို့ တစ်လတာ မွမ်းမံသင်တန်းကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More 1 minute read NNews ရေဘေးသင့် ပြည်သူတွေကို ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းက သွားရောက်ကူညီထောက်ပံ့ခဲ့September 20, 2024 ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း - 3702 (PDF) တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေဒေသတွေအတွင်း ရေဘေးအန္တရာယ် ကျရောက်နေတဲ့ ကျေးရွာတွေ ၊ ရေဘေးရှောင်နေကြတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေကို အားပေးစကားပြောကြားခြင်း ၊ အခြေခံစားသောက်ကုန်တွေ သွားရောက်ကူညီပေးခြင်းတွေကို တပ်ရင်း တာဝန်ရှိသူတွေနဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေက ကွင်းဆင်းကူညီဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Read More 1 minute read NNews ရှင်ပြုပွဲလုပ်မည့်နေအိမ် စက်တပ်လေထီးဖြင့် ဗုံးကြဲခံရ၊ မောင်ရှင်လောင်းနှင့် အလှူ့ဒါယိကာ သားအဖ အပါအဝင် ၃ဦးသေဆုံးMay 10, 2025 စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲတိုက်ခိုက်မှုကြောင့် ရှင်ပြုအလှူလုပ်မယ့် မိသားစုထိခိုက်ကာ ၁၂နှစ်အရွယ် ကလေးငယ် ၁ယောက်အပါအဝင် ၃ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ယောက်ရှိခဲ့ကြောင်း Chaung U Revolution ထံက သိရပါတယ်။