အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့က ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲအခမ်းအနားမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို သားငယ်ကိုထိန်လင်း(ခ) ကင်အဲရစ်က ကိုယ်စား လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၄ ရက်မှာ ကျင်းပခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲမှာတော့ အကျဉ်းကျခံနေရတဲ့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုဟာ မြန်မာပြည်တွင်း ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက်သူတွေကို ပြည်ပရောက် တိုင်းရင်းသားမြန်မာမိသားစုတွေက ဝိုင်းဝန်းဂုဏ်ပြုတဲ့ဆု ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘဝတလျှောက်လုံး မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ် ထားရှိတဲ့ အနစ်နာခံမှု၊ မေတ္တာတရားနဲ့ နိုင်ငံရေး ဦးဆောင်မှုတွေအပေါ် ကျေးဇူးတင်စကားဆိုထားသလို အကြမ်းဖက် စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံ့ကြံ့ခံတွန်းလှန်နေတဲ့ စိတ်ခွန်အားကို ဦးညွှတ်ဂုဏ်ပြုတယ်လို့လည်း ပြည်သူ့ဂုဏ်ရည်အသင်းက ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲအခမ်းအနားကို ကုလသမဂ္ဂ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ CRPH နာယက ဦးအောင်ကြည်ညွန့်တို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်အတွက် NUG Public affairs hotline ကနေ ဝန်ဆောင်မှုပေးနေဟု အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ က NUG public affairs hotline နဲ့ ငလျင်ဘေးသင့် ပြည်သူများအတွက် ဝန်ဆောင်မှုတွေ ပြုလုပ်ပေးနေတယ်လို့ မနေ့က ဧပြီ ၄ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

Special Operation Group – SOG တပ်ရင်း သင်တန်းဆင်းပွဲနှင့် SOG တပ်ရင်း တည်ထောင်ခြင်း (၂)နှစ်ပြည့် အခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ P29916 - Special Operation Group (SOG) တပ်ရင်းက သင်တန်းဆင်းပွဲနဲ့ တပ်ရင်းတည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနားကို ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်တပ်ရင်း (၂၈) မှ ရဲဘော် ကျော်ဇင်ငြိမ်း ကျဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) က  ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပခုက္ကူမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် လူမရှိဘဲ သေနတ် ၁ လက်သာ တွေ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ပေမယ့် လူမရှိတာကြောင့် တွေ့ရှိတဲ့ သေနတ် ၁ လက်ကိုသာ သိမ်းဆည်းခဲ့တယ်လို့ Burma Revolution Rangers က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၏ စစ်ဌာနချုပ်မှာ ပြုလုပ်သည့် ၇၆ ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (ဓာတ်ပုံသတင်း)

ဇူလိုင်လ ၅ ရက် မနေ့က ကျရောက်တဲ့ ၇၆ ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (KNLA Day) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (စစ်ဌာနချုပ်) မှာ ကျင်းပခဲ့တဲ့ပုံရိပ်တွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၄ အတွင်း No More Dictatorship အဖွဲ့ လပခ နှင့် စစ်တက္ကသိုလ် အပါအဝင် စစ်ဆင်ရေး အများအပြားလုပ်ဆောင်နိုင်ခဲ့၊ အဖွဲ့ဝင် အယောက် ၃၀ နီးပါး စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံထားရ

၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း မန္တလေးမြို့ကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) အပါအဝင် ပြင်ဦးလွင်စစ်တက္ကသိုလ်နဲ့ ရတနာပုံခန်းမတို့လို စစ်ကောင်စီရဲ့ အဓိကဌာနဆိုင်ရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defense Force - NMD အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။