တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်က စစ်ကောင်စီရဲ့ ဘလယ်ဒိုစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ယမန်နေ့၊ မေလ ၂၃ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စခန်းကို သိမ်းပိုက်အပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ပစ္စည်းများစွာကို သိမ်းဆည်းရမိထားသလို စစ်သုံပန်းတွေကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ဒေသတွင်းရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်တွေက ပူးပေါင်းဆင်နွှဲခဲ့တာဖြစ်တယ်လို့ KNU ကနေ သတင်းထုတ်ပြန်ထားတယ်။

လက်ရှိမှာတော့ တော်လှန်ရေးရဲဘော်တွေက နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေပါတယ်။ အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၃ဦး ကျဆုံးကာ ၁၂ဦး ထိခိုက် ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

ပုံစာ- ဘလယ်ဒို စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့ စစ်လက်နက်များ
Video-ThooleiPoe

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ တာဝေးပစ်ဗုံးသီးတွေ တီထွင်ထုတ်လုပ် (ရုပ်/သံ)

ကရင်ပြည်နယ်အတွင်း တောတွင်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ ကုန်ကျစရိတ်သက်သာတဲ့ တာဝေးပစ်ဗုံးသီးတွေ ကိုယ်တိုင် တီထွင်ထုတ်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းမှ ထွက်လာသည့် စစ်သား ၃ ဦးကို ဖမ်းဆီးရမိ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက် ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယနေ့မနက် နမ္မတူမြို့ အရပ်သားများနေထိုင်ရာ ရပ်ကွက်အတွင်း စစ်ကော်မရှင် လေကြောင်းဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်နယ်၊ နမ္မတူမြို့ လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်တိုက်ပွဲက အောင်ပွဲရ ရဲဘော်တွေကို ဂုဏ်ပြု ဆုငွေများချီးမြှင့် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီ  စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်နိုင်ခဲ့တဲ့ရဲဘော်တွေကို ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးရဲဘော်တွေ စစ်ကြောင်း ၄ ကြောင်းခွဲကာ စီးနင်းတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ ဆေးခန်းတွေကို ဒီဇင်ဘာ ၁၉ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးရဲဘော်တွေ စစ်ကြောင်း ၄ ကြောင်းခွဲကာ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

တောင်ငူမြို့နယ် ပဒဲကျေးရွာအနီး အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာအနီး အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားတွေ ပြန်လည်ဆုတ်ပြေးသွားတယ်လို့ ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။