စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ဘက်ကို အင်အား ၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ ၂၅ ယောက်သေကာ လက်နက် ၂၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ ပကဖအသံမှ ထုတ်ပြန်ထားပါတယ်။

ဧပြီ ၂၅ ရက်က တပ်မ ၃၃ ကနေ အင်အား ၅၀ ခန့်နဲ့ စစ်ကိုင်းမြို့နယ်မြောက်ဘက်ကို စစ်ကြောင်းထိုး လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အလောင်း ၂၅ လောင်းနဲ့ လက်နက် ၂၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၂ တပ်ရင်း၊ အမှတ် ၃ တပ်ရင်း၊စစ်ကိုင်းမြို့နယ် (ပလဖ)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်များကို အပြင်းထန်ဆုံး လက်တုံ့ပြန့်သွားမည်ဟု AYA PDF ထုတ်ပြန် (ရုပ်/သံ)

ဧရာဝတီတိုင်းအတွင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ လူနေကျေးရွာနဲ့ အိမ်ခြေအဆောက်အအုံ၊ အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအား အပြင်းထန်ဆုံးလက်တုံ့ပြန်သွားမယ်လို့ AYA PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဒီမော့ဆိုမြို့နယ်အတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် KSP ရဲဘော် ၅ ဦး ကျဆုံး (ရုပ်/သံ)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ ကရင်နီပြည်ရဲဌာန (KSP) ကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် KSP ရဲဘော် ၅ယောက် ကျဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မင်းတုန်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းချနေတဲ့ ပျူစောထီးကို ဖမ်းဆီးမိ (ရုပ်သံ)

မကွေးတိုင်း မင်းတုန်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းချနေတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီး ၁ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သရက်ခရိုင် အမှတ်-၄တပ်ရင်းမှ မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းက မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ မူးယစ်ဆေးများ သယ်ယူရောင်းချနေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ တပည့်တစ်ဦးကို မူးယစ်ဆေးဝါး(WY)အလုံးရေ တစ်သောင်းနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
Read More

နတ်မောက်-ပျော်ဘွယ်လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာတော်ကျေးရွာကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၁ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက် ပကဖ ထံက သိရပါတယ်။
Read More

အင်းတော်မြို့မဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲမှု ပြည်သူ ၂ ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မြို့မဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီ ၁ ရက် ‌လေကြောင်းဗုံးကြဲမှု လုပ်ဆောင်ခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့ထံက သိရပါတယ်။
Read More

ရွှေဘိုမြို့သို့ ပျူစခန်းတွေအတွက် ရိက္ခာလာထုတ်တဲ့ ယာဉ် ၃ စီးကို ကြားဖြတ်တိုက်ခိုက်မှု အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရပြီး ယာဉ် ၁ စီးသိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဇီးဖြူကုန်း၊ ပန်းရံနဲ့ ဇီးကုန်းပျူစခန်းတွေအတွက် ရွှေဘိုမြို့သို့ ရိက္ခာ ထုတ်ပြီး ပြန်လာတဲ့ ယာဉ် ၃ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။