စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Revolutionary Air Force – RAF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၂၁ ရက်နေ့က ချောင်းဦးမြို့နယ်ရှိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို Fixed Wing Drone ၈ စီးနဲ့ ဗုံးသီး ၁၂လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ဗိုလ် ၁‌ယောက် အပါအဝင် ၄‌ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီစစ်ဆင်ရေးကို ယင်းမာပင်ခရိုင် တပ်ရင်း (၃၅) တပ်ခွဲ (၂) GZ-21 ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၇) B-21 ကနီ PDF၊ NPDF ယင်းမာပင်၊ Peacock Drone Team (Myaung)၊ အားမန်သစ် (ငါန်းဇွန်)၊ Myaung Drone Force (MDF)၊ ကျားခင်စိန် Drone Team၊ အောင်သပြေညီနောင် Local PDF (ကျောက်ဆည်)၊ ဗိုလ်စာကလေး Drone Strike၊ Freedom Fighter Drone Forceနဲ့ CHU အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပူးပေါင်းတပ်တွေဘက်က ဒရုန်း ၁ စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆည်ပင်ကျွန်းပျူကျေးရွာကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ ပျူစောထီး ၁၈ ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆည်ပင်ကျွန်းပျူကျေးရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း နယ်စည်းမခြား တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အရှေ့ချောက်ကန်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား

မကွေးတိုင်း ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ကျေးရွာစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၅ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Young Force - UG အဖွဲ့ထံက သိရပါတယ်။
Read More

မန်တုံမြို့‌ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အမျိုးသား ၁ ယောက်သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ အမျိုးသား ၁ ယောက်သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

မန္တလေး ဂေါ်ဝန်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ်အုပ်စုကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့ လာတဲ့ စစ်ရေယာဉ်အုပ်စုကို ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှာ ကြား ဖြတ်တိုက်ခိုက်ခဲ့တယ်လို့ One Star Task Force - OSTF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောကို ဟန့်တားရင်း တရုတ်ရဲ့ စစ်သင်္ဘောနှင့် ကမ်းခြေစောင့်သင်္ဘော အချင်းချင်း တိုက်မိ (ရုပ်/သံ)

အငြင်းပွားနေတဲ့ ရေပြင်မှာ ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောကို ဟန့်တားရာ တရုတ်ရဲ့ စစ်သင်္ဘောနဲ့ ကမ်းခြေစောင့်သင်္ဘောတို့ အချင်းချင်းတိုက်မိခဲ့တယ်လို့ ဖိလစ်ပိုင်ရေတပ်က သြဂုတ် ၁၁ ရက်မှာ ဗီဒီယိုနဲ့တကွ ဖော်ပြခဲ့ပါတယ်။ 
Read More

မြဝတီ ချောင်းဆုံမြစ်တွင် လူငယ် ၄ ဦး ရေကစားရာမှ ပျောက်ဆုံးနေ (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ချောင်းဆုံမြစ်မှာ လူငယ် ၄ယောက် ရေကစားရာကနေ နှစ်မြုပ်ပျောက်ဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။