ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို အသေခံဒရုန်းနဲ့ ဝင်တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဒီကနေ့မှာ ထွက်ပေါ်လာပါတယ်။

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို စုံစမ်းထောက်လှမ်းနေတဲ့ TNISO အဖွဲ့က အဆိုပါ ရုပ်သံဖိုင်ကို ထုတ်ဖော်ပြသလိုက်တာဖြစ်ပြီး စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို ဦးတည်ကာ ဒရုန်းတစ်စီးက ဝင်တိုက်လိုက်တာကို ဗီဒီယိုထဲမှာ ရှင်းရှင်းလင်းလင်း တွေ့မြင်ရပါတယ်။

ဒီလို စစ်သား ၁၈ ဦးကို သေစေခဲ့တဲ့ Mi-17 ရဟတ်ယာဥ်ကို KIA က ဘာနဲ့ ပစ်လိုက်တာလဲဆိုတာကို လူအများက စိတ်ဝင်စားခဲ့ကြပါတယ်။

ထပ်မံထွက်ပေါ်လာတဲ့ ဗီဒီယိုအရ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို KIA ပူးပေါင်းတပ်ဖွဲ့တွေက FPV အသေခံဒရုန်း အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီထံက သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်တွေအကြောင်း မျှဝေလေ့ရှိတဲ့ Tactical Raptor 2.0 က ပြောဆိုလိုက်ပါတယ်။

“FPV ဒရုန်းက Mi-17 ရဲ့ ပင်မပန်ကာ (main rotor) နားမှာ ပေါက်ကွဲတယ်။ ရဟတ်ယာဉ်နဲ့ ထိပြီး (impact fuze) ကွဲတာလား၊ ပိုင်းလော့ကနေပဲ ဖောက်ခွဲတာလား (electrically initiated) တာလား ဆိုတာတော့ မသေချာပါဘူး။ Main rotor ပေါ်မှာ ဒရုန်း ဗီဒီယို ရပ်သွားတယ်ဆိုတာက ဒရုန်းပေါက်ကွဲ ပျက်စီးသွားပြီ ဖြစ်တာကြောင့် ဗီဒီယိုပုံရိပ် ရိုက်ကူး၊ ထုတ်လွှင့်တာ မလုပ်နိုင်တော့တာ ဖြစ်တယ်” လို့ Tactical Raptor 2.0 က ဆိုပါတယ်။

FPV ဒရုန်းက သယ်လာတဲ့ ဗုံးက ခပ်သေးသေးပဲ ဖြစ်ပုံရတာကြောင့် Mi-17 နားမှာ အနီးကပ်ပေါက်ကွဲတာတောင် ရဟတ်ယာဥ်က ချက်ချင်း ကြီးကြီးမားမား ပေါက်ကွဲသွားခြင်းမရှိကြောင်း၊ အကယ်လို့ RPG-7 ထိပ်ဖူးလိုမျိုးသာ သယ်လာခဲ့မယ်ဆိုရင် ထိမှန်ရာနေရာမှာပဲ တစ်ခါတည်း Mi-17 ကို ပွဲသိမ်းပေးနိုင်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုဟာ ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်/တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းအသုံးပြုမှုမှာ ကြီးမားတဲ့ မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ ၂၀၂၄ တုန်းက ယူကရိန်းက ရုရှားရဲ့ Mi-28 ရဟတ်ယာဉ်ကို သမိုင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် FPV ဒရုန်းနဲ့ ဝင်တိုက်ပြီး ပစ်ချနိုင်ခဲ့ပြီး၊ အခုတော့ KIA ပူးပေါင်းတပ်ဖွဲ့တွေက ရဟတ်ယာဉ်ကို FPV နဲ့ ပစ်ချနိုင်ခဲ့တဲ့ ဒုတိယမြောက် အဖွဲ့အစည်း ဖြစ်လာခဲ့ပြီလို့လည်း ဆိုပါတယ်။

ဒါပေမယ့် ယခုလို ဖြစ်ရပ်မျိုးက မကြာခဏ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားလို့ မရကြောင်း Tactical Raptor 2.0 က သတိပေးပြောဆိုထားပါတယ်။ ကန့်သက်ချက်တွေအနေနဲ့ ပစ်မှတ်က အနိမ့်ပျံနေတဲ့  ရဟတ်ယာဉ်ဖြစ်ရမယ်၊ FPV ဒရုန်းကလည်း အဆင်သင့်ရှိရမယ်ဖြစ်ရမှာဖြစ်ပြီး၊ ရဟတ်ယာဉ် ဘယ်နားမှာလဲဆိုတာ သိရဖို့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေလည်း အချိန်နဲ့တပြေးညီ လိုအပ်မယ်လို့ ဆိုပါတယ်။ 

FPV ဒရုန်း၊ FPV (first person view) ‌ဒရုန်းတွေဆိုတာ ယူကရိန်း-ရုရှား စစ်ပွဲအတွင်း အင်မတန်မှကို အသုံးများတဲ့ ဒရုန်းတွေဖြစ်ပါတယ်။ များသောအားဖြင့် ပန်ကာလေးခုပါ quadcopter တွေဖြစ်ပြီး၊ ဒရုန်းမှာ ဗုံးသီးအမျိုးမျိုးတပ်ဆင်ကာ ပစ်မှတ်ကို အသေခံဝင်တိုက်တဲ့ kamikaze drone/ one-way-attack drone တွေ ဖြစ်ပါတယ်။ 

ယူကရိန်း စစ်မြေပြင်မှာတော့ FPV ဒရုန်းတွေ သုံးပြီး ခြေလျင်စစ်သည်ကနေ သံချပ်ကာယာဉ်၊ ဘန်ကာတွေ အထိ ရှိသမျှ ground target မျိုးစုံကို တိုက်ခိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ရန်သူရဲ့ ဒရုန်းတွေကို တိုက်ခိုက်တယ်၊ အခွင့်ကြုံရင် ရဟတ်ယာဉ်တွေကိုပါ ဝင်တိုက်ပါတယ်။ လေကြောင်းပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ရည်ရွယ်တဲ့ FPV drone တွေကိုတော့ နောက်ပိုင်းမှာ interceptor drone ဆိုပြီး ခေါ်လာကြတယ်လို့ Tactical Raptor 2.0 က ဆိုပါတယ်။

စစ်သား ၁၈ ဦးထိ သေဆုံးစေခဲ့တဲ့ ပြီးခဲ့တဲ့ Mi-17 တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ဟာ အားရစရာလို့ ဆိုနိုင်ပေမယ့်၊ ဒီဖြစ်ရပ်မျိုး နောက်ထပ်လုပ်ဖို့ ခက်နိုင်ပါတယ်။ ဒါပေမယ့် FPV interceptor တွေသုံးပြီး စကစရဲ့ ဗုံးကြဲ ဒရုန်း၊ ထောက်လှန်းရေးဒရုန်းတွေကိုတော့ ကောင်းကောင်း ဒုက္ခပေးလို့ရပါတယ်။ ဒါ့အပြင် FPV ဒရုန်းတွေ ပိုပြီး ထိရောက်မှုကောင်းဖို့ warhead တွေ၊ payload capacity တွေ အဆင့်မြှင့်တင်ဖို့လည်း လိုအပ်နေသေးတယ်လို့လည်း Tactical Raptor 2.0 က ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

အရာတော်မြို့နယ်တွင် စစ်ကိုင်းအသံကို ထင်ဟပ်စေမည့် “ဒို့ဖက်ဒရယ်” နိုင်ငံရေးစာစဉ် အတွဲ (၁)၊ အမှတ်စဉ် (၆) ဖြန့်ဝေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ  ပြည်သူတွေနဲ့ ရဲဘော်တွေဆီ စစ်ကိုင်းဖိုရမ် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့က ဦးစီးထုတ်ဝေတဲ့ "ဒို့ဖက်ဒရယ်" နိုင်ငံရေးစာစဉ် အတွဲ (၁)၊ အမှတ်စဉ်(၆) ကို ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ခဲယမ်းအချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း ၃ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

NUG ၏ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနက ဦးစီးဆောင်ရွက်သည့် ပစ်မှတ်ဆိုင်ရာ ထောက်လှမ်းရေး သင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနက ဦးစီးဆောင်ရွက်တဲ့ ပစ်မှတ်ဆိုင်ရာ ထောက်လှမ်းရေးသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ (၂၅) ရက်က စစ်ကိုင်းတိုင်းရှိ NUG စိုးမိုးနယ်မြေအတွင်း တစ်နေရာမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ NUG က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မင်းကွန်းရဲစခန်းကို ရာထူးတိုး ပြောင်းလာသည့် ၂ ပွင့် ရဲအရာရှိ ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့မှာ ရာထူးတိုးနဲ့ ပြောင်းရွှေ့လာတဲ့ ၂ ပွင့်နဲ့ ရဲအရာရှိ ၁ ယောက် မင်းကွန်းရွာအတွင်း ပစ်သတ်ခံရကာ နေရာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရပါတယ်။
Read More

ဆက်ကြေးကောက်မည့် ပျူများကို ကြားဖြတ်တိုက်ခိုက်၊ ၈ ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဝက်တိုး (တောင်)ရွာရှိ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စိန်ဗေဒါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဟန်ချက်ညီ ထိုးစစ်ပြင်နေဟု NUG ပြော၊ PDF တပ်မတော် အဓိကကြုံတွေ့နေသည့် စိန်ခေါ်မှု (၇) ချက်ရှိဟု ဆို

တော်လှန်ရေးရဲ့ အရေးကြီး အလှည့်အပြောင်း ဖန်တီးနိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်းမှာ ဟန်ချက်ညီစစ်ဆင်ဖို့ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။