စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ အရပ်သားပေါ်တာဆွဲ ဖမ်းဆီးခံရမှုတွေ များလာသလို စစ်အုပ်စုလက်ပါးစေတွေက အမျိုးသား ၁ယောက်ကိုလည်း အကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ မတ်လ တတိယပတ်လောက်ကစလို့ စစ်ကိုင်းမြို့အတွင်းမှာ ဖမ်းဆီးစစ်ဆေးမှုတွေ ဆိုးရွားလာနေပြီ ၄ရက်အတွင်း အရပ်သား ၂၂ယောက်အထိ ဖမ်းဆီးထားကြောင်းသိရပါတယ်။

မေလ ၁၇ရက် မနက်ပိုင်းက ရွှေဘို – မန္တလေးလမ်းပေါ်မှာ ခရီးသည်တင် ကား၁စီးကနေ အမျိုးသားလူငယ် ၁​၅ယောက်ကို စစ်အုပ်စုတွေက ပေါ်တာဆွဲဖမ်းဆီးပြီး အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ တပ်မ ၃၃ ဝန်းထဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းပြည်သူ့ဘက်တော်သားအဖွဲ့တာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ညနေပိုင်းမှာ အမှတ် ၃ အထက်တန်းကျောင်းအနီး ဆန်အလှူ ဝင်ရောက်တန်းစီနေတဲ့ အမျိုးသား ၇ယောက်ကိုလည်း အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေက စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဆက်လက်ပြီး မေလ ၁၈ရက် နေ့လယ်ပိုင်းမှာလည်း ဧမြဝတီရပ်ကွက်နဲ့ ဒါးဝယ်စျေးရပ်ကွက်အတွင်း စစ်ကောင်စီတပ်တွေက စက်လက်နဲ့ အဆက်မပြတ် ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သလို ဓားစာခံအဖြစ် အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသေးတယ်။

စစ်အုပ်စုလက်ပါးစေ ပျူစောထီးများသတ်ဖြတ်ခဲ့သည့် အရပ်သားကို တွေ့ရစဥ်

“အဓိက မိန်းလမ်းတွေပေါ့။ လမ်းတွေကခြောက်ကပ်ပြီး မြို့ပေါ်ကလူတွေလောက်ပဲရှိတာ။ မြို့ပေါ်က လူတွေကလည်း နယ်မြေအခြေအနေကြောင့် အဲဘက်လမ်းတွေ မလာရဲကြဘူး။” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုလက်ပါးစေ ပျူစောထီးခေါင်းဆောင် အောင်အောင်ဦးအဖွဲ့က မေလ၂၀ရက်နေ့မနက်ပိုင်းမှာ စစ်ကိုင်းမြို့၊အုပ်စက်ရပ်ကွက်အတွင်းနေထိုင်တဲ့ အသက် ၃၅နှစ်အရွယ်အမျိုးသားတစ်ယောက်ကို နေအိမ်အထိ ကား၃စီးနဲ့ ဝင်ရောက်ဖမ်းဆီးရင်း ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

“အုပ်စက်ရပ်ကွက်ထဲက ယောက်ျားသား ၁ယောက်ကို ဖမ်းပြီး ပစ်သတ်သွားတာ။ ပြီးတော့ နာရေးကူညီမှုအသင်း တစ်ခုကို အလောင်းလာကောက်ခိုင်းပြီး တခါတည်း သဂြိုဟ်ခိုင်းလိုက်တာ။ ” လို့ ပြည်သူ့ဘက်တော်သားအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံအတွင်း ကျားဖျန့်လုပ်ငန်းမှာ စေခိုင်းဖို့ လူကုန်ကူးခံရသူတွေဟာ ထိုင်းနိုင်ငံကနေ ဝင်ရောက်လာတာလို့ စစ်ကောင်စီပြောခွင့်ရ ပြော…

မြန်မာနိုင်ငံမှာ အကြီးစားလူကုန်ကူးမှုနဲ့အတူ နိုင်ငံတကာရဲ့ အာရုံစိုက်မှု ခံလာရတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ ခိုင်းစေဖို့ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံကတစ်ဆင့် ခေါ်ဆောင်နေတာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး သတင်းစာတွေကတစ်ဆင့် ပြောပါတယ်။
Read More

အပစ်ရပ်ကာလအတွင်း နောင်ချိုတွင် စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ နေ့စဉ် ရှိနေ

အာဏာသိမ်းစစ်ကောင်စီဟာ ဟန်ပြအနေနဲ့ မေလကုန်အထိ အပစ်ရပ် သက်တမ်းတိုးထားပေမယ့် တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ ဒေသတွေမှာ မြေပြင်ထိုးစစ်ဆင်မှုတွေ၊ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဖားဆောင်းမြို့ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ဒေသခံ ၂ ဦးဒဏ်ရာရ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့၊ မော်ချီးဒေသက ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဒေသခံ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တောင်တွင်းကြီးနှင့် ဆင်ပေါင်ဝဲကြား စစ်ကောင်စီနှင့် PDF ထိတွေ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၆ ဦး သေပြီး ထိခိုက်ဒဏ်ရာရသူ များပြား

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ တပ်အချိန်းအပြောင်းလုပ်တဲ့ စစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ တောင်တွင်းကြီး-ဆတ်သွား ရိုးမပတ်လမ်းအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း သိရပါတယ်။
Read More

မနေ့က အပစ်ရပ် ကြေညာပြီး ဒီနေ့ စစ်ကောင်စီ ကနီကို ဗုံးကြဲတိုက်ခိုက် 

အပစ်ခတ်ရပ်စဲမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မင်းတပ်မြို့ကို စစ်ကောင်စီတပ် ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။