စစ်ကိုင်းတိုင်း ဘုတလင်မြို့ရှိ အထကကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင် စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ People Defence organization of Budalin မှ သတင်း ထုတ်ပြန်ထားပါတယ်။

မေလ ၁၈ ရက် နံနက်အ‌စောပိုင်းက ဘုတလင်မြို့ရှိ အထကကျောင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စိတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီကြာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိနိုင်ပြီး နယ်မြေအခြေအနေအရ အတိအ ကျ မသိရသေးဘူးလို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ဘုတလင်မြို့နယ် မြို့နယ်-ပကဖ အဖွဲ့ ၊ ဘုတလင်မြို့နယ် ရပ်/ကျေး ကာကွယ်ရေးနှင့် တိုက်နယ် အဖွဲ့များ၊ မုံရွာနယ် ရပ်ကျေး-ပကဖ အဖွဲ့ များ၊ ရေဦးနယ် တိုက်နယ်-ပကဖ၊ တိုက်နယ် ကိုကင်းအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမြို့နယ် ညောင်ဖြူပင်ရွာကို မီးရှို့ဖျက်ဆီးလုပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ ‌တောပုပျူစခန်းမှ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သံမဏိတပ်ခွဲ ၃ Force - MPDF ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းနဲ့ ရိက္ခာပို့ယာဉ်တန်းကို ရော့ကတ် ၁၉ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ကနေ စက်မှု ၂ ဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခြေလျင်စစ်ကြောင်းနဲ့ ရိက္ခာပို့ယာဉ်တန်းကို ရော့ကတ် ၁၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်ထံက သိရပါတယ်။
Read More

PDF Kalay – Mine Team က ထုတ်လုပ်ထားတဲ့ ကျည်ကာပြားကို စစ်ကောင်စီတပ်ထုတ် MA-1 သေနတ်နဲ့ စမ်းသပ်ပစ်ခတ်ပြသ (ရုပ်/သံ)

PDF Kalay - Mine Team က ထုတ်လုပ်ထားတဲ့ Lv3 အဆင့်ကျည်ကာပြားတွေကို စစ်ကောင်စီတပ်ထုတ် MA-1 သေနတ်နဲ့ စမ်းသပ်ပစ်ခတ်ပြသခဲ့ပါတယ်။
Read More

နေပြည်တော်ပြည်သူ့ကာကွယ်ရေး တပ်မတော် (NPT-PDF) ၏ ပထမအကြိမ် တပ်မှူးငယ် သင်တန်းဆင်းပွဲ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဒေသ၊နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော် (NPT-PDF) ရဲ့ ပထမအကြိမ် တပ်မှူးငယ်သင်တန်း ဆင်းပွဲ အခမ်းအနားကို မတ်လ ၁၄ ရက်မှာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

မြောင်မြို့နယ်ကို စစ်ကြောင်းထိုးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁၇ ယောက်ခန့် သေကာ ၇ ယောက်ဖမ်းဆီးရမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ကို စစ်ကြောင်းထိုးပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ ၁၀ ကျော်သေပြီး ၇ ယောက် ဖမ်းမိခဲ့တယ်လို့ 𝗠𝘆𝗮𝘂𝗻𝗴 𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗣𝗲𝗼𝗽𝗹𝗲 𝗗𝗲𝗳𝗲𝗻𝗰𝗲 𝗙𝗼𝗿𝗰𝗲 အဖွဲ့ထံက သိရပါတယ်။
Read More

တပင်ကန်ကျေးရွာဘုန်းကြီးကျောင်းရှေ့ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်း ၁၀ စီးဖြင့် ဗုံးကြဲ၊ စစ်ကောင်စီတပ်သား ၅ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် တပင်ကန်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်း ၁၀ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။